[Zawgyi]

ေအာက္တိုဘာလအတြက္ အေကာင္းဆုံးဆုေတြ ဆြတ္ခူးခဲ့တဲ့ Aubameyang နဲ႔ Eddie Howe

ေအာက္တိုဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံးဆုေတြကုိ အာဆင္နယ္အသင္း တိုက္စစ္မွဴး အူဘာမီယန္း Aubameyang နဲ႔ ဘုန္းေမာက္အသင္းနည္းျပ အက္ဒီေဟာင္း Eddie Howe တို႔ ဆြတ္ခူးရရွိခဲ့ပါတယ္။ အူဘာမီယန္းဟာ ေအာက္တိုဘာလတုန္းက ကစားခဲ့တဲ့ ဖူလ္ဟမ္၊ လက္စတာ၊ ပဲေလ့စ္တို႔နဲ႔ပဲြမွာ အသင္းအတြက္ (၅)ဂုိးသြင္းယူခဲ့ၿပီး ေျခစြမ္းျပႏုိင္ခဲ့လုိ႔ ေအာက္တုိဘာလရဲ႕ အေကာင္းဆုံး ကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

Aubameyang-

Aubameyang-

ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးဆုကုိ ၂၀၁၅၊ မတ္လတုန္းက ဂ်႐ူး Olivier Giroud ဆြတ္ခူးခဲ့ၿပီးေနာက္ပုိင္း (၃)ႏွစ္ေက်ာ္အတြင္း အူဘာမီယန္းဟာ အဲဒီဆုကုိ ရရွိခဲ့တဲ့ ပထမဆုံး အာဆင္နယ္ကစားသမားျဖစ္ခဲ့တယ္။

Eddie-Howe

Eddie-Howe

ဘုန္းေမာက္အသင္း နည္းျပျဖစ္တဲ့ အက္ဒီေဟာင္းဟာ ေအာက္တိုဘာလအတြင္း ယွဥ္ၿပိဳင္ခဲ့တဲ့ ပရီးမီးယားလိဂ္ပဲြစဥ္ (၄)ပဲြမွာ (၃)ပဲြႏုိင္၊ (၁)ပဲြသေရ ရရွိေအာင္ စြမ္းေဆာင္ခဲ့ၿပီး ျဖစ္ႏုိင္ေျခရွိတဲ့ (၁၂)မွတ္ထဲက (၁၀)မွတ္အထိ ရယူႏုိင္ခဲ့ၿပီး အခုလုိ တစ္လတာအေကာင္းဆုံး နညး္ျပဆုကုိ ဆြတ္ခူးခဲ့တာပါ။ ဒါဟာ အက္ဒီေဟာင္းအတြက္ (၃)ႀကိမ္ေျမာက္ ရယူခဲ့တဲ့ဆုလည္းျဖစ္ပါတယ္။

Ramsey

Ramsey

ေအာက္တိုဘာလအတြက္ ပရီးမီးယားလိဂ္ အေကာင္းဆုံးသြင္းဂုိးဆုကုိေတာ့ ဖူလ္ဟမ္ကုိ (၅-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ပဲြမွာ အာဆင္နယ္အသင္းအတြက္ တတိယေျမာက္ဂုိး သြင္းယူခဲ့တဲ့ ရမ္ေဆး Ramsey က ဆြတ္ခူးခဲ့ပါတယ္။

REF:Sky Sports,Arsenal,Ramsey Twitter
Photo:M88FC,Premier League,arsenal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အောက်တိုဘာလအတွက် အကောင်းဆုံးဆုတွေ ဆွတ်ခူးခဲ့တဲ့ Aubameyang နဲ့ Eddie Howe

အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုတွေကို အာဆင်နယ်အသင်း တိုက်စစ်မှူး အူဘာမီယန်း Aubameyang နဲ့ ဘုန်းမောက်အသင်းနည်းပြ အက်ဒီဟောင်း Eddie Howe တို့ ဆွတ်ခူးရရှိခဲ့ပါတယ်။ အူဘာမီယန်းဟာ အောက်တိုဘာလတုန်းက ကစားခဲ့တဲ့ ဖူလ်ဟမ်၊ လက်စတာ၊ ပဲလေ့စ်တို့နဲ့ပွဲမှာ အသင်းအတွက် (၅)ဂိုးသွင်းယူခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့လို့ အောက်တိုဘာလရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

Aubameyang-

Aubameyang-

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုကို ၂၀၁၅၊ မတ်လတုန်းက ဂျရူး Olivier Giroud ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း (၃)နှစ်ကျော်အတွင်း အူဘာမီယန်းဟာ အဲဒီဆုကို ရရှိခဲ့တဲ့ ပထမဆုံး အာဆင်နယ်ကစားသမားဖြစ်ခဲ့တယ်။

Eddie-Howe

Eddie-Howe

ဘုန်းမောက်အသင်း နည်းပြဖြစ်တဲ့ အက်ဒီဟောင်းဟာ အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲမှာ (၃)ပွဲနိုင်၊ (၁)ပွဲသရေ ရရှိအောင် စွမ်းဆောင်ခဲ့ပြီး ဖြစ်နိုင်ခြေရှိတဲ့ (၁၂)မှတ်ထဲက (၁၀)မှတ်အထိ ရယူနိုင်ခဲ့ပြီး အခုလို တစ်လတာအကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့တာပါ။ ဒါဟာ အက်ဒီဟောင်းအတွက် (၃)ကြိမ်မြောက် ရယူခဲ့တဲ့ဆုလည်းဖြစ်ပါတယ်။

Ramsey

Ramsey

အောက်တိုဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးသွင်းဂိုးဆုကိုတော့ ဖူလ်ဟမ်ကို (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် တတိယမြောက်ဂိုး သွင်းယူခဲ့တဲ့ ရမ်ဆေး Ramsey က ဆွတ်ခူးခဲ့ပါတယ်။

REF:Sky Sports,Arsenal,Ramsey Twitter
Photo:M88FC,Premier League,arsenal.com
Naing Linn(Akhayar)
www.akhayar.com