[Zawgyi]

ဆူဇူကီးဖလားၿပိဳင္ပြဲဝင္ ျမန္မာအသင္းကုိ အားေပးလုိက္တဲ့ Aung La N Sang

ONE Championship ရဲ႕ မစ္ဒယ္ဝိတ္တန္းနဲ႔ လုိက္ဟဲဗီးဝိတ္တန္း ကမၻာ့ခ်န္ပီယံ Aung La N Sang ဟာ ဆူဇူကီးဖလားၿပိဳင္ပြဲဝင္ ျမန္မာေဘာလုံးအသင္းကုိ အားေပးစကားေျပာၾကားလုိက္ပါတယ္။ “အားလုံး မဂၤလာပါ။ ဆူဇူကီးဖလားၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္မယ့္ ေဘာလုံးသမားေတြ Good Luck လုိ႔ ေျပာခ်င္ပါတယ္။ အေကာင္းဆုံးကစားပါလုိ႔ အားေပးခ်င္ပါတယ္” လုိ႔ ျပည္သူ႕အခ်စ္ေတာ္ Aung La N Sang က ေျပာၾကားလုိက္ပါတယ္။

၂ဝ၁၈ခုႏွစ္ ဆူဇူကီးဖလားၿပိဳင္ပြဲဟာ ႏုိဝင္ဘာလ (၈) ေန႔မွာ က်င္းပမွာျဖစ္ၿပီး ဒီဇင္ဘာလ (၁၅) ရက္ေန႔မွာ ၿပီးဆုံးမွာျဖစ္ပါတယ္။ အေရွ႕ေတာင္အာရွႏုိင္ငံ (၁ဝ) သင္း ပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး (၅) သင္းအုပ္စု (၂) ခု ခြဲထားပါတယ္။

ျမန္မာလက္ေရြးစင္အသင္းဟာ ဗီယက္နမ္၊ မေလးရွား၊ လာအုိ၊ ကေမၻာဒီးယားအသင္းေတြနဲ႔ အုပ္စု (က) မွာ ရပ္တည္ေနပါတယ္။ ျမန္မာအသင္းဟာ ႏုိဝင္ဘာလ (၁၂) ရက္ေန႔ ညေန (၆) နာရီမွာ ကေမၻာဒီးယားအသင္းနဲ႔ မႏၱလာသီရိအားကစားရုံ (မႏၱေလးၿမိဳ႕ ) မွာ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ထုိ္င္းအသင္းဟာ လက္ရွိခ်န္ပီယံျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာအသင်းကို အားပေးလိုက်တဲ့ Aung La N Sang

ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Aung La N Sang ဟာ ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်းကို အားပေးစကားပြောကြားလိုက်ပါတယ်။ “အားလုံး မင်္ဂလာပါ။ ဆူဇူကီးဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ့် ဘောလုံးသမားတွေ Good Luck လို့ ပြောချင်ပါတယ်။ အကောင်းဆုံးကစားပါလို့ အားပေးချင်ပါတယ်” လို့ ပြည်သူ့အချစ်တော် Aung La N Sang က ပြောကြားလိုက်ပါတယ်။

၂ဝ၁၈ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲဟာ နိုဝင်ဘာလ (၈) နေ့မှာ ကျင်းပမှာဖြစ်ပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံ (၁ဝ) သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး (၅) သင်းအုပ်စု (၂) ခု ခွဲထားပါတယ်။

မြန်မာလက်ရွေးစင်အသင်းဟာ ဗီယက်နမ်၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယားအသင်းတွေနဲ့ အုပ်စု (က) မှာ ရပ်တည်နေပါတယ်။ မြန်မာအသင်းဟာ နိုဝင်ဘာလ (၁၂) ရက်နေ့ ညနေ (၆) နာရီမှာ ကမ္ဘောဒီးယားအသင်းနဲ့ မန္တလာသီရိအားကစားရုံ (မန္တလေးမြို့ ) မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိုင်းအသင်းဟာ လက်ရှိချန်ပီယံဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com