[Zawgyi]

ေအာင္လအန္ဆန္ (Aung La N Sang) ရဲ႕ၿပိဳင္ဘက္ဟာ ကန္ဟာေဆးဂါဝါ (Ken Hasegawa) ျဖစ္သြားပါၿပီ

၂ဝ၁၈ခုႏွစ္ ေမလ (၁၂) ရက္ေန႔ (စေနေန႔) တုန္းက အင္ဒုိနီးရွားႏုိင္ငံ (Indonesia) မွာ က်င္းပခဲ့တဲ့ ‘ONE Championship: Grit and Glory’ ပြဲရဲ႕ မစ္ဒယ္ဝိတ္တန္းမွာ ဘရာဇီးႏုိင္ငံသား ဂ်ဴဂ်စ္ဆု ငါးထပ္ကြမ္း ကမၻာ့ခ်န္ပီယံ လီယမ္ဒရုိ အက္တီးစ္ (Leandro Ataides) ဟာ ကမၻာ့ခ်န္ပီယံေဟာင္း ဗစ္တာလီ ဘစ္ဒက္ရွ္ (Vitaly Bigdash) ကုိ အႏုိင္ရရွိခဲ့လုိ႔ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံဘြဲ႕အတြက္ ေအာင္လအန္ဆန္နဲ႔ ထုိးသတ္ေတာ့မယ္လုိ႔ ‘One Championship’ က တရားဝင္ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ ေအာင္လအန္ဆန္အတြက္ ၿပိဳင္ဘက္ေကာင္းေတြ႕ၿပီလုိ႔ အားကစားပရိသတ္ေတြ ေမ်ွာ္လင့္ေနတုန္းမွာပဲ ေအာင္လအန္ဆန္ဟာ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံကာကြယ္ပြဲအတြက္ ဂ်ပန္ႏုိင္ငံသား ကန္ဟာေဆးဂါဝါနဲ႔ ထုိးသတ္ရမယ္လုိ႔ ေမလ (၂၄) ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္လုိက္တဲ့အတြက္ အံ့အားသင့္စရာေကာင္းလွပါတယ္။

Aung La N Sang Vs Leandro Ataides

Aung La N Sang Vs Leandro Ataides

ဂ်ဴဂ်စ္ဆု ငါးထပ္ကြမ္း ကမၻာ့ခ်န္ပီယံ လီယမ္ဒရုိ အက္တီးစ္ဟာ ခ်န္ပီယံလုပြဲကုိ ဘာေၾကာင့္လြဲေခ်ာ္ခဲ့ရတယ္ဆုိတာ ‘One Championship’ အေနနဲ႔ ပြင့္လင္းျမင္သာမႈရွိရွိ မထုတ္ျပန္ခဲ့ေပမယ့္ ေအာင္လအန္ဆန္ရဲ႕လူမႈကြန္ရက္အရ ေလ့က်င့္ေနတုန္းမွာပဲ ဒဏ္ရာရရွိသြားလုိ႔ လြဲေခ်ာ္သြားတယ္လုိ႔ သုံးသပ္ရပါတယ္။ ဒါ့ေၾကာင့္ ကန္ဟာေဆးဂါဝါနဲ႔ ထုိးသတ္ဖုိ႔ ျဖစ္လာတယ္လုိ႔ ႀကိတ္မွိတ္ယူဆရပါတယ္။

Ken Hasegawa

Ken Hasegawa

ကန္ဟာေဆးဂါဝါကုိေတာ့ ျမန္မာပရိသတ္ေတြ ရင္းႏွီးမွာ မဟုတ္ပါဘူး။ သူဟာ ဂ်ပန္အေျခစုိက္ ‘Deep MMA’ မွာ ထုိးသတ္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး ‘One Championship’ အေနနဲ႔ အခုမွသာ စာခ်ဳပ္ခ်ဳပ္ခဲ့တာပါ။ သူဟာ ပြဲဦးထြက္မွာပဲ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံခါးပတ္လုပြဲကုိ ယွဥ္ၿပိဳင္ခြင့္ရတာျဖစ္ပါတယ္။ တကယ္လုိ႔ ကန္ဟာေဆးဂါဝါ အႏုိင္ရခဲ့မယ္ဆုိရင္ေတာ့ တစ္ပြဲတည္းထုိးသတ္ၿပီး ကမၻာ့ခ်န္ပီယံဘြဲ႕ရတယ္ဆုိတဲ့ ရာဇဝင္က်န္သြားမွာပါ။ (တစ္ပြဲတည္းထုိးရုံနဲ႔ ဘယ္ MMA အဖြဲ႕အစည္းမွာမွ ခ်န္ပီယံမျဖစ္ပါဘူး) အဲဒီလုိျဖစ္လာမယ္ဆုိရင္ေတာ့ ‘One Championship’ ရဲ႕ကမၻာ့ခ်န္ပီယံခါးပတ္ဟာလည္း တန္ဖုိးရွိေတာ့မွာ မဟုတ္ပါဘူး။ ဒီေနရာမွာ ခါးပတ္လုၾကမယ့္ကစားသမားေတြရဲ႕ အရည္အခ်င္းကုိ ေဝဖန္လုိတာ မဟုတ္ဘဲ ‘One Championship’ ရဲ႕စီမံခန္႔ခြဲမႈအပုိင္းကုိသာ ဦးတည္လုိတာျဖစ္ပါတယ္။

Ken Hasegawa (White) Vs Ryuichiro Sumimura

Ken Hasegawa (White) Vs Ryuichiro Sumimura

ကဲ . . . ဒါဆုိ ကန္ဟာေဆးဂါဝါက ဘယ္သူလဲ။ သူဟာ ၁၉၈၇ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၆) ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး MMA ကစားသမားဘဝကုိေတာ့ ၂ဝ၁ဝခုႏွစ္မွာ စတင္ခဲ့ပါတယ္။ (၁၉) ပြဲထုိးသတ္ခဲ့ၿပီး (၁၆) ပြဲႏုိင္၊ (၁) ပြဲသေရနဲ႔ (၂) ပြဲရႈံး ရလဒ္ကုိ ပုိင္ဆုိင္ထားပါတယ္။ သူဟာ ‘Deep MMA’ ရဲ႕ အလြတ္တန္းခ်န္ပီယံ (Megaton Champion) လည္းျဖစ္ပါတယ္။ ကုိယ္အေလးခ်ိန္ ၁၈၅ ေပါင္ (၈၃.၉၁ ကီလုိဂရမ္) နဲ႔ အရပ္အျမင့္ ၁၈ဝ စင္တီမီတာ (၅ေပ ၁၁လက္မ) ရွိပါတယ္။ Ground Fight နဲ႔ Stand Fight ကုိ မ်ွတေအာင္ ကစားႏုိင္သူျဖစ္ၿပီး ဂ်ပန္ႏုိင္ငံရဲ႕အေကာင္းဆုံး MMA ကစားသမားလုိ႔ သတ္မွတ္ထားၾကပါတယ္။ (၃၁) ႏွစ္သာရွိေသးတဲ့ ကန္ဟာေဆးဂါဝါဟာ အေစာပုိင္းအခ်ီေတြမွာပဲ အလဲထုိးတတ္လုိ႔ ပြဲၾကမ္းမယ္လုိ႔ သုံးသပ္ရပါတယ္။

Aung La N Sang

Aung La N Sang

မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံလုပြဲကုိ ဇြန္လ (၂၉) ရက္ေန႔ ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားရုံမွာ က်င္းပမွာျဖစ္ၿပီး ၿပိဳင္ပြဲရဲ႕နာမည္ကုိေတာ့ ‘ONE Championship: Spirit Of A Warrior’ လုိ႔ ေပးထားပါတယ္။

Aung La N Sang

Aung La N Sang

မစ္ဒယ္ဝိတ္တန္းနဲ႔ လုိက္ဟဲဗီးဝိတ္တန္းကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ဟာ (၃၂) ပြဲထုိးသတ္ခဲ့ၿပီး (၂၂) ပြဲႏုိင္၊ (၁ဝ) ပြဲရႈံး ရလဒ္ကုိ ပုိင္ဆုိင္ထားပါတယ္။ အမိေျမမွာ ကစားခဲ့တဲ့ ပြဲစဥ္တုိင္းမွာ ရာႏႈန္းျပည့္ႏုိင္ပြဲရခဲ့ၿပီး ‘ဗစ္တာလီ ဘစ္ဒက္ရွ္’ ၊  အလိန္းဂါလာနီ (Alain Ngalani) နဲ႔ အလက္ဇန္းဒါး မာခ်ာဒုိ (Alexandre Machado) တုိ႔ကုိ သုံးပြဲဆက္အႏုိင္ရရွိထားသူျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အောင်လအန်ဆန် (Aung La N Sang) ရဲ့ပြိုင်ဘက်ဟာ ကန်ဟာဆေးဂါဝါ (Ken Hasegawa) ဖြစ်သွားပါပြီ

၂ဝ၁၈ခုနှစ် မေလ (၁၂) ရက်နေ့ (စနေနေ့) တုန်းက အင်ဒိုနီးရှားနိုင်ငံ (Indonesia) မှာ ကျင်းပခဲ့တဲ့ ‘ONE Championship: Grit and Glory’ ပွဲရဲ့ မစ်ဒယ်ဝိတ်တန်းမှာ ဘရာဇီးနိုင်ငံသား ဂျူဂျစ်ဆု ငါးထပ်ကွမ်း ကမ္ဘာ့ချန်ပီယံ လီယမ်ဒရို အက်တီးစ် (Leandro Ataides) ဟာ ကမ္ဘာ့ချန်ပီယံဟောင်း ဗစ်တာလီ ဘစ်ဒက်ရှ် (Vitaly Bigdash) ကို အနိုင်ရရှိခဲ့လို့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဘွဲ့အတွက် အောင်လအန်ဆန်နဲ့ ထိုးသတ်တော့မယ်လို့ ‘One Championship’ က တရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အောင်လအန်ဆန်အတွက် ပြိုင်ဘက်ကောင်းတွေ့ပြီလို့ အားကစားပရိသတ်တွေ မျှော်လင့်နေတုန်းမှာပဲ အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် ဂျပန်နိုင်ငံသား ကန်ဟာဆေးဂါဝါနဲ့ ထိုးသတ်ရမယ်လို့ မေလ (၂၄) ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်တဲ့အတွက် အံ့အားသင့်စရာကောင်းလှပါတယ်။

Aung La N Sang Vs Leandro Ataides

Aung La N Sang Vs Leandro Ataides

ဂျူဂျစ်ဆု ငါးထပ်ကွမ်း ကမ္ဘာ့ချန်ပီယံ လီယမ်ဒရို အက်တီးစ်ဟာ ချန်ပီယံလုပွဲကို ဘာကြောင့်လွဲချော်ခဲ့ရတယ်ဆိုတာ ‘One Championship’ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ မထုတ်ပြန်ခဲ့ပေမယ့် အောင်လအန်ဆန်ရဲ့လူမှုကွန်ရက်အရ လေ့ကျင့်နေတုန်းမှာပဲ ဒဏ်ရာရရှိသွားလို့ လွဲချော်သွားတယ်လို့ သုံးသပ်ရပါတယ်။ ဒါ့ကြောင့် ကန်ဟာဆေးဂါဝါနဲ့ ထိုးသတ်ဖို့ ဖြစ်လာတယ်လို့ ကြိတ်မှိတ်ယူဆရပါတယ်။

Ken Hasegawa

Ken Hasegawa

ကန်ဟာဆေးဂါဝါကိုတော့ မြန်မာပရိသတ်တွေ ရင်းနှီးမှာ မဟုတ်ပါဘူး။ သူဟာ ဂျပန်အခြေစိုက် ‘Deep MMA’ မှာ ထိုးသတ်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ‘One Championship’ အနေနဲ့ အခုမှသာ စာချုပ်ချုပ်ခဲ့တာပါ။ သူဟာ ပွဲဦးထွက်မှာပဲ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲကို ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပါတယ်။ တကယ်လို့ ကန်ဟာဆေးဂါဝါ အနိုင်ရခဲ့မယ်ဆိုရင်တော့ တစ်ပွဲတည်းထိုးသတ်ပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ရတယ်ဆိုတဲ့ ရာဇဝင်ကျန်သွားမှာပါ။ (တစ်ပွဲတည်းထိုးရုံနဲ့ ဘယ် MMA အဖွဲ့အစည်းမှာမှ ချန်ပီယံမဖြစ်ပါဘူး) အဲဒီလိုဖြစ်လာမယ်ဆိုရင်တော့ ‘One Championship’ ရဲ့ကမ္ဘာ့ချန်ပီယံခါးပတ်ဟာလည်း တန်ဖိုးရှိတော့မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ခါးပတ်လုကြမယ့်ကစားသမားတွေရဲ့ အရည်အချင်းကို ဝေဖန်လိုတာ မဟုတ်ဘဲ ‘One Championship’ ရဲ့စီမံခန့်ခွဲမှုအပိုင်းကိုသာ ဦးတည်လိုတာဖြစ်ပါတယ်။

Ken Hasegawa (White) Vs Ryuichiro Sumimura

Ken Hasegawa (White) Vs Ryuichiro Sumimura

ကဲ . . . ဒါဆို ကန်ဟာဆေးဂါဝါက ဘယ်သူလဲ။ သူဟာ ၁၉၈၇ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှာ မွေးဖွားခဲ့ပြီး MMA ကစားသမားဘဝကိုတော့ ၂ဝ၁ဝခုနှစ်မှာ စတင်ခဲ့ပါတယ်။ (၁၉) ပွဲထိုးသတ်ခဲ့ပြီး (၁၆) ပွဲနိုင်၊ (၁) ပွဲသရေနဲ့ (၂) ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ ‘Deep MMA’ ရဲ့ အလွတ်တန်းချန်ပီယံ (Megaton Champion) လည်းဖြစ်ပါတယ်။ ကိုယ်အလေးချိန် ၁၈၅ ပေါင် (၈၃.၉၁ ကီလိုဂရမ်) နဲ့ အရပ်အမြင့် ၁၈ဝ စင်တီမီတာ (၅ပေ ၁၁လက်မ) ရှိပါတယ်။ Ground Fight နဲ့ Stand Fight ကို မျှတအောင် ကစားနိုင်သူဖြစ်ပြီး ဂျပန်နိုင်ငံရဲ့အကောင်းဆုံး MMA ကစားသမားလို့ သတ်မှတ်ထားကြပါတယ်။ (၃၁) နှစ်သာရှိသေးတဲ့ ကန်ဟာဆေးဂါဝါဟာ အစောပိုင်းအချီတွေမှာပဲ အလဲထိုးတတ်လို့ ပွဲကြမ်းမယ်လို့ သုံးသပ်ရပါတယ်။

Aung La N Sang

Aung La N Sang

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲကို ဇွန်လ (၂၉) ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲရဲ့နာမည်ကိုတော့ ‘ONE Championship: Spirit Of A Warrior’ လို့ ပေးထားပါတယ်။

Aung La N Sang

Aung La N Sang

မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ဟာ (၃၂) ပွဲထိုးသတ်ခဲ့ပြီး (၂၂) ပွဲနိုင်၊ (၁ဝ) ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ အမိမြေမှာ ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာ ရာနှုန်းပြည့်နိုင်ပွဲရခဲ့ပြီး ‘ဗစ်တာလီ ဘစ်ဒက်ရှ်’ ၊  အလိန်းဂါလာနီ (Alain Ngalani) နဲ့ အလက်ဇန်းဒါး မာချာဒို (Alexandre Machado) တို့ကို သုံးပွဲဆက်အနိုင်ရရှိထားသူဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com