[Zawgyi]

ကမ႓ာ႔ဂုဏ္သတင္းႀကီး နာရီေတြရဲ႕ ခမ္းနားမႈတို႔ ဂုဏ္ျဒပ္ AUDEMARS PIGUET

နာရီကို ႐ူး႐ူးမူးမူးသေဘာက်ၾကတဲ့၊ နာရီနဲ႔ပတ္သက္ရင္ ထိပ္တန္း Luxury Brands အားလံုးနဲ႔ ရင္းႏွီးတဲ့ နာရီခ်စ္သူေတြအတြက္ေတာ့ AUDEMARS PIGUET ဆိုတာ စိတ္ကူးယဥ္အိပ္မက္ေတြထဲက လိုခ်င္ဖြယ္အေကာင္းဆံုး ထိပ္တန္း နာရီတစ္မ်ိဳးပါ။

နာရီထုတ္လုပ္မႈေလာကမွာ ထူးထူးျခားျခား အဆင့္အတန္းျမင့္တဲ့ အရည္အေသြး၊ ထုတ္လုပ္မႈအျပင္ ေတာ္ဝင္ဆန္တဲ့ အသြင္အျပင္ေတြေၾကာင့္ နာရီေလာကရဲ႕ ဥေသွ်ာင္ျဖစ္လာတဲ့ AUDEMARS PIGUET ဟာ တကယ့္ Legendary Big Three Watches အျဖစ္ Vacheron Constantin နဲ႔ Patek Philippe တို႔နဲ႔တူတူ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

AUDEMARS PIGUET ကို 1875 ခုႏွစ္မွာ Watchmaker ေတြျဖစ္ၾကတဲ့ Jules Louis Audemars နဲ႔ Edward Auguste Piguet တို႔ တူတူစတင္ၿပီး Switzerland ႏိုင္ငံရဲ႕ Vallee de Joux ေတာင္ကုန္းေတြေပၚမွာ တည္ေထာင္ခဲ့တာျဖစ္ပါတယ္။

AP (AUDEMARS PIGUET) လက္ပတ္နာရီေတြဟာ နာရီရဲ႕ လႈပ္ရွားမႈပံုစံကအစ နာရီပံုမွန္လည္ပတ္တဲ့ အေျခအေနကို အဆင့္ျမင့္ထူးျခားနည္းပညာေတြခ်ည္း အသံုးျပဳထားတာမို႔ သူ႔ေခတ္သူ႔အခါတည္းကကို တျခားနာရီထုတ္လုပ္သူေတြ ဆင္တုူရိုုးမွား တုပလို႔မရေအာင္ ခက္ခဲခဲ့ပါတယ္။

သူတို႔ ၂ဦးစတင္ပူးေပါင္းခဲ့စဥ္တည္းက Brand နာမည္ကိုပါ Audemars နဲ႔ Piguet တို႔ရဲ႕ မ်ိဳး႐ိုးနာမည္ေတြ တြဲဖက္ေပးခဲ့ၿပီး Audemars ကေတာ့ ထုတ္လုပ္မႈနဲ႔ နည္းပညာအပိုင္းကိုတာဝန္ယူကာ အေရာင္းနဲ႔ စီမံခန္႔ခြဲမႈအေထြေထြကိုေတာ့ Piguets က တာဝန္ယူခဲ့ပါတယ္။ ဒါေပမယ့္ ၁၈၈၁ ခုႏွစ္ထိ နာမည္ကို တရားဝင္ မွတ္ပံုမတင္ခဲ့ရေသးပါဘူး။

အဲ႔ဒီေနာက္ သူတို႔ပူးေပါင္းၿပီး တူတူႀကိဳးစားမႈရဲ႕ ရလဒ္အျဖစ္ အခ်ိန္တိုေလးအတြင္း နာရီေလာကတစ္ခုလံုးမွာ နာမည္ႀကီးလာခဲ့ပါတယ္။ စတင္တည္ေထာင္တည္းက စိတ္ေက်နပ္စရာအေကာင္းဆံုးနဲ႔ ထူးျခားၿပီး ဘယ္သူမွ တုပလို႔မရႏိုင္တဲ့နာရီေတြတီထြင္ဖို႔ကိုပဲ ၂ဦးသားတူတူရည္မွန္းခဲ့တာမို႔ သူတို႔ထုတ္လုပ္ခဲ့သမွ် AP နာရီေတြအားလံုးဟာ ဆယ္စုႏွစ္တစ္ခုၾကာတဲ့အထိ ကမ႓ာ့အရႈပ္ေထြးဆံုးနဲ႔ ဆြဲေဆာင္မႈအရွိဆံုး အိတ္ေဆာင္နဲ႔ လက္ပတ္နာရီေတြအျဖစ္ အဆင့္ဆင့္နာမည္ႀကီးခဲ့ပါတယ္။

ပထမဆံုး နာမည္ႀကီးခဲ့တာကေတာ့ အရႈပ္ေထြးဆံုးဒီဇိုင္းေတြနဲ႔ ဖန္တီးခဲ့တဲ့ “Universelle” Pocket Watch ပဲျဖစ္ပါတယ္။

နာရီျပဳလုပ္ခဲ့တဲ့သမိုင္းမွာ အေရးပါဆံုးျဖစ္ေစခဲ့တာၿဖစ္ၿပီး တကယ့္ စံခ်ိန္တင္ေလာက္စရာလက္ရာေတြနဲ႔ ျပဳလုပ္ခဲ့တာပါ။

ေနာက္ဆံုး AP ရဲ႕ သမိုင္းမွာ နာမည္အႀကီးဆံုးျဖစ္ေစခဲ့တာေတာ့ “Royal Oak” ဆိုတဲ့နာမည္နဲ႔ ထုတ္လုပ္ခဲ့တဲ့ ကမ႓ာ့ပထမဆံုး ဇိမ္ခံ Sport Watch ျဖစ္ပါတယ္။ ေရစိုခံ၊ အၾကမ္းခံႏိုင္တဲ့အျပင္ နာရီတစ္ခုလံုးကို တည္ေဆာက္မႈပိုင္းေရာ၊ ပံုပန္းသြင္ျပင္ကိုပါ အေသးစိတ္ ထူးထူးျခားျခား ဖန္တီးခဲ့တာမို႔ နာရီေလာကတစ္ခုလံုးကို ေတာ္လွန္ပစ္ခဲ့တဲ့ ပထမဆံုး နာရီျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ ရႈပ္ေထြးခက္ခဲၿပီး တျခားနာရီကုမၸဏီေတြ တုပလို႔မရႏိုင္တဲ့ AP ရဲ႕ Royal Oak ကို ဖန္တီးခ်ိန္က ၂၄ နာရီအတြင္းသာ ၾကာခဲ့ပါတယ္တဲ့။

တျခားနာမည္ႀကီးခဲ့တဲ့ နာရီ Model ေတြကေတာ့ Royal Oak Concept ၊ Royal Oak Offshore ၊ Millenary ၊ Jules Audemars ၊ Haute Joaillerie နဲ႔ Classique တို႔ျဖစ္ပါတယ္။

“Master of Grand Complications” လို႔ဆိုရေလာက္ေအာင္ နာရီေလာကတစ္ခုလံုးရဲ႕ အရႈပ္ေထြးဆံုးနာရီစနစ္ေတြနဲ႔ ေအာင္ျမင္မႈအႀကီးဆံုး နာရီ Brand တစ္ခုကို ထူေထာင္ႏိုင္ခဲ့သူ AUDEMARS PIGUET ရဲ႕ ထူးျခားခ်က္တစ္ခုကေတာ့ Audemars ေရာ၊ Piguet ရဲ႕ ေဆြမ်ိဳးအဆင့္ဆင့္ကိုယ္တိုင္ နာရီ Brand ကို ခုထိလက္ဆင့္ကမ္းသယ္ယူခဲ့ၿပီး မ်ိဳး႐ိုးစဥ္ဆက္ထိန္းသိမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ကမ႓ာ့နာရီေလာကမွာ သမိုင္းတစ္ခု အခိုင္အမာဖန္တီးခဲ့တဲ့ AP ဟာ ဒီေန႔ေခတ္မွာေတာ့ Lebron James ၊ Serena Williams ၊ Quincey Jones ၊ Jay-Z နဲ႔ Arnold Schwarzenegger တို႔ရဲ႕ တန္ဖိုးထားဝတ္ဆင္ျခင္းခံရတဲ့အထိကို ေအာင္ၿမင္ခဲ့ပါတယ္။

နာရီကို တန္ဖိုးထားျမတ္ႏိုးၿပီး တယုတယ စုေဆာင္းတတ္တဲ့ နာရီ ႐ူးသြပ္သူေတြ၊ နာရီေကာင္းတစ္လံုးနဲ႔ ကိုယ့္ရဲ႕ အဆင့္အတန္းကို အျမင့္ဆံုးေဖာ္က်ဴးခ်င္သူေတြအတြက္ေတာ့ “To break the rules, you must first master them” ဆိုတဲ့ လက္စြဲေဆာင္ပုဒ္အတိုင္း AUDEMARS PIGUET ကေတာ့ ေတာ္ဝင္ဆန္တဲ့ နာရီတို႔ရဲ႕ Pioneer တစ္ခုအျဖစ္ ဂုဏ္ယူဝံ့ႂကြားစရာျဖစ္ေနပါေတာ့တယ္။

EiEiKhineMinn ( Akhayar )

[Unicode]

ကမ္ဘာ့ဂုဏ်သတင်းကြီး နာရီတွေရဲ့ ခမ်းနားမှုတို့ ဂုဏ်ဒြပ် AUDEMARS PIGUET

နာရီကို ရူးရူးမူးမူးသဘောကျကြတဲ့၊ နာရီနဲ့ပတ်သက်ရင် ထိပ်တန်း Luxury Brands အားလုံးနဲ့ ရင်းနှီးတဲ့ နာရီချစ်သူတွေအတွက်တော့ AUDEMARS PIGUET ဆိုတာ စိတ်ကူးယဉ်အိပ်မက်တွေထဲက လိုချင်ဖွယ်အကောင်းဆုံး ထိပ်တန်း နာရီတစ်မျိုးပါ။

နာရီထုတ်လုပ်မှုလောကမှာ ထူးထူးခြားခြား အဆင့်အတန်းမြင့်တဲ့ အရည်အသွေး၊ ထုတ်လုပ်မှုအပြင် တော်ဝင်ဆန်တဲ့ အသွင်အပြင်တွေကြောင့် နာရီလောကရဲ့ ဥသျှောင်ဖြစ်လာတဲ့ AUDEMARS PIGUET ဟာ တကယ့် Legendary Big Three Watches အဖြစ် Vacheron Constantin နဲ့ Patek Philippe တို့နဲ့တူတူ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

AUDEMARS PIGUET ကို 1875 ခုနှစ်မှာ Watchmaker တွေဖြစ်ကြတဲ့ Jules Louis Audemars နဲ့ Edward Auguste Piguet တို့ တူတူစတင်ပြီး Switzerland နိုင်ငံရဲ့ Vallee de Joux တောင်ကုန်းတွေပေါ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

AP ( AUDEMARS PIGUET) လက်ပတ်နာရီတွေဟာ နာရီရဲ့ လှုပ်ရှားမှုပုံစံကအစ နာရီပုံမှန်လည်ပတ်တဲ့ အခြေအနေကို အဆင့်မြင့်ထူးခြားနည်းပညာတွေချည်း အသုံးပြုထားတာမို့ သူ့ခေတ်သူ့အခါတည်းကကို တခြားနာရီထုတ်လုပ်သူတွေ ဆင်တုူရိုုးမှား တုပလို့မရအောင် ခက်ခဲခဲ့ပါတယ်။

သူတို့ ၂ဦးစတင်ပူးပေါင်းခဲ့စဉ်တည်းက Brand နာမည်ကိုပါ Audemars နဲ့ Piguet တို့ရဲ့ မျိုးရိုးနာမည်တွေ တွဲဖက်ပေးခဲ့ပြီး Audemars ကတော့ ထုတ်လုပ်မှုနဲ့ နည်းပညာအပိုင်းကိုတာဝန်ယူကာ အရောင်းနဲ့ စီမံခန့်ခွဲမှုအထွေထွေကိုတော့ Piguets က တာဝန်ယူခဲ့ပါတယ်။ ဒါပေမယ့် ၁၈၈၁ ခုနှစ်ထိ နာမည်ကို တရားဝင် မှတ်ပုံမတင်ခဲ့ရသေးပါဘူး။

အဲ့ဒီနောက် သူတို့ပူးပေါင်းပြီး တူတူကြိုးစားမှုရဲ့ ရလဒ်အဖြစ် အချိန်တိုလေးအတွင်း နာရီလောကတစ်ခုလုံးမှာ နာမည်ကြီးလာခဲ့ပါတယ်။ စတင်တည်ထောင်တည်းက စိတ်ကျေနပ်စရာအကောင်းဆုံးနဲ့ ထူးခြားပြီး ဘယ်သူမှ တုပလို့မရနိုင်တဲ့နာရီတွေတီထွင်ဖို့ကိုပဲ ၂ဦးသားတူတူရည်မှန်းခဲ့တာမို့ သူတို့ထုတ်လုပ်ခဲ့သမျှ AP နာရီတွေအားလုံးဟာ ဆယ်စုနှစ်တစ်ခုကြာတဲ့အထိ ကမ္ဘာ့အရှုပ်ထွေးဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး အိတ်ဆောင်နဲ့ လက်ပတ်နာရီတွေအဖြစ် အဆင့်ဆင့်နာမည်ကြီးခဲ့ပါတယ်။

ပထမဆုံး နာမည်ကြီးခဲ့တာကတော့ အရှုပ်ထွေးဆုံးဒီဇိုင်းတွေနဲ့ ဖန်တီးခဲ့တဲ့ “Universelle” Pocket Watch ပဲဖြစ်ပါတယ်။

နာရီပြုလုပ်ခဲ့တဲ့သမိုင်းမှာ အရေးပါဆုံးဖြစ်စေခဲ့တာဖြစ်ပြီး တကယ့် စံချိန်တင်လောက်စရာလက်ရာတွေနဲ့ ပြုလုပ်ခဲ့တာပါ။

နောက်ဆုံး AP ရဲ့ သမိုင်းမှာ နာမည်အကြီးဆုံးဖြစ်စေခဲ့တာတော့ “Royal Oak” ဆိုတဲ့နာမည်နဲ့ ထုတ်လုပ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဇိမ်ခံ Sport Watch ဖြစ်ပါတယ်။ ရေစိုခံ၊ အကြမ်းခံနိုင်တဲ့အပြင် နာရီတစ်ခုလုံးကို တည်ဆောက်မှုပိုင်းရော၊ ပုံပန်းသွင်ပြင်ကိုပါ အသေးစိတ် ထူးထူးခြားခြား ဖန်တီးခဲ့တာမို့ နာရီလောကတစ်ခုလုံးကို တော်လှန်ပစ်ခဲ့တဲ့ ပထမဆုံး နာရီဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ရှုပ်ထွေးခက်ခဲပြီး တခြားနာရီကုမ္ပဏီတွေ တုပလို့မရနိုင်တဲ့ AP ရဲ့ Royal Oak ကို ဖန်တီးချိန်က ၂၄ နာရီအတွင်းသာ ကြာခဲ့ပါတယ်တဲ့။

တခြားနာမည်ကြီးခဲ့တဲ့ နာရီ Model တွေကတော့ Royal Oak Concept ၊ Royal Oak Offshore ၊ Millenary ၊ Jules Audemars ၊ Haute Joaillerie နဲ့ Classique တို့ဖြစ်ပါတယ်။

“Master of Grand Complications” လို့ဆိုရလောက်အောင် နာရီလောကတစ်ခုလုံးရဲ့ အရှုပ်ထွေးဆုံးနာရီစနစ်တွေနဲ့ အောင်မြင်မှုအကြီးဆုံး နာရီ Brand တစ်ခုကို ထူထောင်နိုင်ခဲ့သူ AUDEMARS PIGUET  ရဲ့ ထူးခြားချက်တစ်ခုကတော့ Audemars ရော၊ Piguet ရဲ့ ဆွေမျိုးအဆင့်ဆင့်ကိုယ်တိုင် နာရီ Brand ကို ခုထိလက်ဆင့်ကမ်းသယ်ယူခဲ့ပြီး မျိုးရိုးစဉ်ဆက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့နာရီလောကမှာ သမိုင်းတစ်ခု အခိုင်အမာဖန်တီးခဲ့တဲ့ AP ဟာ ဒီနေ့ခေတ်မှာတော့ Lebron James ၊ Serena Williams ၊ Quincey Jones ၊ Jay-Z နဲ့ Arnold Schwarzenegger တို့ရဲ့ တန်ဖိုးထားဝတ်ဆင်ခြင်းခံရတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။

နာရီကို တန်ဖိုးထားမြတ်နိုးပြီး တယုတယ စုဆောင်းတတ်တဲ့ နာရီ ရူးသွပ်သူတွေ၊ နာရီကောင်းတစ်လုံးနဲ့ ကိုယ့်ရဲ့ အဆင့်အတန်းကို အမြင့်ဆုံးဖော်ကျူးချင်သူတွေအတွက်တော့ “To break the rules, you must first master them” ဆိုတဲ့ လက်စွဲဆောင်ပုဒ်အတိုင်း AUDEMARS PIGUET ကတော့ တော်ဝင်ဆန်တဲ့ နာရီတို့ရဲ့ Pioneer တစ်ခုအဖြစ် ဂုဏ်ယူဝံ့ကြွားစရာဖြစ်နေပါတော့တယ်။

EiEiKhineMinn ( Akhayar )