[Zawgyi]

စိတ္တူကိုယ္တူ သိပ္ခ်စ္ၾကတဲ့ အနုပညာရွင္ စံုတြဲ

ဝါသနာတူ ၿပီး တစ္ေယာက္နဲ႕တစ္ေယာက္အရမ္းကို ခ်စ္ၾကတဲ့ စံုတြဲျဖစ္တဲ့ ဝိုင္းစုနဲ႕ ေအာင္လတို႕ ရဲ႕ ၾကည္ႏူးဖြယ္ပံုေလးေတြကို အဆိုေတာ္ေအာင္လ ရဲ႕ Instagram အေကာင့္ ကေနျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။သူတို႕ နွစ္ယာက္လံုးအတူတူ ခရီးသြားၾကတဲ့ ပံုေလးေတြကလည္း သူတို႕ ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြအတြက္ေတာ့ၾကည့္ႏူးဖြယ္ပံုရိပ္ကေလးေတြပါပဲ။

 

အဆိုေတာ္ ေအာင္လ က မ်ားေသာအားျဖင့္ ပံုေတြကိုတင္တဲ့ အခါမွာ “စိတ္တူကိုယ္တူ” ၊ “I love u babe” အစရွိတဲ့ ပံုေလးေတြကိုတင္ေလ့ရွိတာေတြ႕ရတဲ့ အတြက္ ဝိုင္းစုခိုင္သိန္း အေပၚမွာ အေတာ္ကို ခ်စ္ျမတ္နိုးတယ္ဆိုတာကို ပိုမိုထင္ရွားေစပါတယ္။

သူတို႕ နွစ္ေယာက္ရဲ႕ နွစ္ပတ္လည္အထိမ္းအမွတ္အျဖစ္  ေဖေဖာ္ဝါရီလ ၁၂ ရက္၊၂၀၁၇ ခုနွစ္ ေန႕စြဲ နဲ႕ Instagram မွာ “Happy anniversary babe ..love you” ဆိုၿပီးေတာ့ အဆိုေတာ္ ေအာင္လ က ပထမ ဆံုး တင္ခဲ့တာျဖစ္ပါတယ္။ ဝိုင္းစုနဲ႕ ပံုေတြကို အဲ့ေန႕ က စလို႕ ဒီေန႕ အထိ Instagram ေပၚမွာ အျမဲတင္ေလ့ရွိတာလည္းျဖစ္ပါတယ္။

Photo Credit: Aung La Instagram

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

စိတ်တူကိုယ်တူ သိပ်ချစ်ကြတဲ့ အနုပညာရှင် စုံတွဲ

ဝါသနာတူ ပြီး တစ်ယောက်နဲ့တစ်ယောက်အရမ်းကို ချစ်ကြတဲ့ စုံတွဲဖြစ်တဲ့ ဝိုင်းစုနဲ့ အောင်လတို့ ရဲ့ ကြည်နူးဖွယ်ပုံလေးတွေကို အဆိုတော်အောင်လ ရဲ့ Instagram အကောင့် ကနေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။သူတို့ နှစ်ယာက်လုံးအတူတူ ခရီးသွားကြတဲ့ ပုံလေးတွေကလည်း သူတို့ ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက်တော့ကြည့်နူးဖွယ်ပုံရိပ်ကလေးတွေပါပဲ။

 

အဆိုတော် အောင်လ က များသောအားဖြင့် ပုံတွေကိုတင်တဲ့ အခါမှာ “စိတ်တူကိုယ်တူ” ၊ “I love u babe” အစရှိတဲ့ ပုံလေးတွေကိုတင်လေ့ရှိတာတွေ့ရတဲ့ အတွက် ဝိုင်းစုခိုင်သိန်း အပေါ်မှာ အတော်ကို ချစ်မြတ်နိုးတယ်ဆိုတာကို ပိုမိုထင်ရှားစေပါတယ်။

သူတို့ နှစ်ယောက်ရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၁၂ ရက်၊၂၀၁၇ ခုနှစ် နေ့စွဲ နဲ့ Instagram မှာ “Happy anniversary babe ..love you” ဆိုပြီးတော့ အဆိုတော် အောင်လ က ပထမ ဆုံး တင်ခဲ့တာဖြစ်ပါတယ်။ ဝိုင်းစုနဲ့ ပုံတွေကို အဲ့နေ့ က စလို့ ဒီနေ့ အထိ Instagram ပေါ်မှာ အမြဲတင်လေ့ရှိတာလည်းဖြစ်ပါတယ်။

Photo Credit: Aung La Instagram

ကြည်သာ (Akhayar)

www.akhayar.com