[Zawgyi]

ေအာင္လအန္ဆန္အေနနဲ႔ အလက္ဇန္းဒါး မာခ်ာဒုိ (Alexandre Machado) ကုိ ႏုိင္ပါ့မလား

ေဖေဖာ္ဝါရီလ (၂၃) ရက္ေန႔မွာ One Championship ရဲ႕ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ (Aung La N Sang) ဟာ ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားရုံမွာ က်င္းပမယ့္ ‘ONE Championship: Quest for Gold’ ၿပိဳင္ပြဲႀကီးမွာ ဘရာဇီးႏုိင္ငံသား အလက္ဇန္းဒါး မာခ်ာဒုိ (Alexandre Machado) နဲ႔ လုိက္ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္လုပြဲ (Light Heavyweight World Championship) ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ တကယ္ေတာ့ One Championship ရဲ႕ လုိက္ဟဲဗီးဝိတ္တန္းကမၻာ့ခ်န္ပီယံက (၃၆) ႏွစ္အရြယ္ရွိတဲ့ ေရာ္ဂ်ာ ဂရာဆီ (Roger Gracie) ျဖစ္ပါတယ္။ သူဟာ ကစားသမားဘဝမွ အနားယူသြားတဲ့အတြက္ လစ္လပ္ေနတဲ့ လုိက္ဟဲဗီးဝိတ္ခ်န္ပီယံခါးပတ္ကုိ လုယူၾကရတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ျမန္မာ့စပါးအုံးေျမြ (Burmese Python) လုိ႔ တင္စားၾကတဲ့ ေအာင္လအန္ဆန္အတြက္ ဝိတ္တန္းႏွစ္ခုမွာ ခ်န္ပီယံဘြဲ႕ရဖုိ႔ အခြင့္အေရးျဖစ္လာၿပီး တကယ္လုိ႔ ရႈံးနိမ့္ခဲ့ရင္ေတာင္ သူ႕အတြက္ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံခါးပတ္ကုိ လႊဲေပးဖုိ႔ မလုိပါဘူး။ (လုိက္ဟဲဗီးဝိတ္တန္းခါးပတ္ကုိ မရရုံပဲရွိမွာပါ။) ဟုတ္ၿပီ။ ဒါဆုိရင္ ေအာင္လအန္ဆန္နဲ႔ အလက္ဇန္းဒါး မာခ်ာဒုိ တုိ႔ရဲ႕ ခါးပတ္လုပြဲက ဘယ္လုိရလဒ္ထြက္ႏုိင္သလဲ။

One Championship ရဲ႕ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ (Aung La N Sang)

One Championship ရဲ႕ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ (Aung La N Sang)

ကုိယ္အေလးခ်ိန္ (Weight Class)

၂ဝ၁၇ခုႏွစ္ ႏုိဝင္ဘာလ (၃) ရက္တုန္းက အလိန္းဂါလာနီ (Alain Ngalani) ကုိ အႏုိင္ယူခဲ့တ့ဲပြဲမွာ ေအာင္လအန္ဆန္ဟာ ဟဲဗီးဝိတ္တန္း (၂၆၅ ေပါင္) တန္းမွာ ထုိးသတ္ခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက (၁၈၅) ေပါင္သာရွိတဲ့ ေအာင္လအန္ဆန္က ဟဲဗီးဝိတ္တန္းအထိ ကုိယ္အေလးခ်ိန္တင္ထုိးခဲ့ရတဲ့အတြက္ ပရိသတ္ေတြက စုိးရိမ္ခဲ့ၾကပါေသးတယ္။ အခုပြဲမွာက ဟဲဗီးဝိတ္တန္းထက္ တစ္တန္းနိမ့္တဲ့ လုိက္ဟဲဗီးဝိတ္တန္း (၂၂၅ ေပါင္) မွာ ထုိးသတ္ရမွာျဖစ္လုိ႔ ေအာင္လအန္ဆန္အတြက္ အခက္မေတြ႕ႏုိင္ပါဘူး။ ဟဲဗီးဝိတ္တန္းမွာ ကစားေနတဲ့ အလက္ဇန္းဒါး မာခ်ာဒုိအေနနဲ႔လည္း ဝိတ္အနည္းငယ္ခ်ၿပီး ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ကုိယ္အေလးခ်ိန္အေနနဲ႔က ကစားသမားႏွစ္ေယာက္စလုံး အခက္မေတြ႕ႏုိင္ပါဘူး။ (စုိးရိမ္စရာ မရွိပါဘူး။)

အလက္ဇန္းဒါး မာခ်ာဒုိ (Alexandre Machado)

အလက္ဇန္းဒါး မာခ်ာဒုိ (Alexandre Machado)

အသက္အရြယ္ (Age)

၁၉၈၅ခုႏွစ္ ေမလ (၂၁) ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ ေအာင္လအန္ဆန္ဟာ အခုခ်ိန္မွ (၃၂) ႏွစ္သာ ရွိေသးတာပါ။ (၃၂) ႏွစ္ဆုိတာ ကစားသမားတစ္ေယာက္အတြက္ ပညာေရာ သမၻာေရာ ျပည့္စုံေနတဲ့ အခ်ိန္ေကာင္းပါပဲ။ အလက္ဇန္းဒါး မာခ်ာဒုိက (၃၅) ႏွစ္ရွိပါၿပီ။ အသက္အရြယ္ကုိ ႏႈိင္းယွဥ္ေနတာက သက္လုံပုိင္းကုိ ေျပာခ်င္လုိ႔ပါ။ အသက္အရြယ္အရဆုိရင္ သိပ္မကြာဘူးလုိ႔ ဆုိႏုိင္ပါတယ္။

ဒါေပမယ့္ အလက္ဇန္းဒါး မာခ်ာဒုိဟာ ၂ဝ၁၇ခုႏွစ္အတြင္းမွာ တစ္ပြဲမွ မထုိးရေသးဘဲ ပြဲေဝးေနတာ တစ္ႏွစ္ခြဲရွိပါၿပီ။ (ေနာက္ဆုံးထုိးသတ္ခဲ့တာက  ၂ဝ၁၆ခုႏွစ္ ၾသဂုတ္လ (၁၃) ရက္ေန႔ ‘အလိန္းဂါလာနီ’ နဲ႔ ပြဲမွာပါ။) ပြဲေဝးေနတဲ့ ကစားသမားအတြက္ သက္လုံပုိင္းက အဓိကအားနည္းခ်က္တစ္ခုပါ။ ကံမေကာင္းခ်င္ေတာ့ သူ႕ရဲ႕တစ္ေက်ာ့ျပန္ပြဲက ၅ခ်ီပြဲျဖစ္ေနတာပါ။ ေအာင္လအန္ဆန္ဟာ ၂ဝ၁၇ခုႏွစ္အတြင္းမွာ (၃) ပြဲထုိးခဲ့ပါတယ္။ ဗစ္တာလီ ဘစ္ဒက္ရွ္ (Vitaly Bigdash) နဲ႔ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံလုပြဲ (၂) ႀကိမ္နဲ႔ အလိန္းဂါလာနီနဲ႔ (၁) ႀကိမ္ျဖစ္ပါတယ္။ ခ်န္ပီယံလုပြဲ (၂) ႀကိမ္က ပဥၥမအခ်ီ (၅မိနစ္ – ၅ခ်ီ = ၂၅ မိနစ္) အထိ ေရကုန္ေရခမ္းထုိးသတ္ခဲ့ရတာပါ။ အဲဒီအတြက္ ေအာင္လအန္ဆန္ရဲ႕ သက္လုံပုိင္းက ေျပာစရာမလုိဘူးထင္ပါတယ္။

ေအာင္လအန္ဆန္ (Aung La N Sang) နဲ႔ ဗစ္တာလီ ဘစ္ဒက္ရွ္ (Vitaly Bigdash) တုိ႔ ထုိးသတ္ဟန္

ေအာင္လအန္ဆန္ (Aung La N Sang) နဲ႔ ဗစ္တာလီ ဘစ္ဒက္ရွ္ (Vitaly Bigdash) တုိ႔ ထုိးသတ္ဟန္

အေတြ႕အၾကံဳ (Experience)

ေအာင္လအန္ဆန္ဟာ ၂ဝဝ၄ခုႏွစ္ကတည္းက ကုိယ္ခံပညာေပါင္းစုၿပိဳင္ပြဲ (Mixed Martial Arts) ကုိ ေလ့က်င့္ခဲ့သူပါ။ ေၾကးစားပြဲေပါင္း (၃၁) အထိ ထုိးသတ္ခဲ့ၿပီး ပြဲ (၂၁) အႏုိင္နဲ႔ (၁ဝ) ပြဲရႈံးနိမ့္ခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ (၆) ပြဲမွာ ႏုိင္ပြဲ (၅) ပြဲအထိ ရရွိေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ၿပီး အေကာင္းဆုံးအေနအထားမွာ ရွိေနခဲ့တာပါ။ အလက္ဇန္းဒါး မာခ်ာဒုိဟာ (၃၅) ႏွစ္ရွိၿပီလုိ႔သာ ဆုိေပမယ့္ ကုိယ္ခံပညာေပါင္းစုံၿပိဳင္ပြဲမွာ (၁ဝ) ပြဲ ထုိးသတ္ဖူးၿပီး (၈) ပြဲႏုိင္ (၂) ပြဲရႈံးသာ ရွိေသးတာပါ။ ဒါဟာ (၃၁) ပြဲ ထုိးသတ္ထားတဲ့ ေအာင္လအန္ဆန္ ပြဲအေတြ႕အၾကံဳရဲ႕ သုံးပုံတစ္ပုံေတာင္ မရွိေသးတာ အမွန္ပါပဲ။

ေအာင္လအန္ဆန္ (Aung La N Sang)

ေအာင္လအန္ဆန္ (Aung La N Sang)

ကုိယ္ခံပညာကြ်မ္းက်င္မႈ

အလက္ဇန္းဒါး မာခ်ာဒုိကေတာ့ ဘရာဇီး ဂ်ဴဂ်စ္ဆု (Brazilian Jiu-Jitsu) ကုိ ခါးပတ္နက္အထိ ေပါက္ေရာက္ထားတဲ့သူျဖစ္ပါတယ္။ ၿပိဳင္ဘက္ေတြကုိ ခ်ဳပ္သုိင္းနဲ႔ အမွတ္ယူၿပီး ပြဲသိမ္းတတ္သူပါ။ ေအာင္လအန္ဆန္ဆုိတာလည္း ျမန္မာ့စပါးအုံးေျမြလုိ႔ တင္စားရေလာက္ေအာင္ အပူးအခ်ဳပ္ကုိ အားသန္တဲ့ ကစားသမားပါ။ ေအာင္လအန္ဆန္ဟာ သူကြ်မ္းက်င္တဲ့ ဘရာဇီးဂ်ဴဂ်စ္ဆုနည္းနဲ႔ပဲ ပြဲထြက္မလား၊ ကစ္ေဘာင္ဆင္နည္းနဲ႔ပဲ ရင္ဆုိင္မလား မသိရေသးပါဘူး။ ေအာင္လအန္ဆန္ဟာ ၿပိဳင္ဘက္ သက္လုံက်တဲ့အခ်ိန္မွ ခ်ဳပ္သုိင္းနဲ႔ အႏုိင္ယူဖြယ္ရွိပါတယ္။ အားကစားမွာက လူေကာင္ထြားတုိင္း အႏုိင္ရတာ မဟုတ္ပါဘူး။ လူေကာင္ေသးေပမယ့္ ပြဲအေတြ႕အၾကံဳ၊ ကုိယ္လက္ၾကံ့ခုိင္မႈနဲ႔ နည္းစနစ္ေပါင္းစပ္လုိက္ရင္ “ေၾကြတစ္လွည့္ ၾကက္တစ္ခုန္” ပါပဲ။

ေအာင္လအန္ဆန္ (Aung La N Sang)

ေအာင္လအန္ဆန္ (Aung La N Sang)

ပြဲတည္ေနရာ

‘ONE Championship: Quest for Gold’ လုိ႔ နာမည္ေပးထားတဲ့ ဒီၿပိဳင္ပြဲႀကီးကုိ ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားရုံႀကီးမွာ ယွဥ္ၿပိဳင္ကစားၾကမွာပါ။ လုိက္ဟဲဗီးဝိတ္တန္းခ်န္ပီယံလုပြဲကုိ ျမန္မာႏုိင္ငံမွာ ကစားခြင့္ရတာလည္း ေအာင္လအန္ဆန္အတြက္ အိမ္ကြင္းအားသာခ်က္ျဖစ္ေနတာ အမွန္ပါပဲ။ ေအာင္လအန္ဆန္ဟာ ျမန္မာႏုိင္ငံမွာ ကစားခဲ့တဲ့ (၄) ပြဲမွာ ရာႏႈန္းျပည့္အႏုိင္ရထားပါတယ္။ အမိေျမမွာ မုိဟာမတ္အလီ (Mohamed Ali) နဲ႔ မုိက္ကယ္ ပက္စတာနက္ (Michal Pasternak) ၊ ဗစ္တာလီ ဘစ္ဒက္ရွ္ နဲ႔ အလိန္းဂါလာနီတုိ႔ကုိ အႏုိင္ယူထားပါတယ္။ အမိေျမမွာ ေအာင္လအန္ဆန္ဟာ လုိက္ဟဲဗီးဝိတ္တန္းကမၻာ့ခ်န္ပီယံျဖစ္မယ့္ပြဲပါ။

အလိန္းဂါလာနီ (Alain Ngalani) ကုိ အႏုိင္ယူခဲ့တဲ့ ေအာင္လအန္ဆန္ (Aung La N Sang)

အလိန္းဂါလာနီ (Alain Ngalani) ကုိ အႏုိင္ယူခဲ့တဲ့ ေအာင္လအန္ဆန္ (Aung La N Sang)

ေအာင္လအန္ဆန္ဟာ One Championship ရဲ႕ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံျဖစ္ၿပီးကတည္းက သူရင္ဆုိင္ခဲ့ရတဲ့ၿပိဳင္ဘက္ေတြက ဟဲဗီးဝိတ္တန္းေတြပါပဲ။ ဒီအခ်က္ဟာ ေအာင္လအန္ဆန္အတြက္ မေကာင္းလွပါဘူး။ ေနာက္ၿပီးေတာ့ One Championship အေနနဲ႔ မစ္ဒယ္ဝိတ္တန္းမွာ ေအာင္လအန္ဆန္အတြက္ ၿပိဳင္ဘက္ရွားေနၿပီလားလုိ႔ ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။

ေအာင္လအန္ဆန္ (Aung La N Sang)

ေအာင္လအန္ဆန္ (Aung La N Sang)

ေနာက္တစ္ခုထူးျခားတာက သူထုိးရတဲ့ၿပိဳင္ဘက္ေတြက အလိန္းဂါလာနီ (၄၂ ႏွစ္) နဲ႔ အလက္ဇန္းဒါး မာခ်ာဒုိ (၃၅ ႏွစ္) တုိ႔လုိ ပြဲေဝးေနတဲ့ သက္ႀကီးကစားသမားေတြပါပဲ။ ေအာင္လအန္ဆန္ အႏုိင္ရတဲ့အခါ ျမန္မာပရိသတ္ေတြ ေပ်ာ္ရႊင္ရေပမယ့္ ေရရွည္က်ရင္ ကစားသမားအတြက္ေရာ ပရိသတ္အတြက္ပါ မေကာင္းလွပါဘူး။ ေအာင္လအန္ဆန္အတြက္ လက္ရွိအေကာင္းဆုံးအခ်ိန္မွာ ဝိတ္တန္းတူတဲ့ ကမၻာ့အဆင္မီၿပိဳင္ဘက္တစ္ေယာက္နဲ႔ပဲ တည္ေပးသင့္တာပါ။

Alexandre Machado Vs Marcin Prachnio

Alexandre Machado Vs Marcin Prachnio

ေဖေဖာ္ဝါရီလ (၂၃) ရက္ေန႔မွာ ေအာင္လအန္ဆန္နဲ႔ အလက္ဇန္းဒါး မာခ်ာဒုိတုိ႔ ယွဥ္ၿပိဳင္ထုိးသတ္မယ့္ One Championship ရဲ႕ လုိက္ဟဲဗီးဝိတ္တန္းကမၻာ့ခ်န္ပီယံလုပြဲမွာေတာ့ ျမန္မာ့စပါးအုံးေျမြပဲ အႏုိင္ယူသြားၿပီး ဝိတ္တန္းႏွစ္ခုရဲ႕ခ်န္ပီယံဘြဲ႕ကုိ သိမ္းပုိက္သြားလိမ့္မယ္လုိ႔ သုံးသပ္မိပါတယ္။ အားကစားဝါသနာရွင္ေတြအေနနဲ႔ ဘယ္သူက အႏုိင္ယူသြားမလဲဆုိတာ ေျပာသြားၾကပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အောင်လအန်ဆန်အနေနဲ့ အလက်ဇန်းဒါး မာချာဒို (Alexandre Machado) ကို နိုင်ပါ့မလား

ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှာ One Championship ရဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် (Aung La N Sang) ဟာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ ကျင်းပမယ့် ‘ONE Championship: Quest for Gold’ ပြိုင်ပွဲကြီးမှာ ဘရာဇီးနိုင်ငံသား အလက်ဇန်းဒါး မာချာဒို (Alexandre Machado) နဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲ (Light Heavyweight World Championship) ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ တကယ်တော့ One Championship ရဲ့ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံက (၃၆) နှစ်အရွယ်ရှိတဲ့ ရော်ဂျာ ဂရာဆီ (Roger Gracie) ဖြစ်ပါတယ်။ သူဟာ ကစားသမားဘဝမှ အနားယူသွားတဲ့အတွက် လစ်လပ်နေတဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို လုယူကြရတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့စပါးအုံးမြွေ (Burmese Python) လို့ တင်စားကြတဲ့ အောင်လအန်ဆန်အတွက် ဝိတ်တန်းနှစ်ခုမှာ ချန်ပီယံဘွဲ့ရဖို့ အခွင့်အရေးဖြစ်လာပြီး တကယ်လို့ ရှုံးနိမ့်ခဲ့ရင်တောင် သူ့အတွက် မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို လွှဲပေးဖို့ မလိုပါဘူး။ (လိုက်ဟဲဗီးဝိတ်တန်းခါးပတ်ကို မရရုံပဲရှိမှာပါ။) ဟုတ်ပြီ။ ဒါဆိုရင် အောင်လအန်ဆန်နဲ့ အလက်ဇန်းဒါး မာချာဒို တို့ရဲ့ ခါးပတ်လုပွဲက ဘယ်လိုရလဒ်ထွက်နိုင်သလဲ။

One Championship ရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် (Aung La N Sang)

One Championship ရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် (Aung La N Sang)

ကိုယ်အလေးချိန် (Weight Class)

၂ဝ၁၇ခုနှစ် နိုဝင်ဘာလ (၃) ရက်တုန်းက အလိန်းဂါလာနီ (Alain Ngalani) ကို အနိုင်ယူခဲ့တဲ့ပွဲမှာ အောင်လအန်ဆန်ဟာ ဟဲဗီးဝိတ်တန်း (၂၆၅ ပေါင်) တန်းမှာ ထိုးသတ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက (၁၈၅) ပေါင်သာရှိတဲ့ အောင်လအန်ဆန်က ဟဲဗီးဝိတ်တန်းအထိ ကိုယ်အလေးချိန်တင်ထိုးခဲ့ရတဲ့အတွက် ပရိသတ်တွေက စိုးရိမ်ခဲ့ကြပါသေးတယ်။ အခုပွဲမှာက ဟဲဗီးဝိတ်တန်းထက် တစ်တန်းနိမ့်တဲ့ လိုက်ဟဲဗီးဝိတ်တန်း (၂၂၅ ပေါင်) မှာ ထိုးသတ်ရမှာဖြစ်လို့ အောင်လအန်ဆန်အတွက် အခက်မတွေ့နိုင်ပါဘူး။ ဟဲဗီးဝိတ်တန်းမှာ ကစားနေတဲ့ အလက်ဇန်းဒါး မာချာဒိုအနေနဲ့လည်း ဝိတ်အနည်းငယ်ချပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်အနေနဲ့က ကစားသမားနှစ်ယောက်စလုံး အခက်မတွေ့နိုင်ပါဘူး။ (စိုးရိမ်စရာ မရှိပါဘူး။)

အလက်ဇန်းဒါး မာချာဒို (Alexandre Machado)

အလက်ဇန်းဒါး မာချာဒို (Alexandre Machado)

အသက်အရွယ် (Age)

၁၉၈၅ခုနှစ် မေလ (၂၁) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အောင်လအန်ဆန်ဟာ အခုချိန်မှ (၃၂) နှစ်သာ ရှိသေးတာပါ။ (၃၂) နှစ်ဆိုတာ ကစားသမားတစ်ယောက်အတွက် ပညာရော သမ္ဘာရော ပြည့်စုံနေတဲ့ အချိန်ကောင်းပါပဲ။ အလက်ဇန်းဒါး မာချာဒိုက (၃၅) နှစ်ရှိပါပြီ။ အသက်အရွယ်ကို နှိုင်းယှဉ်နေတာက သက်လုံပိုင်းကို ပြောချင်လို့ပါ။ အသက်အရွယ်အရဆိုရင် သိပ်မကွာဘူးလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် အလက်ဇန်းဒါး မာချာဒိုဟာ ၂ဝ၁၇ခုနှစ်အတွင်းမှာ တစ်ပွဲမှ မထိုးရသေးဘဲ ပွဲဝေးနေတာ တစ်နှစ်ခွဲရှိပါပြီ။ (နောက်ဆုံးထိုးသတ်ခဲ့တာက  ၂ဝ၁၆ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့ ‘အလိန်းဂါလာနီ’ နဲ့ ပွဲမှာပါ။) ပွဲဝေးနေတဲ့ ကစားသမားအတွက် သက်လုံပိုင်းက အဓိကအားနည်းချက်တစ်ခုပါ။ ကံမကောင်းချင်တော့ သူ့ရဲ့တစ်ကျော့ပြန်ပွဲက ၅ချီပွဲဖြစ်နေတာပါ။ အောင်လအန်ဆန်ဟာ ၂ဝ၁၇ခုနှစ်အတွင်းမှာ (၃) ပွဲထိုးခဲ့ပါတယ်။ ဗစ်တာလီ ဘစ်ဒက်ရှ် (Vitaly Bigdash) နဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲ (၂) ကြိမ်နဲ့ အလိန်းဂါလာနီနဲ့ (၁) ကြိမ်ဖြစ်ပါတယ်။ ချန်ပီယံလုပွဲ (၂) ကြိမ်က ပဉ္စမအချီ (၅မိနစ် – ၅ချီ = ၂၅ မိနစ်) အထိ ရေကုန်ရေခမ်းထိုးသတ်ခဲ့ရတာပါ။ အဲဒီအတွက် အောင်လအန်ဆန်ရဲ့ သက်လုံပိုင်းက ပြောစရာမလိုဘူးထင်ပါတယ်။

အောင်လအန်ဆန် (Aung La N Sang) နဲ့ ဗစ်တာလီ ဘစ်ဒက်ရှ် (Vitaly Bigdash) တို့ ထိုးသတ်ဟန်

အောင်လအန်ဆန် (Aung La N Sang) နဲ့ ဗစ်တာလီ ဘစ်ဒက်ရှ် (Vitaly Bigdash) တို့ ထိုးသတ်ဟန်

အတွေ့အကြုံ (Experience)

အောင်လအန်ဆန်ဟာ ၂ဝဝ၄ခုနှစ်ကတည်းက ကိုယ်ခံပညာပေါင်းစုပြိုင်ပွဲ (Mixed Martial Arts) ကို လေ့ကျင့်ခဲ့သူပါ။ ကြေးစားပွဲပေါင်း (၃၁) အထိ ထိုးသတ်ခဲ့ပြီး ပွဲ (၂၁) အနိုင်နဲ့ (၁ဝ) ပွဲရှုံးနိမ့်ခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ (၆) ပွဲမှာ နိုင်ပွဲ (၅) ပွဲအထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့တာပါ။ အလက်ဇန်းဒါး မာချာဒိုဟာ (၃၅) နှစ်ရှိပြီလို့သာ ဆိုပေမယ့် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲမှာ (၁ဝ) ပွဲ ထိုးသတ်ဖူးပြီး (၈) ပွဲနိုင် (၂) ပွဲရှုံးသာ ရှိသေးတာပါ။ ဒါဟာ (၃၁) ပွဲ ထိုးသတ်ထားတဲ့ အောင်လအန်ဆန် ပွဲအတွေ့အကြုံရဲ့ သုံးပုံတစ်ပုံတောင် မရှိသေးတာ အမှန်ပါပဲ။

အောင်လအန်ဆန် (Aung La N Sang)

အောင်လအန်ဆန် (Aung La N Sang)

ကိုယ်ခံပညာကျွမ်းကျင်မှု

အလက်ဇန်းဒါး မာချာဒိုကတော့ ဘရာဇီး ဂျူဂျစ်ဆု (Brazilian Jiu-Jitsu) ကို ခါးပတ်နက်အထိ ပေါက်ရောက်ထားတဲ့သူဖြစ်ပါတယ်။ ပြိုင်ဘက်တွေကို ချုပ်သိုင်းနဲ့ အမှတ်ယူပြီး ပွဲသိမ်းတတ်သူပါ။ အောင်လအန်ဆန်ဆိုတာလည်း မြန်မာ့စပါးအုံးမြွေလို့ တင်စားရလောက်အောင် အပူးအချုပ်ကို အားသန်တဲ့ ကစားသမားပါ။ အောင်လအန်ဆန်ဟာ သူကျွမ်းကျင်တဲ့ ဘရာဇီးဂျူဂျစ်ဆုနည်းနဲ့ပဲ ပွဲထွက်မလား၊ ကစ်ဘောင်ဆင်နည်းနဲ့ပဲ ရင်ဆိုင်မလား မသိရသေးပါဘူး။ အောင်လအန်ဆန်ဟာ ပြိုင်ဘက် သက်လုံကျတဲ့အချိန်မှ ချုပ်သိုင်းနဲ့ အနိုင်ယူဖွယ်ရှိပါတယ်။ အားကစားမှာက လူကောင်ထွားတိုင်း အနိုင်ရတာ မဟုတ်ပါဘူး။ လူကောင်သေးပေမယ့် ပွဲအတွေ့အကြုံ၊ ကိုယ်လက်ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပေါင်းစပ်လိုက်ရင် “ကြွေတစ်လှည့် ကြက်တစ်ခုန်” ပါပဲ။

အောင်လအန်ဆန် (Aung La N Sang)

အောင်လအန်ဆန် (Aung La N Sang)

ပွဲတည်နေရာ

‘ONE Championship: Quest for Gold’ လို့ နာမည်ပေးထားတဲ့ ဒီပြိုင်ပွဲကြီးကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံကြီးမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံလုပွဲကို မြန်မာနိုင်ငံမှာ ကစားခွင့်ရတာလည်း အောင်လအန်ဆန်အတွက် အိမ်ကွင်းအားသာချက်ဖြစ်နေတာ အမှန်ပါပဲ။ အောင်လအန်ဆန်ဟာ မြန်မာနိုင်ငံမှာ ကစားခဲ့တဲ့ (၄) ပွဲမှာ ရာနှုန်းပြည့်အနိုင်ရထားပါတယ်။ အမိမြေမှာ မိုဟာမတ်အလီ (Mohamed Ali) နဲ့ မိုက်ကယ် ပက်စတာနက် (Michal Pasternak) ၊ ဗစ်တာလီ ဘစ်ဒက်ရှ် နဲ့ အလိန်းဂါလာနီတို့ကို အနိုင်ယူထားပါတယ်။ အမိမြေမှာ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်မယ့်ပွဲပါ။

အလိန်းဂါလာနီ (Alain Ngalani) ကို အနိုင်ယူခဲ့တဲ့ အောင်လအန်ဆန် (Aung La N Sang)

အလိန်းဂါလာနီ (Alain Ngalani) ကို အနိုင်ယူခဲ့တဲ့ အောင်လအန်ဆန် (Aung La N Sang)

အောင်လအန်ဆန်ဟာ One Championship ရဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်ပြီးကတည်းက သူရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်တွေက ဟဲဗီးဝိတ်တန်းတွေပါပဲ။ ဒီအချက်ဟာ အောင်လအန်ဆန်အတွက် မကောင်းလှပါဘူး။ နောက်ပြီးတော့ One Championship အနေနဲ့ မစ်ဒယ်ဝိတ်တန်းမှာ အောင်လအန်ဆန်အတွက် ပြိုင်ဘက်ရှားနေပြီလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

အောင်လအန်ဆန် (Aung La N Sang)

အောင်လအန်ဆန် (Aung La N Sang)

နောက်တစ်ခုထူးခြားတာက သူထိုးရတဲ့ပြိုင်ဘက်တွေက အလိန်းဂါလာနီ (၄၂ နှစ်) နဲ့ အလက်ဇန်းဒါး မာချာဒို (၃၅ နှစ်) တို့လို ပွဲဝေးနေတဲ့ သက်ကြီးကစားသမားတွေပါပဲ။ အောင်လအန်ဆန် အနိုင်ရတဲ့အခါ မြန်မာပရိသတ်တွေ ပျော်ရွှင်ရပေမယ့် ရေရှည်ကျရင် ကစားသမားအတွက်ရော ပရိသတ်အတွက်ပါ မကောင်းလှပါဘူး။ အောင်လအန်ဆန်အတွက် လက်ရှိအကောင်းဆုံးအချိန်မှာ ဝိတ်တန်းတူတဲ့ ကမ္ဘာ့အဆင်မီပြိုင်ဘက်တစ်ယောက်နဲ့ပဲ တည်ပေးသင့်တာပါ။

Alexandre Machado Vs Marcin Prachnio

Alexandre Machado Vs Marcin Prachnio

ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှာ အောင်လအန်ဆန်နဲ့ အလက်ဇန်းဒါး မာချာဒိုတို့ ယှဉ်ပြိုင်ထိုးသတ်မယ့် One Championship ရဲ့ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲမှာတော့ မြန်မာ့စပါးအုံးမြွေပဲ အနိုင်ယူသွားပြီး ဝိတ်တန်းနှစ်ခုရဲ့ချန်ပီယံဘွဲ့ကို သိမ်းပိုက်သွားလိမ့်မယ်လို့ သုံးသပ်မိပါတယ်။ အားကစားဝါသနာရှင်တွေအနေနဲ့ ဘယ်သူက အနိုင်ယူသွားမလဲဆိုတာ ပြောသွားကြပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။