[Zawgyi]

2018 Global Martial Art ဆုေပးပဲြမွာ ဆု(၂)ခု ဆြတ္ခူးခဲ့တဲ့ Aung La Nsang

ျမန္မာႏုိင္ငံရဲ႕ ဂုဏ္ေဆာင္ MMA တိုက္ခုိက္ေရးသမား ေအာင္လအန္ဆန္ Aung La Nsang ဟာ စင္ကာပူႏုိင္ငံမွာ က်င္းပခဲ့တဲ့ 2018 Global Martial Art ဆုေပးပဲြမွာ ဆု(၂)ခု ဆြတ္ခူးႏုိင္ခဲ့ပါတယ္။ သူရရွိခဲ့တဲ့ ဆုေတြကေတာ့ (၁)ႏွစ္တာအတြင္း အေကာင္းဆုံးအမ်ိဳးသား အားကစားသမားဆုနဲ႔ ၂၀၁၈ ခုႏွစ္ရဲ႕ အေကာင္းဆုံး လက္ေ၀ွ႔ပဲြဆုေတြပဲျဖစ္ပါတယ္။

Aung-La-Nsang

Aung-La-Nsang

အေကာင္းဆုံး လက္ေ၀ွ႕ပဲြဆုကေတာ့ ၿပီးခဲ့တဲ့ဇြန္လတုန္းက မစ္ဒယ္၀ိတ္တန္း ခ်န္ပီယံဘြဲ႕ ကာကြယ္ပဲြအျဖစ္ ေအာင္လအန္ဆန္နဲ႔ Ken Hasegawa တို႔ ထုိးသတ္ခဲ့တဲ့ ပဲြကုိ ေရြးခ်ယ္ခ်ီးျမႇင့္ခဲ့တာျဖစ္ပါတယ္။

Aung-La-N-Sang-and-Ken-Hasegawa

Aung-La-N-Sang-and-Ken-Hasegawa

ဆု(၂)ခု ရခဲ့တာနဲ႔ပတ္သက္ၿပီး ေအာင္လအန္ဆန္က” ျပီးခဲ့တဲ့ရက္က Singapore မွာက်င္းပခဲ့တဲ့ 2018 Global Martial Art ဆုေပးပြဲမွာ ကြ်န္ေတာ္ဆုႏွစ္ဆုရခဲ့ပါတယ္။ တစ္ႏွစ္တာ အေကာင္းဆံုး အမ်ိဴးသားအားကစားသမားဆုနဲ႔ အေကာင္း ဆံုးၿပိဳင္ပြဲဆုကို ရရွိခဲ့တာပါ။ အေကာင္းဆံုးၿပိဳင္ပြဲဆုကေတာ့ ကြ်န္ေတာ္နဲ႔ကင္မ္ဟစဲဂါ၀ါတို႔ထိုးခဲ့တဲ့ပြဲကိုရည္ရြယ္ၿပီး ေပးတာၿဖစ္ပါတယ္။ ကြ်န္ေတာ့္ကို Global MMA မွာ အသိအမွတ္ၿပဳၿပီး ဒီလိုမ်ိဴးဆုေပးတဲ့အတြက္ အရမ္း၀မ္းသာတယ္။ကြ်န္ေတာ္ MMA ကစားတာ ဒီလိုမ်ိဴးဆုလိုခ်င္လို႔ေတာ့ မဟုတ္ပါဘူး ဒါေပမယ့္ဒီလိုမ်ိဴး ကမာၻကအသိအမွတ္ၿပဳတဲ့အတြက္ေတာ့ အရမ္းဂုဏ္ယူပါတယ္” လုိ႔ ဆုိခဲ့ပါတယ္။ အသက္(၃၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေအာင္လအန္ဆန္ဟာ MMA ကစားသမားဘ၀မွာ (၂၄)ပဲြႏုိင္၊ (၁၀)ပဲြ႐ႈံးနိမ့္ခဲ့ၿပီး မစ္ဒယ္၀ိတ္ခ်န္ပီယံရွစ္နဲ႔ လုိက္ဟဲဗီး၀ိတ္ခ်န္ပီယံ ခါးပတ္ဆု ပုိင္ဆုိင္ထားသူလည္းျဖစ္ပါတယ္။

REF:Aung La Nsang Facebook
Photo: Aung La Nsang Facebook
Naing Linn(Akhayar)
www.akhayar.com

[Unicode]

2018 Global Martial Art ဆုပေးပွဲမှာ ဆု(၂)ခု ဆွတ်ခူးခဲ့တဲ့ Aung La Nsang

မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင် MMA တိုက်ခိုက်ရေးသမား အောင်လအန်ဆန် Aung La Nsang ဟာ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ 2018 Global Martial Art ဆုပေးပွဲမှာ ဆု(၂)ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူရရှိခဲ့တဲ့ ဆုတွေကတော့ (၁)နှစ်တာအတွင်း အကောင်းဆုံးအမျိုးသား အားကစားသမားဆုနဲ့ ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး လက်ဝှေ့ပွဲဆုတွေပဲဖြစ်ပါတယ်။

Aung-La-Nsang

Aung-La-Nsang

အကောင်းဆုံး လက်ဝှေ့ပွဲဆုကတော့ ပြီးခဲ့တဲ့ဇွန်လတုန်းက မစ်ဒယ်ဝိတ်တန်း ချန်ပီယံဘွဲ့ ကာကွယ်ပွဲအဖြစ် အောင်လအန်ဆန်နဲ့ Ken Hasegawa တို့ ထိုးသတ်ခဲ့တဲ့ ပွဲကို ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

Aung-La-N-Sang-and-Ken-Hasegawa

Aung-La-N-Sang-and-Ken-Hasegawa

ဆု(၂)ခု ရခဲ့တာနဲ့ပတ်သက်ပြီး အောင်လအန်ဆန်က” ပြီးခဲ့တဲ့ရက်က Singapore မှာကျင်းပခဲ့တဲ့ 2018 Global Martial Art ဆုပေးပွဲမှာ ကျွန်တော်ဆုနှစ်ဆုရခဲ့ပါတယ်။ တစ်နှစ်တာ အကောင်းဆုံး အမျိူးသားအားကစားသမားဆုနဲ့ အကောင်း ဆုံးပြိုင်ပွဲဆုကို ရရှိခဲ့တာပါ။ အကောင်းဆုံးပြိုင်ပွဲဆုကတော့ ကျွန်တော်နဲ့ကင်မ်ဟစဲဂါဝါတို့ထိုးခဲ့တဲ့ပွဲကိုရည်ရွယ်ပြီး ပေးတာဖြစ်ပါတယ်။ ကျွန်တော့်ကို Global MMA မှာ အသိအမှတ်ပြုပြီး ဒီလိုမျိူးဆုပေးတဲ့အတွက် အရမ်းဝမ်းသာတယ်။ကျွန်တော် MMA ကစားတာ ဒီလိုမျိူးဆုလိုချင်လို့တော့ မဟုတ်ပါဘူး ဒါပေမယ့်ဒီလိုမျိူး ကမ္ဘာကအသိအမှတ်ပြုတဲ့အတွက်တော့ အရမ်းဂုဏ်ယူပါတယ်” လို့ ဆိုခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ MMA ကစားသမားဘဝမှာ (၂၄)ပွဲနိုင်၊ (၁၀)ပွဲရှုံးနိမ့်ခဲ့ပြီး မစ်ဒယ်ဝိတ်ချန်ပီယံရှစ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်ဆု ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

REF:Aung La Nsang Facebook
Photo: Aung La Nsang Facebook
Naing Linn(Akhayar)
www.akhayar.com