[Zawgyi]

ေအာက္တိုဘာလထဲမွာ ခ်န္ပီယံကာကြယ္ပဲြ ထုိးသတ္မယ့္ ေအာင္လအန္ဆန္ Aung La N Sang

နာမည္ႀကီး MMA တိုက္ခုိက္ေရးသမား ေအာင္လအန္ဆန္ Aung La N Sang ဟာ အခုႏွစ္ ေအာက္တိုဘာလထဲမွာ ခ်န္ပီယံကာကြယ္ပဲြ ထုိးသတ္သြားမယ္လုိ႔ အတည္ျပဳခဲ့ပါတယ္။ ONE Championship ၿပိဳင္ပဲြရဲ႕ မစ္ဒယ္၀ိတ္ ၊ Light Heavyweight ကမၻာ႔ခ်န္ပီယံ ေအာင္လအန္ဆန္ဟာ ဒီသတင္းကုိ သူ႔ရဲ႕ Instagram ၊ Facebook စာမ်က္ႏွာေတြမွာ အတည္ျပဳေဖာ္ျပခဲ့တာပါ။” ျမန္မာ့စပါးအုံး” လုိ႔ နာမည္ေျပာင္ သတ္မွတ္ခံထားရတဲ့ ေအာင္လအန္ဆန္ဟာ ၿပီးခဲ့တဲ့ဇြန္လတုန္းက ONE: SPIRIT OF A WARRIOR ၿပိဳင္ပဲြမွာ မစ္ဒယ္၀ိတ္ခ်န္ပီယံ ကာကြယ္ပဲြအျဖစ္ ဂ်ပန္ႏုိင္ငံသား Hasegawa နဲ႔ ထုိးသတ္ခဲ့ၿပီး (၅)ခ်ီအထိ ေရကုန္ေရခမ္း ထုိးသတ္ၿပီးမွ အႏုိင္ရခဲ့တယ္။

Ken-Hasegawa-against-Aung-La-N-Sang

Ken-Hasegawa-against-Aung-La-N-Sang

အဲဒီပဲြဟာ ONE Championship ၿပိဳင္ပဲြ သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးပဲြစဥ္ေတြထဲမွာ တစ္ပဲြအပါအ၀င္ အျဖစ္ သတ္မွတ္ခံခဲ့ရတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။ လာမယ့္ ခ်န္ပီယံကာကြယ္ပဲြကုိ ေအာက္တိုဘာ (၂၆)ရက္မွာ ယွဥ္ၿပိဳင္ပဲြထုိးသတ္မွာျဖစ္ၿပီး အရင္(၄)ပဲြလုိပဲ သု၀ဏၰမုိးလုံေလလုံ အားကစားကြင္းမွာ ဆက္လက္ က်င္းပသြားမွာျဖစ္သလုိ အဲဒီၿပိဳင္ပဲြကုိ ONE: PURSUIT OF GREATNESS ဆုိတဲ႔အမည္ သတ္မွတ္သြားဖုိ႔ရွိေနပါတယ္။ ေအာင္လအန္ဆန္က “ကြ်န္ေတာ့္ရဲ႕ေနာက္တစ္ပြဲအတြက္ လက္မွတ္ထိုးခဲ့ပါျပီ။ ကြ်န္ေတာ့္မွာရွိတဲ့ခ်န္ပီယံ ခါးပတ္ထဲကတစ္ခုက ေအာက္တိုဘာလမွာ ျပိဳင္ပြဲဆီကို ေရာက္လာေတာ့မွာပါ။ ဒီခ်န္ပီယံခါးပတ္ကို ကာကြယ္ဖို႔ အသင့္ရွိေနသလို အေကာင္းဆံုး တင္ဆက္ဖို႔အတြက္လည္း ကြ်န္ေတာ့္စြမ္းအားရွိသမွ်ျပင္ဆင္ထားပါတယ္။ ကြ်န္ေတာ့္ကိုခ်စ္ခင္ျပီးအားေပးတဲ့အတြက္လည္း အားလံုးကို ေက်းဇူးတင္ပါတယ္။မၾကာခင္မွာျပန္ဆံုရေအာင္။

Contract is signed! One of my belt is going to be on the line in October. I’m training very hard. I’m hungry, super grateful for the opportunity and I can’t wait to put on amazing show! Thank you all for your love and support “ဆုိၿပီး Facebook စာမ်က္ႏွာမွာ Post တင္ခဲ့ပါတယ္။

Aung-La-“The-Burmese-Python”-N-Sang-has-confirmed-he-will-return-to-the-cage-in-October

Aung-La-“The-Burmese-Python”-N-Sang-has-confirmed-he-will-return-to-the-cage-in-October

ေအာင္လအန္ဆန္ဟာ ဗစ္တာလီဘစ္ဒက္ရွ္ကုိ အႏိုင္ယူၿပီး မစ္ဒယ္၀ိတ္ခ်န္ပီယံ၊ မာခ်ာဒုိကုိ အႏုိင္ယူၿပီး Light Heavyweight ကမၻာ႔ခ်န္ပီယံျဖစ္ခဲ့သူပါ။ အသက္(၃၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေအာင္လအန္ဆန္ဟာ MMA ကစားသမားဘ၀တစ္ေလွ်က္ (၃၃)ပဲြထုိးသတ္ခဲ့ၿပီး (၂၃)ပဲြႏုိင္၊ (၁၀)ပဲြ႐ႈံး မွတ္တမ္း ပုိင္ဆုိင္ထားပါတယ္။

REF:Aung La Nsang(Burmese Python)Facebook,.onefc.com
Photo:Aung La Nsang(Burmese Python)Facebook,.onefc.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အောက်တိုဘာလထဲမှာ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မယ့် အောင်လအန်ဆန် Aung La N Sang

နာမည်ကြီး MMA တိုက်ခိုက်ရေးသမား အောင်လအန်ဆန် Aung La N Sang ဟာ အခုနှစ် အောက်တိုဘာလထဲမှာ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ONE Championship ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ် ၊ Light Heavyweight ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ဟာ ဒီသတင်းကို သူ့ရဲ့ Instagram ၊ Facebook စာမျက်နှာတွေမှာ အတည်ပြုဖော်ပြခဲ့တာပါ။” မြန်မာ့စပါးအုံး” လို့ နာမည်ပြောင် သတ်မှတ်ခံထားရတဲ့ အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက ONE: SPIRIT OF A WARRIOR ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်ချန်ပီယံ ကာကွယ်ပွဲအဖြစ် ဂျပန်နိုင်ငံသား Hasegawa နဲ့ ထိုးသတ်ခဲ့ပြီး (၅)ချီအထိ ရေကုန်ရေခမ်း ထိုးသတ်ပြီးမှ အနိုင်ရခဲ့တယ်။

Ken-Hasegawa-against-Aung-La-N-Sang

Ken-Hasegawa-against-Aung-La-N-Sang

အဲဒီပွဲဟာ ONE Championship ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံးပွဲစဉ်တွေထဲမှာ တစ်ပွဲအပါအဝင် အဖြစ် သတ်မှတ်ခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ လာမယ့် ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ (၂၆)ရက်မှာ ယှဉ်ပြိုင်ပွဲထိုးသတ်မှာဖြစ်ပြီး အရင်(၄)ပွဲလိုပဲ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ဆက်လက် ကျင်းပသွားမှာဖြစ်သလို အဲဒီပြိုင်ပွဲကို ONE: PURSUIT OF GREATNESS ဆိုတဲ့အမည် သတ်မှတ်သွားဖို့ရှိနေပါတယ်။ အောင်လအန်ဆန်က “ကျွန်တော့်ရဲ့နောက်တစ်ပွဲအတွက် လက်မှတ်ထိုးခဲ့ပါပြီ။ ကျွန်တော့်မှာရှိတဲ့ချန်ပီယံ ခါးပတ်ထဲကတစ်ခုက အောက်တိုဘာလမှာ ပြိုင်ပွဲဆီကို ရောက်လာတော့မှာပါ။ ဒီချန်ပီယံခါးပတ်ကို ကာကွယ်ဖို့ အသင့်ရှိနေသလို အကောင်းဆုံး တင်ဆက်ဖို့အတွက်လည်း ကျွန်တော့်စွမ်းအားရှိသမျှပြင်ဆင်ထားပါတယ်။ ကျွန်တော့်ကိုချစ်ခင်ပြီးအားပေးတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။မကြာခင်မှာပြန်ဆုံရအောင်။

Contract is signed! One of my belt is going to be on the line in October. I’m training very hard. I’m hungry, super grateful for the opportunity and I can’t wait to put on amazing show! Thank you all for your love and support “ဆိုပြီး Facebook စာမျက်နှာမှာ Post တင်ခဲ့ပါတယ်။

Aung-La-“The-Burmese-Python”-N-Sang-has-confirmed-he-will-return-to-the-cage-in-October

Aung-La-“The-Burmese-Python”-N-Sang-has-confirmed-he-will-return-to-the-cage-in-October

အောင်လအန်ဆန်ဟာ ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်ချန်ပီယံ၊ မာချာဒိုကို အနိုင်ယူပြီး Light Heavyweight ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူပါ။ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ MMA ကစားသမားဘဝတစ်လျှေက် (၃၃)ပွဲထိုးသတ်ခဲ့ပြီး (၂၃)ပွဲနိုင်၊ (၁၀)ပွဲရှုံး မှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။

REF:Aung La Nsang(Burmese Python)Facebook,.onefc.com
Photo:Aung La Nsang(Burmese Python)Facebook,.onefc.com
Naing Linn(Akhayar)
www.akhayar.com