[Zawgyi]

မုိဟာမက္ခရာကီ Mohammad Karaki ကုိ ပထမအခ်ီမွာပဲ အႏုိင္ယူခဲ့တဲ့ ေအာင္လအန္ဆန္ Aung La N Sangျ

မန္မာပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမား ေအာင္လအန္ဆန္ Aung La N Sang ကေတာ့ သူ႔ကုိ စိန္ေခၚတဲ့ မုိဟာမက္ခရာကီ Mohammad Karaki ကုိ အလဲထုိးနဲ႔ အႏုိင္ယူခဲ့ၿပီး မစ္ဒယ္၀ိတ္တန္း ကမၻာ႔ခ်န္ပီယံဘဲြ႕ကုိ ကာကြယ္ႏုိင္ခဲ့ပါတယ္။ ပဲြမတုိင္ခင္ကတည္းက ဒီပဲြကုိ ခပ္ျမန္ျမန္ အဆုံးသတ္မယ္လုိ႔ ကတိေပးထားတဲ့အတိုင္း ေအာင္လအန္ဆန္ဟာ ပထမအခ်ီ (၂)မိနစ္ (၃၉)စကၠန္႔မွာပဲ ခရာကီကုိ အလဲထုိးခဲ့တာျဖစ္ပါတယ္။

aung-la-n-sang-celebrate

aung-la-n-sang-celebrate

ခရာကီဟာ ေအာင္လအန္ဆန္ကုိ သူအားသန္တဲ့ ၿပိဳင္ဘက္ကုိ ခ်ဳပ္ဆြဲလဲၿပီး အလဲထုိးဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ေအာင္လအန္ဆန္က ပါးပါးနပ္နပ္ ေရွာင္ထြက္ႏုိင္ခဲ့တယ္။ ေအာင္လအန္ဆန္ရဲ႕ လက္သီးထုိးခ်က္ေတြက ခရာကီကုိ ထိထိမိမိ ရွိခဲ့တာေၾကာင့္ ပထမအခ်ီစလုိ႔ စကၠန္႔ပုိင္းအၾကာမွာပဲ ခရာကီဟာ ခံစစ္သက္သက္သာျဖစ္ခဲ့ရၿပီး ႏွာေခါင္း႐ုိးက်ိဳးသြားခဲ့တဲ့အျပင္ ျပတ္ျပတ္သားသားကုိ အေရးနိမ့္ခဲ့တာပါ။

aung-la-n-sang

aung-la-n-sang

ခရာကီဟာ ဒီပဲြမတိုင္ခင္ (၉)ပဲြမွာ ပဲြတိုင္းအႏုိင္ရခဲ့ၿပီး (၈)ပဲြက ပထမအခ်ီမွာတင္ အျပတ္ျဖတ္ႏုိင္ခဲ့လုိ႔ ဒီတစ္ခါေတာ့ သူ႔ ပုံစံအတိုင္းပဲ ေအာင္လအန္ဆန္က အႏုိင္ယူခဲ့တာလုိ႔လည္း ေျပာရမွာပါ။

Photo:MMA Fighting,Conan Daily,ONE Championship
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မိုဟာမက်ခရာကီ Mohammad Karaki ကို ပထမအချီမှာပဲ အနိုင်ယူခဲ့တဲ့ အောင်လအန်ဆန် Aung La N Sangြ

မန်မာပရိသတ်တွေရဲ့ အချစ်တော် ကစားသမား အောင်လအန်ဆန် Aung La N Sang ကတော့ သူ့ကို စိန်ခေါ်တဲ့ မိုဟာမက်ခရာကီ Mohammad Karaki ကို အလဲထိုးနဲ့ အနိုင်ယူခဲ့ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲမတိုင်ခင်ကတည်းက ဒီပွဲကို ခပ်မြန်မြန် အဆုံးသတ်မယ်လို့ ကတိပေးထားတဲ့အတိုင်း အောင်လအန်ဆန်ဟာ ပထမအချီ (၂)မိနစ် (၃၉)စက္ကန့်မှာပဲ ခရာကီကို အလဲထိုးခဲ့တာဖြစ်ပါတယ်။

aung-la-n-sang-celebrate

aung-la-n-sang-celebrate

ခရာကီဟာ အောင်လအန်ဆန်ကို သူအားသန်တဲ့ ပြိုင်ဘက်ကို ချုပ်ဆွဲလဲပြီး အလဲထိုးဖို့ ကြိုးစားခဲ့ပေမယ့် အောင်လအန်ဆန်က ပါးပါးနပ်နပ် ရှောင်ထွက်နိုင်ခဲ့တယ်။ အောင်လအန်ဆန်ရဲ့ လက်သီးထိုးချက်တွေက ခရာကီကို ထိထိမိမိ ရှိခဲ့တာကြောင့် ပထမအချီစလို့ စက္ကန့်ပိုင်းအကြာမှာပဲ ခရာကီဟာ ခံစစ်သက်သက်သာဖြစ်ခဲ့ရပြီး နှာခေါင်းရိုးကျိုးသွားခဲ့တဲ့အပြင် ပြတ်ပြတ်သားသားကို အရေးနိမ့်ခဲ့တာပါ။

aung-la-n-sang

aung-la-n-sang

ခရာကီဟာ ဒီပွဲမတိုင်ခင် (၉)ပွဲမှာ ပွဲတိုင်းအနိုင်ရခဲ့ပြီး (၈)ပွဲက ပထမအချီမှာတင် အပြတ်ဖြတ်နိုင်ခဲ့လို့ ဒီတစ်ခါတော့ သူ့ ပုံစံအတိုင်းပဲ အောင်လအန်ဆန်က အနိုင်ယူခဲ့တာလို့လည်း ပြောရမှာပါ။

Photo:MMA Fighting,Conan Daily,ONE Championship
Naing Linn(Akhayar)
www.akhayar.com