[Zawgyi]

ေအာင္လအန္ဆန္ (Aung La N Sang) ဟာ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံဘြဲ႕ကုိ ကာကြယ္ႏုိင္ခဲ့ပါၿပီၤ

‘ONE Championship: Spirit Of A Warrior’ လုိ႔ နာမည္ေပးထားတဲ့ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံလုပြဲကုိ ဇြန္လ (၂၉) ရက္ေန႔ ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားရုံမွာ က်င္းပတဲ့အခါမွာ လုိက္ဟဲဗီးဝိတ္တန္းနဲ႔ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ (Aung La N Sang) ဟာ ဂ်ပန္ႏုိင္ငံသား ကန္ေဆးဟာဂါဝါ (Ken Hasegawa) ကုိ ပဥၥမအခ်ီ (၃) မိနစ္ (၁၃) စကၠန္႔မွာပဲ အလဲထုိးအႏုိင္ရသြားပါတယ္။

ျမန္မာပရိသတ္ေတြအေနနဲ႔ ကန္ေဆးဟာဂါဝါကုိ မရင္းႏွီးေသးၾကဘူးဆုိေပမယ့္ သူကလည္း ‘ေလွခြက္ခ်ည္းက်န္ အလံမလဲ’  စိတ္ဓာတ္နဲ႕  ယွဥ္ၿပိဳင္သြားပါတယ္။ ေနာက္ဆုံးအခ်ိန္ထိေတာင္ ခုခံသြားတဲ့သူပါ။

ေအာင္လအန္ဆန္ဟာ Stand Fight ေရာ Ground Fight ပါ အားသန္တဲ့ ကစားသမားဆုိေပမယ့္ ဒီေန႔ပြဲမွာေတာ့ Stand Fight  ကုိပဲ အားျပဳလုိ႔ ကစားခဲ့ပါတယ္။ သူက ၿပိဳင္ဘက္ကုိ ေလ်ာ့တြက္ထားတာလည္း ပါတယ္။ ႏွစ္ဦးစလုံး ထိခ်က္ေတြ မ်ားခဲ့ၿပီး Alain Ngalani  နဲ႔ Alexandre Machado စတဲ့ ေနာက္ဆုံးႏွစ္ပြဲမွာ အလွမပ်က္ခဲ့တဲ့ ေအာင္လအန္ဆန္ေတာင္ ဒီပြဲမွာေတာ့ မ်က္ႏွာတစ္ခုလုံး ဖူးေယာင္ခဲ့ပါတယ္။

ေအာင္လအန္ဆန္ဟာ Vitaly Bigdash နဲ႔ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံလုတဲ့ပြဲ ၊ Alain Ngalani နဲ႔ အလြတ္တန္းထုိးတဲ့ပြဲနဲ႔ Alexandre Machado နဲ႔ လုိက္ဟဲဗီးဝိတ္ခ်န္ပီယံလုတဲ့ပြဲေတြမွာ (၅) မိနစ္ (၅) ခ်ီျပည့္တဲ့အထိေအာင္ ေလ့က်င့္ခဲ့သူပါ။ ဒီပြဲမွာလည္း သက္လုံက အဓိကအေျဖပါ။ ပြဲခ်ိန္ၾကာလာတဲ့အမ်ွ ကန္ေဆးဟာဂါဝါဟာ သက္လုံက်သြားခဲ့တဲ့သေဘာပါ။ ေအာင္လအန္ဆန္ဟာ သက္လုံက်သြားတဲ့ ကန္ေဆးဂါဂါဝါကုိ ပဥၥမအခ်ီမွာ အလြယ္တကူပဲ အလဲထုိးႏုိင္္ခဲ့တာျဖစ္ပါတယ္။

Photo Credit – Kaung

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

အောင်လအန်ဆန် (Aung La N Sang) ဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါပြီၤ

‘ONE Championship: Spirit Of A Warrior’ လို့ နာမည်ပေးထားတဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲကို ဇွန်လ (၂၉) ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ ကျင်းပတဲ့အခါမှာ လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် (Aung La N Sang) ဟာ ဂျပန်နိုင်ငံသား ကန်ဆေးဟာဂါဝါ (Ken Hasegawa) ကို ပဉ္စမအချီ (၃) မိနစ် (၁၃) စက္ကန့်မှာပဲ အလဲထိုးအနိုင်ရသွားပါတယ်။

မြန်မာပရိသတ်တွေအနေနဲ့ ကန်ဆေးဟာဂါဝါကို မရင်းနှီးသေးကြဘူးဆိုပေမယ့် သူကလည်း ‘လှေခွက်ချည်းကျန် အလံမလဲ’  စိတ်ဓာတ်နဲ့  ယှဉ်ပြိုင်သွားပါတယ်။ နောက်ဆုံးအချိန်ထိတောင် ခုခံသွားတဲ့သူပါ။

အောင်လအန်ဆန်ဟာ Stand Fight ရော Ground Fight ပါ အားသန်တဲ့ ကစားသမားဆိုပေမယ့် ဒီနေ့ပွဲမှာတော့ Stand Fight  ကိုပဲ အားပြုလို့ ကစားခဲ့ပါတယ်။ သူက ပြိုင်ဘက်ကို လျော့တွက်ထားတာလည်း ပါတယ်။ နှစ်ဦးစလုံး ထိချက်တွေ များခဲ့ပြီး Alain Ngalani  နဲ့ Alexandre Machado စတဲ့ နောက်ဆုံးနှစ်ပွဲမှာ အလှမပျက်ခဲ့တဲ့ အောင်လအန်ဆန်တောင် ဒီပွဲမှာတော့ မျက်နှာတစ်ခုလုံး ဖူးယောင်ခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ Vitaly Bigdash နဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုတဲ့ပွဲ ၊ Alain Ngalani နဲ့ အလွတ်တန်းထိုးတဲ့ပွဲနဲ့ Alexandre Machado နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံလုတဲ့ပွဲတွေမှာ (၅) မိနစ် (၅) ချီပြည့်တဲ့အထိအောင် လေ့ကျင့်ခဲ့သူပါ။ ဒီပွဲမှာလည်း သက်လုံက အဓိကအဖြေပါ။ ပွဲချိန်ကြာလာတဲ့အမျှ ကန်ဆေးဟာဂါဝါဟာ သက်လုံကျသွားခဲ့တဲ့သဘောပါ။ အောင်လအန်ဆန်ဟာ သက်လုံကျသွားတဲ့ ကန်ဆေးဂါဂါဝါကို ပဉ္စမအချီမှာ အလွယ်တကူပဲ အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit – Kaung

ကျော်စိုးအောင် (အခရာ)

www.akhayar.com