[Zawgyi]

ကိုယ္တိုင္အရမ္းေပါျပရတဲ့ ဟာသကားေတြမရိုက္ခ်င္ေတာ့ဘူးလို႔ဆိုတဲ့ ေအာင္ရဲလင္း

ကြာလတီေကာင္းတဲ့ ဇာတ္ကားမ်ိဳးေတြပဲ ေနာက္ပိုင္းမွာလက္ခံရိုက္ကူးေနတဲ႔ မင္းသားေအာင္ရဲလင္းဟာ “ရွယ္ေခၽြးမ” ဟာသရုပ္ရွင္ကားႀကီးမွာ ပါ၀င္သရုပ္ေဆာင္ခဲ့တာကို ေတြ႔ရတာနဲ႔ပတ္သက္ၿပီး ေအာင္ရဲလင္းက “ကၽြန္ေတာ္ဟာသကားေတြမရိုက္ဘူး။ ေနာက္ပိုင္း ကၽြန္ေတာ္တို႔ကိုယ္တိုင္ အရမ္းေပါျပရတဲ့ ကားေတြမရိုက္ဘူး။ ဒီကားက ဇာတ္လမ္းေကာင္းၿပီး သဘာ၀ဆန္တဲ့ဟာသကားပါ။ “ရွယ္ေခၽြးမ”က ဟာသကားဆိုေပမယ့္ ကၽြန္ေတာ္က ဒီဇာတ္လမ္းမွာ ကုမၼဏီပိုင္ရွင္တစ္ေယာက္၊ လူကလည္း သူ႔ဟာနဲဲ႔သူ Smart က်က်ပုံစံမ်ိဳးဆိုေတာ့ ဟာသလုပ္ရတာလည္းမရိွပါဘူး”လို႔ ဆိုပါတယ္။

သူ႔ရဲ႕ဇာတ္ကားေရြးခ်ယ္ရိုက္ကူးျဖစ္ပုံနဲ႔ အႏုပညာရွင္မ်ိဳးဆက္သစ္ေတြ ထြက္ေပၚလာတဲ့အေပၚမွာ သူ႔ရဲ႕အျမင္ကလည္း “အသစ္ေတြရဲ႕ႀကိဳးစားမႈကို ကၽြန္ေတာ္အသိအမွတ္ျပဳပါတယ္။ ကၽြန္ေတာ္တို႔ကိုယ္တိုင္လည္း အေကာင္းဆုံးျဖစ္ေအာင္ အၿမဲတမ္းႀကိဳးစားေနရတယ္။ ျပင္ဆင္ေနရတာပါပဲ။ ဇာတ္ကားရိုက္တဲ့အခါမွာလည္း ဇာတ္ကားကြာလတီေပါ့ အရင္ကလည္း ကၽြန္ေတာ္ေျပာဘူးသလို ဇာတ္ကိုေသခ်ာေရြးၿပီးမွ ရိုက္သင့္တယ္လို႔ ကၽြန္ေတာ္ကေတာ့ ထင္ပါတယ္။ အဓိကကေတာ့ ကိုယ္လက္ရိွျဖစ္ေနတဲ့ပုံစံနဲ႔ လိုက္ဖက္တဲ့ ကာရိုက္တာမ်ိဳးကိုရိုက္တာ အေကာင္းဆုံးလို႔ထင္တယ္။ အရမ္းႀကီးကြဲထြက္တဲ့ ကားဆိုတာမ်ိဳးကလည္း တစ္ခါတစ္ေလ တစ္ကား၊ႏွစ္ကားေလာက္ပဲ ေကာင္းတယ္ေလ။ ရုပ္ရွင္ၾကည့္တဲ့ ပရိသတ္ကႏွစ္မ်ိဳးရိွတယ္။ Entertainment ကိုၾကည့္တဲ့ ပရိသတ္နဲ႔ ကြာလတီေကာင္းတာ၊ မေကာင္းတာကိုၾကည့္တဲ့ ပရိသတ္ႏွစ္မ်ိုးႏွစ္စားရိွေတာ့ ကၽြန္ေတာ္တို႔လုပ္ရမွာက ကိုယ္ကိုတိုင္ကြာလတီေကာင္းေအာင္ရိုက္ Entertainment ေကာင္းေအာင္ရိုက္မယ္ဆိုရင္ အခ်ိန္က စကားေျပာသြားမွာပါ။ ဒါေၾကာင့္ ကၽြန္ေတာ္ေနာက္ပိုင္း အမ်ားႀကီးစီစစ္ၿပီးေတာ့ ရိုက္ျဖစ္သြားတာပါ” လို႔ ဆိုၿပီးေျပာျပခဲ့ပါတယ္။ ေအာင္ရဲလင္းဟာ လတ္တေလာမွာေတာ့ ဗီဒီယိုဇာတ္ကားနဲ႔ရုပ္ရွင္ကားႀကီး ရိုက္ကူးဖို႔အတြက္ ျပင္ဆင္မႈေတြလုပ္ေနတယ္လို႔ သိရပါတယ္။

Photo Credit:Aung Ye Lin Facebook

www.akhayar.com

[Unicode]

ကိုယ်တိုင်အရမ်းပေါပြရတဲ့ ဟာသကားတွေမရိုက်ချင်တော့ဘူးလို့ဆိုတဲ့ အောင်ရဲလင်း

ကွာလတီကောင်းတဲ့ ဇာတ်ကားမျိုးတွေပဲ နောက်ပိုင်းမှာလက်ခံရိုက်ကူးနေတဲ့ မင်းသားအောင်ရဲလင်းဟာ “ရှယ်ချွေးမ” ဟာသရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရတာနဲ့ပတ်သက်ပြီး အောင်ရဲလင်းက “ကျွန်တော်ဟာသကားတွေမရိုက်ဘူး။ နောက်ပိုင်း ကျွန်တော်တို့ကိုယ်တိုင် အရမ်းပေါပြရတဲ့ ကားတွေမရိုက်ဘူး။ ဒီကားက ဇာတ်လမ်းကောင်းပြီး သဘာဝဆန်တဲ့ဟာသကားပါ။ “ရှယ်ချွေးမ”က ဟာသကားဆိုပေမယ့် ကျွန်တော်က ဒီဇာတ်လမ်းမှာ ကုမ္မဏီပိုင်ရှင်တစ်ယောက်၊ လူကလည်း သူ့ဟာနဲ့သူ Smart ကျကျပုံစံမျိုးဆိုတော့ ဟာသလုပ်ရတာလည်းမရှိပါဘူး”လို့ ဆိုပါတယ်။

သူ့ရဲ့ဇာတ်ကားရွေးချယ်ရိုက်ကူးဖြစ်ပုံနဲ့ အနုပညာရှင်မျိုးဆက်သစ်တွေ ထွက်ပေါ်လာတဲ့အပေါ်မှာ သူ့ရဲ့အမြင်ကလည်း “အသစ်တွေရဲ့ကြိုးစားမှုကို ကျွန်တော်အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အကောင်းဆုံးဖြစ်အောင် အမြဲတမ်းကြိုးစားနေရတယ်။ ပြင်ဆင်နေရတာပါပဲ။ ဇာတ်ကားရိုက်တဲ့အခါမှာလည်း ဇာတ်ကားကွာလတီပေါ့ အရင်ကလည်း ကျွန်တော်ပြောဘူးသလို ဇာတ်ကိုသေချာရွေးပြီးမှ ရိုက်သင့်တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ အဓိကကတော့ ကိုယ်လက်ရှိဖြစ်နေတဲ့ပုံစံနဲ့ လိုက်ဖက်တဲ့ ကာရိုက်တာမျိုးကိုရိုက်တာ အကောင်းဆုံးလို့ထင်တယ်။ အရမ်းကြီးကွဲထွက်တဲ့ ကားဆိုတာမျိုးကလည်း တစ်ခါတစ်လေ တစ်ကား၊နှစ်ကားလောက်ပဲ ကောင်းတယ်လေ။ ရုပ်ရှင်ကြည့်တဲ့ ပရိသတ်ကနှစ်မျိုးရှိတယ်။ Entertainment ကိုကြည့်တဲ့ ပရိသတ်နဲ့ ကွာလတီကောင်းတာ၊ မကောင်းတာကိုကြည့်တဲ့ ပရိသတ်နှစ်မျိုးနှစ်စားရှိတော့ ကျွန်တော်တို့လုပ်ရမှာက ကိုယ်ကိုတိုင်ကွာလတီကောင်းအောင်ရိုက် Entertainment ကောင်းအောင်ရိုက်မယ်ဆိုရင် အချိန်က စကားပြောသွားမှာပါ။ ဒါကြောင့် ကျွန်တော်နောက်ပိုင်း အများကြီးစီစစ်ပြီးတော့ ရိုက်ဖြစ်သွားတာပါ” လို့ ဆိုပြီးပြောပြခဲ့ပါတယ်။ အောင်ရဲလင်းဟာ လတ်တလောမှာတော့ ဗီဒီယိုဇာတ်ကားနဲ့ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဆင်မှုတွေလုပ်နေတယ်လို့ သိရပါတယ်။

Photo Credit:Aung Ye Lin Facebook

www.akhayar.com