[Zawgyi]

ႏႈတ္ခမ္းနီဆိုးတဲ့ ဇာတ္ဝင္ခန္းအတြက္ရိုက္ကူးေနစဥ္မွာ ရွက္ခဲ့တယ္ဆိုတဲ့ေအာင္ေလး

ရာဇဝင္ရိုင္းခဲ့သည္ ဆိုတဲ့ရုပ္ရွင္ဇာတ္ကား မွာပါဝင္တဲ့ မင္းသားေအာင္ေလး ရဲ ႔အနုပညာအေပၚခံယူထားတာေတြနဲ႔ ဒီဇာတ္ကားနဲ႔ပတ္သက္ၿပီး ပရိသတ္ကစိတ္ဝင္စားၾကတဲ့ အေပၚဘယ္လိုခံစားရသလဲ ဆိုတာေတြကိုေမးျမန္းျဖစ္ခဲ့ပါတယ္။

ပရိသတ္ေတြစိတ္ဝင္စားမႈရရွိေနေတာ့ ဘယ္လုိခံစားရပါသလဲ ?

“ဒီဇာတ္ကားမွာေတာ့ ပရိသတ္က ကြ်န္ေတာ့ရဲ ႔ဇာတ္ေကာင္ကာရိုက္တာကို စိတ္ဝင္စားၾကတယ္ေပါ့ေလ။တျခားလုပ္ေနၾက ကာရိုက္တာမ်ိဳးမဟုတ္ဘဲ ပံုစံေျပာင္းေနတဲ့ ကာရိုက္တာျဖစ္တဲ့ အတြက္စိတ္ဝင္စားၾကတာလည္းပါမွာပါ။ ပရိသတ္ကစိတ္ဝင္စားတဲ့အတြက္ ေပ်ာ္တာေပါ့ေနာ္။ အြန္လိုင္းမွာ တင္ထားတဲ့ဗီဒီယို ကိုေတြ႔ရေတာ့ မၾကည့္ရေသးတဲ့သူေတြက အဲ့ဇာတ္ဝင္ခန္းကို ၾကည့္ၿပီး ေပါ့သြားမွာလည္းဆိုးတယ္ အဲ့ဒါေၾကာင့္ႀကိဳက္တယ္ဆိုရင္လည္း တစ္ေယာက္နဲ႔တစ္ေယာက္လက္တို႔ၿပီး သြားၾကည့္ၾကပါဦးလို႔ေတာ့ေျပာပါရေစ”။

ဒီကာရိုက္တာအတြက္ ဘယ္လိုႀကိဳးစားခဲ့ရပါသလဲ?

“အေျခာက္ကားေတြမိန္းမလ်ာကားေတြရိုက္ခဲ့ဖူးပါတယ္။ ဒီကားေလာက္မခက္ဘူး။ဒီကာရိုက္တာက်ေတာ့ အလယ္မွာရွိေနတဲ့ ကာရိုက္တာ ဟိုဘက္ႀကီးကိုလည္း အရမ္းမေရာက္ဘူး ကိုယ့္ကိုယ္ကိုယ္ေတာင္ဘာမွန္းမသိဘဲနဲ႔ မိန္းမကိုစိတ္မဝင္စားဘဲ ေယာက္က်ားကိုစိတ္ဝင္စားတဲ့သူတစ္ေယာက္အေနနဲ႔ သရုပ္ေဆာင္ရတဲ့အတြက္ပိုၿပီးေတာ့ ခက္တယ္အိုက္တင္ေတြကအစ စကားလံုးေတြကအစ အကုန္လံုးကို ႀကိဳးစားၿပီးေတာ့လုပ္ထားပါတယ္။ ပိုၿပီးေတာ့စိတ္ႏွစ္ၿပီးလည္းလုပ္ထားသလို ဇာတ္ကားရိုက္ေနရင္း နဲ႔ထထၿပီးရီေနရတာေတြလည္း ၾကံဳရပါတယ္။ ရိုက္ကူးေရးလုပ္ေနရင္းနဲ႔ရီရတာကေတာ့ မွတ္မွတ္ရရနွစ္ခန္းရွိပါတယ္။ အဝတ္စားလဲခန္းမွာ သူဝင္လာတဲ့ အခန္း ကြ်န္ေတာ့ကိုနမ္းေတာ့မယ္လို႔လုပ္လိုက္တဲ့ ဇာတ္ဝင္ခန္းဆိုရင္ ဟာႏႈတ္ခမ္းေမႊးႀကီးေတြနဲ႔သိတယ္မွတ္လား ေသၿပီေပါ့ အိုက္တင္ဘယ္လိုလုပ္ရမလဲ ဆိုၿပီး ခဏခဏ ကိုထရီျဖစ္ေနေတာ့တာပါပဲ။ အဲ့လိုအခ်ိန္မွာ Mood သြင္းၿပီးခဏခဏ ကိုျပန္ရို္က္ခဲ့ရတယ္။ ႏႈတ္ခမ္းနီဆိုးတဲ့ အခန္းေတြဆိုရင္ ပထမေတာ့ရိုက္ေနရင္းနဲ႔ ရွက္တဲ့စိတ္ေတာ့ရွိတာေပါ့။ မဟုတ္ဘူးဒါဆိိုရင္ ဒီကာရိုက္တာကိုမစီးေမ်ာေသးဘူးဆိုၿပီး Mood သြင္းၿပီးျပန္ရိုက္ပါတယ္”။

ဒီဇာတ္ကားအတြက္ အနုပညာရွင္တစ္ေယာက္အေနနဲ႔ေျပာခ်င္တဲ့စကားကဘာမ်ားျဖစ္မလဲ ?

“အနုပညာရွင္တစ္ေယာက္ျဖစ္တဲ့ အတြက္ဘယ္လိုကာရိုက္တာမဆိုအေကာင္းဆံုးလုပ္မွာပဲ။ အေျခာက္ကာရိုက္တာဆိုလည္း အေျခာက္လိုအေကာင္းဆံုးလုပ္မွာပဲ။ ကိုယ့္ကိုေပးလာတဲ့ ကာရိုက္တာေပၚမွာလူဆိုးဆိုလူဆိုး ၊ ဥပမာကိုယ္က ခံစားၿပီးေတာ့ ဒီ Mood ကုိရေအာင္ယူဖို႔ပဲလိုတာေပါ့ေနာ္။ ကြ်န္ေတာ့စိတ္ထဲမွာ ကြ်န္ေတာ့္အလုပ္ကိုပဲအေကာင္းဆံုးျဖစ္ေအာင္လုပ္ေနတာ ဆိုတဲ့စိတ္ကိုထည့္ထားပါတယ္ လို႔ေျပာျပခဲ့ပါတယ္”။

“ကိုေဇရဲထက္နဲ႔ကေတာ့ ဒီဇာတ္ကားမွတင္မဟုတ္ပါဘူး။ တျခားဇာတ္ကားေတြမွာလည္း ဆံုဖူးပါတယ္။ ဒီကားရိုက္ေနတုန္းမွာတခ်ိဳ႕အိုက္တင္ေတြဆိုရင္ သူကိုယ္တိုင္ကြ်န္ေတာ့ကိုသင္ေပးတာေတြရွိပါတယ္။ ဒီဟာေလးဆိုရင္ဘယ္လိုေလး ေနလိုက္ပါလား ဒီလိုေလးလုပ္လိုက္ပါလားဆိုၿပီး သင္ျပေပးတာေတြရွိပါတယ္လို”႔ မင္းသားေဇရဲထက္နဲ႔ ဆက္ဆံေရးကိုလည္း ေျပာျပခဲ့ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Aung Lay Facebook ၊ ရာဇဝင္ရိုင္းခဲ့သည္ ရုပ္ရွင္ Facebook Page

www.akhayar.com
[Unicode]

နှုတ်ခမ်းနီဆိုးတဲ့ ဇာတ်ဝင်ခန်းအတွက်ရိုက်ကူးနေစဉ်မှာ ရှက်ခဲ့တယ်ဆိုတဲ့အောင်လေး

ရာဇဝင်ရိုင်းခဲ့သည် ဆိုတဲ့ရုပ်ရှင်ဇာတ်ကား မှာပါဝင်တဲ့ မင်းသားအောင်လေး ရဲ့အနုပညာအပေါ်ခံယူထားတာတွေနဲ့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်ကစိတ်ဝင်စားကြတဲ့ အပေါ်ဘယ်လိုခံစားရသလဲ ဆိုတာတွေကိုမေးမြန်းဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေစိတ်ဝင်စားမှုရရှိနေတော့ ဘယ်လိုခံစားရပါသလဲ ?

“ဒီဇာတ်ကားမှာတော့ ပရိသတ်က ကျွန်တော့ရဲ့ဇာတ်ကောင်ကာရိုက်တာကို စိတ်ဝင်စားကြတယ်ပေါ့လေ။တခြားလုပ်နေကြ ကာရိုက်တာမျိုးမဟုတ်ဘဲ ပုံစံပြောင်းနေတဲ့ ကာရိုက်တာဖြစ်တဲ့ အတွက်စိတ်ဝင်စားကြတာလည်းပါမှာပါ။ ပရိသတ်ကစိတ်ဝင်စားတဲ့အတွက် ပျော်တာပေါ့နော်။ အွန်လိုင်းမှာ တင်ထားတဲ့ဗီဒီယို ကိုတွေ့ရတော့ မကြည့်ရသေးတဲ့သူတွေက အဲ့ဇာတ်ဝင်ခန်းကို ကြည့်ပြီး ပေါ့သွားမှာလည်းဆိုးတယ် အဲ့ဒါကြောင့်ကြိုက်တယ်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက်လက်တို့ပြီး သွားကြည့်ကြပါဦးလို့တော့ပြောပါရစေ”။

ဒီကာရိုက်တာအတွက် ဘယ်လိုကြိုးစားခဲ့ရပါသလဲ?

“အခြောက်ကားတွေမိန်းမလျာကားတွေရိုက်ခဲ့ဖူးပါတယ်။ ဒီကားလောက်မခက်ဘူး။ဒီကာရိုက်တာကျတော့ အလယ်မှာရှိနေတဲ့ ကာရိုက်တာ ဟိုဘက်ကြီးကိုလည်း အရမ်းမရောက်ဘူး ကိုယ့်ကိုယ်ကိုယ်တောင်ဘာမှန်းမသိဘဲနဲ့ မိန်းမကိုစိတ်မဝင်စားဘဲ ယောက်ကျားကိုစိတ်ဝင်စားတဲ့သူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတဲ့အတွက်ပိုပြီးတော့ ခက်တယ်အိုက်တင်တွေကအစ စကားလုံးတွေကအစ အကုန်လုံးကို ကြိုးစားပြီးတော့လုပ်ထားပါတယ်။ ပိုပြီးတော့စိတ်နှစ်ပြီးလည်းလုပ်ထားသလို ဇာတ်ကားရိုက်နေရင်း နဲ့ထထပြီးရီနေရတာတွေလည်း ကြုံရပါတယ်။ ရိုက်ကူးရေးလုပ်နေရင်းနဲ့ရီရတာကတော့ မှတ်မှတ်ရရနှစ်ခန်းရှိပါတယ်။ အဝတ်စားလဲခန်းမှာ သူဝင်လာတဲ့ အခန်း ကျွန်တော့ကိုနမ်းတော့မယ်လို့လုပ်လိုက်တဲ့ ဇာတ်ဝင်ခန်းဆိုရင် ဟာနှုတ်ခမ်းမွှေးကြီးတွေနဲ့သိတယ်မှတ်လား သေပြီပေါ့ အိုက်တင်ဘယ်လိုလုပ်ရမလဲ ဆိုပြီး ခဏခဏ ကိုထရီဖြစ်နေတော့တာပါပဲ။ အဲ့လိုအချိန်မှာ Mood သွင်းပြီးခဏခဏ ကိုပြန်ရိုက်ခဲ့ရတယ်။ နှုတ်ခမ်းနီဆိုးတဲ့ အခန်းတွေဆိုရင် ပထမတော့ရိုက်နေရင်းနဲ့ ရှက်တဲ့စိတ်တော့ရှိတာပေါ့။ မဟုတ်ဘူးဒါဆိုရင် ဒီကာရိုက်တာကိုမစီးမျောသေးဘူးဆိုပြီး Mood သွင်းပြီးပြန်ရိုက်ပါတယ်”။

ဒီဇာတ်ကားအတွက် အနုပညာရှင်တစ်ယောက်အနေနဲ့ပြောချင်တဲ့စကားကဘာများဖြစ်မလဲ ?

“အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အတွက်ဘယ်လိုကာရိုက်တာမဆိုအကောင်းဆုံးလုပ်မှာပဲ။ အခြောက်ကာရိုက်တာဆိုလည်း အခြောက်လိုအကောင်းဆုံးလုပ်မှာပဲ။ ကိုယ့်ကိုပေးလာတဲ့ ကာရိုက်တာပေါ်မှာလူဆိုးဆိုလူဆိုး ၊ ဥပမာကိုယ်က ခံစားပြီးတော့ ဒီ Mood ကိုရအောင်ယူဖို့ပဲလိုတာပေါ့နော်။ ကျွန်တော့စိတ်ထဲမှာ ကျွန်တော့်အလုပ်ကိုပဲအကောင်းဆုံးဖြစ်အောင်လုပ်နေတာ ဆိုတဲ့စိတ်ကိုထည့်ထားပါတယ် လို့ပြောပြခဲ့ပါတယ်”။

“ကိုဇေရဲထက်နဲ့ကတော့ ဒီဇာတ်ကားမှတင်မဟုတ်ပါဘူး။ တခြားဇာတ်ကားတွေမှာလည်း ဆုံဖူးပါတယ်။ ဒီကားရိုက်နေတုန်းမှာတချို့အိုက်တင်တွေဆိုရင် သူကိုယ်တိုင်ကျွန်တော့ကိုသင်ပေးတာတွေရှိပါတယ်။ ဒီဟာလေးဆိုရင်ဘယ်လိုလေး နေလိုက်ပါလား ဒီလိုလေးလုပ်လိုက်ပါလားဆိုပြီး သင်ပြပေးတာတွေရှိပါတယ်လို”့ မင်းသားဇေရဲထက်နဲ့ ဆက်ဆံရေးကိုလည်း ပြောပြခဲ့ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Aung Lay Facebook ၊ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင် Facebook Page

www.akhayar.com