[Zawgyi]

SUV ေမာ္ဒယ္အသစ္ကို Glass Illumination ဒီဇိုင္းနဲ႔ ပြဲထုတ္ျပသလိုက္တဲ့ Audi

ဂ်ာမနီႏိုင္ငံအေျခစိုက္ နည္းပညာျမင့္ေမာ္ေတာ္ကားေတြ ထုတ္လုပ္လ်က္ရွိေနတဲ့ Audi အေနနဲ႔ လွ်ပ္စစ္စြမ္းအင္သုံး SUV ေမာ္ဒယ္အသစ္ မိတ္ဆက္ေပးလိုက္တယ္လို႔ သိရပါတယ္။ အခုလို လွ်ပ္စစ္စြမ္းအင္သုံး ကားေတြထဲမွာ နည္းပညာပိုင္းနဲ႔ ပတ္သက္လို႔ Audi က ဦးေဆာင္ေနတာ ျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံးကားဆုကို ႏွစ္ႀကိမ္တိုင္တိုင္ ဆြတ္ခူးထားတဲ့ ကားကုမၸဏီလည္းျဖစ္ပါတယ္။

ပြဲထုတ္ျပသထားတဲ့ SUV ေမာ္ဒယ္ရဲ႕ ကားဦးခန္း

Audi ရဲ႕ လွ်ပ္စြမ္းအင္သုံး SUV ဟာ Hybrid ကားအမ်ိဳးအစားျဖစ္ၿပီး 95kWh Battery ပါဝင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ အားတစ္ခါသြင္းထား႐ုံနဲ႔ 248 မိုင္အထိ ေမာင္းႏွင္ႏိုင္မွာျဖစ္လို႔ ဒီအကြာအေဝးဟာ Tesla ရဲ႕ လွ်ပ္စစ္စြမ္းအင္သုံး SUV ေမာ္ဒယ္ X ထက္ 28 မိုင္ ပိုေမာင္းႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒါအျပင္ SUV ေမာ္ဒယ္အသစ္ဟာ ပထမဦးဆုံး 150kW အားသြင္းစနစ္ အေထာက္အပံ့ပါဝင္မွာျဖစ္လို႔ Audi အဆိုရ ဆိုရင္ မိနစ္ 30 အတြင္း 50kW ပမာဏအထိ လွ်င္လွ်င္ျမန္ျမန္ အားသြင္းႏိုင္မွာပါ။

ကားတံခါးမွာ သီးသန္႔ Screen တစ္ခု ထပ္တပ္ေပးထားပါတယ္

ဒါေပမယ့္ ခြၽင္းခ်က္အေနနဲ႔ အိမ္သုံးလွ်ပ္စစ္နဲ႔ အားသြင္းခဲ့မယ္ဆိုရင္ ကားဘက္ထရီက အမ်ားဆုံး 11kW ႏႈန္းနဲ႔ပဲ အားသြင္းေပးမွာ ျဖစ္တဲ့အတြက္ Battery အျပည့္သြင္းမယ္ဆိုရင္ အခ်ိန္ ၈ နာရီခြဲခန္႔ လိုအပ္မွာျဖစ္ပါတယ္။ ဒီျပႆနာကို 22kW အားသြင္းစနစ္ ေျဖရွင္းေပးသြားမွာ ျဖစ္ေပမယ့္ ဘယ္ေလာက္ႏႈန္းထားနဲ႔ အားသြင္းႏိုင္မလဲဆိုတာ Audi အေနနဲ႔ ေျပာၾကားထားျခင္း မရွိေသးပါဘူး။ အခုလို အားသြင္းစနစ္နဲ႔ ေမာင္းႏွင္ရမွာျဖစ္တဲ့အတြက္ ကားရဲ႕ဘက္ထရီကို အႀကိမ္ 200 နီးပါး အားသြင္းအသုံးျပဳႏိုင္ေအာင္ ထုတ္လုပ္ေပးထားသလို Audi အေနနဲ႔ 2020 ေမာ္ဒယ္ေတြမွာ ဘက္ထရီ Charge Cycle ကို အႀကိမ္ 400 အထိ အသုံးခံေအာင္ ထုတ္လုပ္သြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

ေနာက္ၾကည့္ ကင္မရာလို သုံးႏိုင္မယ့္ 7″ OLED Display

ဒါ့အျပင္ SUV ေမာ္ဒယ္အသစ္ရဲ႕ အတြင္းပိုင္း အျပင္အဆင္ပိုင္းနဲ႔ ပတ္သက္လို႔ Audi က ဖန္သားဒီဇိုင္းပုံစံနဲ႔ အလွဆင္ထားတာ ေတြ႕ရမွာပါ။ ဒါ့အျပင္ ကားတံခါးရဲ႕ တစ္ဖက္တစ္ခ်က္စီမွာ ေနာက္ၾကည့္မွန္ အျဖစ္အသုံးျပဳလို႔ရမယ့္ Screen 4 ခု တပ္ဆင္ေပးထားဦးမွာပါ။ ကားေရွ႕ခန္းထဲမွာ 7 လက္မ OLED Display ၂ ခု ပါဝင္ဦးမွာ ျဖစ္ၿပီး တစ္ခုကို ကားေနာက္ဘက္ကို ၾကည့္ရႈဖို႔ အသုံးျပဳႏိုင္မွာပါ။ ကားအတြင္း ေတးသီခ်င္းနားဆင္ဖို႔ 705W အားရွိတဲ့ Bang & Olufsen စပီကာ 16 လုံးပါဝင္ဦးမွာျဖစ္သလို ကားဂီယာကို လက္နဲ႔ခ်ိန္းမယ့္အစား Driving Mode မွာ “Gear” ကိုေ႐ြးခ်ယ္လိုက္တာနဲ႔ အလိုအေလွ်ာက္ခ်ိန္းေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Driving Mode လိုသုံးႏိုင္ဦးမယ့္ OLED ဒိုင္ခြက္

အခုလို Audi က မိတ္ဆက္လိုက္တဲ့ SUV ေမာ္ဒယ္အသစ္မွာ လူ 5 ေယာက္စီးႏိုင္မွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ CEO “Rupert Stadler” ဟာ ဒီဇယ္ဆီသုံး ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္ခဲ့မႈေၾကာင့္ မီးခိုးေငြ႕ထြက္မႈအေပၚ ဂ်ာမနီႏိုင္ငံ တရား႐ုံးရဲ႕ အေရးယူ ဖမ္းဆီးျခင္းခံခဲ့ရတယ္လို႔ သိရပါတယ္။ အဲ့ဒါေၾကာင့္ Audi ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက SUV ေမာ္ဒယ္အသစ္ထုတ္လုပ္မႈ ေခတၱရပ္ဆိုင္းထားသလို ဝယ္ယူရရွိႏိုင္မယ့္ ေစ်းႏႈန္း ေျပာၾကားထားျခင္းမရွိေသးပါဘူး။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: Engadget

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

SUV မော်ဒယ်အသစ်ကို Glass Illumination ဒီဇိုင်းနဲ့ ပွဲထုတ်ပြသလိုက်တဲ့ Audi

ဂျာမနီနိုင်ငံအခြေစိုက် နည်းပညာမြင့်မော်တော်ကားတွေ ထုတ်လုပ်လျက်ရှိနေတဲ့ Audi အနေနဲ့ လျှပ်စစ်စွမ်းအင်သုံး SUV မော်ဒယ်အသစ် မိတ်ဆက်ပေးလိုက်တယ်လို့ သိရပါတယ်။ အခုလို လျှပ်စစ်စွမ်းအင်သုံး ကားတွေထဲမှာ နည်းပညာပိုင်းနဲ့ ပတ်သက်လို့ Audi က ဦးဆောင်နေတာ ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကားဆုကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးထားတဲ့ ကားကုမ္ပဏီလည်းဖြစ်ပါတယ်။

ပွဲထုတ်ပြသထားတဲ့ SUV မော်ဒယ်ရဲ့ ကားဦးခန်း

Audi ရဲ့ လျှပ်စွမ်းအင်သုံး SUV ဟာ Hybrid ကားအမျိုးအစားဖြစ်ပြီး 95kWh Battery ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အားတစ်ခါသွင်းထားရုံနဲ့ 248 မိုင်အထိ မောင်းနှင်နိုင်မှာဖြစ်လို့ ဒီအကွာအဝေးဟာ Tesla ရဲ့ လျှပ်စစ်စွမ်းအင်သုံး SUV မော်ဒယ် X ထက် 28 မိုင် ပိုမောင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါအပြင် SUV မော်ဒယ်အသစ်ဟာ ပထမဦးဆုံး 150kW အားသွင်းစနစ် အထောက်အပံ့ပါဝင်မှာဖြစ်လို့ Audi အဆိုရ ဆိုရင် မိနစ် 30 အတွင်း 50kW ပမာဏအထိ လျှင်လျှင်မြန်မြန် အားသွင်းနိုင်မှာပါ။

ကားတံခါးမှာ သီးသန့် Screen တစ်ခု ထပ်တပ်ပေးထားပါတယ်

ဒါပေမယ့် ချွင်းချက်အနေနဲ့ အိမ်သုံးလျှပ်စစ်နဲ့ အားသွင်းခဲ့မယ်ဆိုရင် ကားဘက်ထရီက အများဆုံး 11kW နှုန်းနဲ့ပဲ အားသွင်းပေးမှာ ဖြစ်တဲ့အတွက် Battery အပြည့်သွင်းမယ်ဆိုရင် အချိန် ၈ နာရီခွဲခန့် လိုအပ်မှာဖြစ်ပါတယ်။ ဒီပြဿနာကို 22kW အားသွင်းစနစ် ဖြေရှင်းပေးသွားမှာ ဖြစ်ပေမယ့် ဘယ်လောက်နှုန်းထားနဲ့ အားသွင်းနိုင်မလဲဆိုတာ Audi အနေနဲ့ ပြောကြားထားခြင်း မရှိသေးပါဘူး။ အခုလို အားသွင်းစနစ်နဲ့ မောင်းနှင်ရမှာဖြစ်တဲ့အတွက် ကားရဲ့ဘက်ထရီကို အကြိမ် 200 နီးပါး အားသွင်းအသုံးပြုနိုင်အောင် ထုတ်လုပ်ပေးထားသလို Audi အနေနဲ့ 2020 မော်ဒယ်တွေမှာ ဘက်ထရီ Charge Cycle ကို အကြိမ် 400 အထိ အသုံးခံအောင် ထုတ်လုပ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

နောက်ကြည့် ကင်မရာလို သုံးနိုင်မယ့် 7″ OLED Display

ဒါ့အပြင် SUV မော်ဒယ်အသစ်ရဲ့ အတွင်းပိုင်း အပြင်အဆင်ပိုင်းနဲ့ ပတ်သက်လို့ Audi က ဖန်သားဒီဇိုင်းပုံစံနဲ့ အလှဆင်ထားတာ တွေ့ရမှာပါ။ ဒါ့အပြင် ကားတံခါးရဲ့ တစ်ဖက်တစ်ချက်စီမှာ နောက်ကြည့်မှန် အဖြစ်အသုံးပြုလို့ရမယ့် Screen 4 ခု တပ်ဆင်ပေးထားဦးမှာပါ။ ကားရှေ့ခန်းထဲမှာ 7 လက်မ OLED Display ၂ ခု ပါဝင်ဦးမှာ ဖြစ်ပြီး တစ်ခုကို ကားနောက်ဘက်ကို ကြည့်ရှုဖို့ အသုံးပြုနိုင်မှာပါ။ ကားအတွင်း တေးသီချင်းနားဆင်ဖို့ 705W အားရှိတဲ့ Bang & Olufsen စပီကာ 16 လုံးပါဝင်ဦးမှာဖြစ်သလို ကားဂီယာကို လက်နဲ့ချိန်းမယ့်အစား Driving Mode မှာ “Gear” ကိုရွေးချယ်လိုက်တာနဲ့ အလိုအလျှောက်ချိန်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Driving Mode လိုသုံးနိုင်ဦးမယ့် OLED ဒိုင်ခွက်

အခုလို Audi က မိတ်ဆက်လိုက်တဲ့ SUV မော်ဒယ်အသစ်မှာ လူ 5 ယောက်စီးနိုင်မှာဖြစ်ပြီး လက်ရှိအချိန်မှာ CEO “Rupert Stadler” ဟာ ဒီဇယ်ဆီသုံး မော်တော်ယာဥ် မောင်းနှင်ခဲ့မှုကြောင့် မီးခိုးငွေ့ထွက်မှုအပေါ် ဂျာမနီနိုင်ငံ တရားရုံးရဲ့ အရေးယူ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် Audi ရဲ့ ပြောရေးဆိုခွင့်ရှိသူက SUV မော်ဒယ်အသစ်ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းထားသလို ဝယ်ယူရရှိနိုင်မယ့် စျေးနှုန်း ပြောကြားထားခြင်းမရှိသေးပါဘူး။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: Engadget

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။