[Zawgyi]

“ဥပါယ္တံမ်ဥ္” မွာ ဗီလိန္သိန္းစိုးအျဖစ္ အေကာင္းဆံုးသရုပ္ေဆာင္ခဲ့တဲ့ ေအာင္ျမင့္ျမတ္

လတ္တေလာ ပရိသတ္ေတြၾကားမွာအရမ္းကိုေရပန္းစားေနတဲ့ “ဥပါယ္တံမ်ဥ္” ရုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သရုပ္ေဆာင္ခြင့္ရရွိခဲ့တဲ့ေအာင္ျမင့္ျမတ္က ဒီဇာတ္ကားႀကီးကို အရမ္းေမွ်ာ္လင့္ခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒီဇာတ္ကားထဲမွာ ဗီလိန္သိန္းစိုးေနရာကေနသရုပ္ေဆာင္ခဲ့ရေပမယ့္ ဇာတ္ကားပရိုမိုးရွင္းေတြနဲ႔ နယ္ေတြကိုေရာက္တိုင္း ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကို ရရွိခဲ့တယ္လို႔လည္းသိရပါတယ္။ ပထမဦးဆံုးရုပ္ရွင္ဇာတ္ကားႀကီးမွာ ဗီလိန္ဇာတ္ေကာင္ေနရာကေန ပါဝင္သရုပ္ေဆာင္ျဖစ္ခဲ့တဲ့အေၾကာင္းကိုလည္း “ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ္လုပ္တဲ့ဇာတ္ေကာင္အေပၚမွာ အေကာင္းဆံုးလုပ္ထားတယ္။ ဗီလိန္ဆိုေပမဲ့လည္း အျပင္မွာလည္း အကုန္လံုးဒီလိုမ်ိဳး ဇာတ္လိုက္ေတြခ်ည္းပဲေလ။ တစ္ေယာက္ခ်င္းစီမွာလည္း ဒီလိုျဖစ္ရတဲ့အေၾကာင္းအရာ အေၾကာင္းရင္းေလးေတြရွိၾကတာပဲ။ လူဆိုးဆိုတာလည္း အေၾကာင္းေၾကာင္းေၾကာင့္ လူဆိုးျဖစ္သြားတာ။ အဲဒီအေၾကာင္းအရာေလးကို သေဘာက်တယ္။ ဇာတ္ကားထဲမွာဗီလိန္အျဖစ္သရုပ္ေဆာင္ခဲ့ေပမယ္႔ ကၽြန္ေတာ္တို႔သြားတဲ့နယ္ေတြတိုင္းမွာ ကၽြန္ေတာ့္ကိုမမုန္းပဲ ခ်စ္ခင္အားေပးၾကတာျမင္ေတာ့ အရမ္းကိုဝမ္းသာပါတယ္။ အခုလိုပရိသတ္ေတြအရမ္းကိုအားေပးၾကလို႔လည္း အတိုင္းမသိကိုဝမ္းသာတယ္။ ဒီဇာတ္ကားမွာ လိုအပ္ခ်က္ေလးေတြရွိေပမယ့္ တကယ္ကိုအားရခဲ့ပါတယ္” လို႔ သိန္းစိုးအျဖစ္ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ ေအာင္ျမင့္ျမတ္ကေျပာပါ တယ္။

မ်က္ႏွာသစ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေပမယ့္ ဇာတ္ေကာင္ကိုပီျပင္စြာသရုပ္ေဆာင္ခဲ့တဲ့ ေအာင္ျမင့္ျမတ္က ဒါ႐ိုက္တာသည္ေခတ္ေန ႐ိုက္ကူးထားတဲ့ “ေသမင္းတည္ခင္းတဲ့ ညလယ္စာ” ဇာတ္ကားမွာလည္း ပါဝင္သရုပ္ေဆာင္ခဲ့ဖူးေၾကာင္း ဇာတ္လမ္းတိုေလးေတြလည္းရိုက္ကူးထားကာ ထြက္လာရင္ ပရိသတ္ေတြအားေပးၾကဖို႔လည္းထပ္မံေျပာထားပါေသးတယ္။ “ဥပါယ္တံမ်ဥ္” ရုပ္ရွင္ဇာတ္ကားႀကီးက ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္၊ ေမာ္လၿမိဳင္၊ ေတာင္ႀကီး၊ ျမစ္ႀကီးနား၊ မိတၳီလာၿမိဳ႕ေတြမွာလည္း ပရိသတ္ေတြအားေပးမႈေၾကာင့္ တတိယအပတ္အျဖစ္ ဆက္လက္ျပသေနတာကိုလည္း ေတြ႔ရပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

“ဥပါယ်တံမျဉ်” မှာ ဗီလိန်သိန်းစိုးအဖြစ် အကောင်းဆုံးသရုပ်ဆောင်ခဲ့တဲ့ အောင်မြင့်မြတ်

လတ်တလော ပရိသတ်တွေကြားမှာအရမ်းကိုရေပန်းစားနေတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့တဲ့အောင်မြင့်မြတ်က ဒီဇာတ်ကားကြီးကို အရမ်းမျှော်လင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကားထဲမှာ ဗီလိန်သိန်းစိုးနေရာကနေသရုပ်ဆောင်ခဲ့ရပေမယ့် ဇာတ်ကားပရိုမိုးရှင်းတွေနဲ့ နယ်တွေကိုရောက်တိုင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိခဲ့တယ်လို့လည်းသိရပါတယ်။ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာ ဗီလိန်ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း “ကျွန်တော်ကတော့ ကျွန်တော်လုပ်တဲ့ဇာတ်ကောင်အပေါ်မှာ အကောင်းဆုံးလုပ်ထားတယ်။ ဗီလိန်ဆိုပေမဲ့လည်း အပြင်မှာလည်း အကုန်လုံးဒီလိုမျိုး ဇာတ်လိုက်တွေချည်းပဲလေ။ တစ်ယောက်ချင်းစီမှာလည်း ဒီလိုဖြစ်ရတဲ့အကြောင်းအရာ အကြောင်းရင်းလေးတွေရှိကြတာပဲ။ လူဆိုးဆိုတာလည်း အကြောင်းကြောင်းကြောင့် လူဆိုးဖြစ်သွားတာ။ အဲဒီအကြောင်းအရာလေးကို သဘောကျတယ်။ ဇာတ်ကားထဲမှာဗီလိန်အဖြစ်သရုပ်ဆောင်ခဲ့ပေမယ့် ကျွန်တော်တို့သွားတဲ့နယ်တွေတိုင်းမှာ ကျွန်တော့်ကိုမမုန်းပဲ ချစ်ခင်အားပေးကြတာမြင်တော့ အရမ်းကိုဝမ်းသာပါတယ်။ အခုလိုပရိသတ်တွေအရမ်းကိုအားပေးကြလို့လည်း အတိုင်းမသိကိုဝမ်းသာတယ်။ ဒီဇာတ်ကားမှာ လိုအပ်ချက်လေးတွေရှိပေမယ့် တကယ်ကိုအားရခဲ့ပါတယ်” လို့ သိန်းစိုးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အောင်မြင့်မြတ်ကပြောပါ တယ်။

မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ဇာတ်ကောင်ကိုပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ အောင်မြင့်မြတ်က ဒါရိုက်တာသည်ခေတ်နေ ရိုက်ကူးထားတဲ့ “သေမင်းတည်ခင်းတဲ့ ညလယ်စာ” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးကြောင်း ဇာတ်လမ်းတိုလေးတွေလည်းရိုက်ကူးထားကာ ထွက်လာရင် ပရိသတ်တွေအားပေးကြဖို့လည်းထပ်မံပြောထားပါသေးတယ်။ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ တောင်ကြီး၊ မြစ်ကြီးနား၊ မိတ္ထီလာမြို့တွေမှာလည်း ပရိသတ်တွေအားပေးမှုကြောင့် တတိယအပတ်အဖြစ် ဆက်လက်ပြသနေတာကိုလည်း တွေ့ရပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။