နည်းပညာ လောကမှာ ယောက်င်္ကျားလေးတွေ ပဲကြီးစိုးနေတယ်လို့ထင်နေပါသလား ? အများစုကတော့ အမျိုးသမီးတွေ ဟာ Programming ပိုင်းမှာ အားနည်းကြပြီး ယောက်င်္ကျားလေးတွေကသာ ပိုကောင်းတယ်လို့ ထင်ကြပါတယ်။ဒီလိုဆိုရင်တော့ သင့်ထင်မြင်ချက် ကိုပြောင်းပြန်ဖြစ်စေမယ့် အမျိုးသမီး Programmers ၅ ယောက်ကို Akhayar.com မှဖော်ပြပေးလိုက်ပါတယ်။

၁။ Jade Raymond

Jade ဟာ ကနေဒါနိုင်ငံ Montreal မြို့ St.George’s School နဲ့ Marianopolis College ကနေ ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ Bachelor of Science Degree ကိုတော့ McGill University ကနေ ၁၉၉၈မှာ Computer Science နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ Sony ရဲ့ Research & Development Group မှာ Programmer ဘ၀ကို စတင်ခဲ့ပြီး နာမည်ကြီး အွန်လိုင်း ဂိမ်းဖြစ်တဲ့ The Sims Online Games ကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီဂိမ်းဟာ ၂၀၀၂ ခုနှစ်မှာ အကောင်းဆုံးဆုရရှိခဲ့ပါတယ်။ဒါ့အပြင် Jade ဟာ နာမည်ကြီး ဂိမ်းဖြစ်တဲ့ Assassin’s Creed ရဲ့ Producer ဖြစ်ပြီး လက်ရှိမှာတော့ Ubisoft Video Game ကုမ္ပဏီရဲ့ Managing Director အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။

၂။ Sara Haider

ဆွဲဆောင်မှုရှိတဲ့ နောက်ထပ်  Programmerတစ်ယောက် ကတော့ Sara Haider ပဲဖြစ်ပါတယ်။ ပါကစ္စတန်မှာမွေးပြီး အမေရိကန် Texas မှာကြီးပြင်းခဲ့တဲ့ Saraဟာ ဆယ်ကျော်သက်ဘ၀မှာ Islam ဘာသာ ကိုးကွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆက်လက်ကိုးကွယ်ခြင်းမရှိတော့ပါဘူး ။ သူမဟာ ၂၀၁၃မှာ မြောက်အမေရိကတိုက်ကနေ မိရိုးဖလာဘာသာကို ခွဲထွက်လာတဲ့ Islam တွေကို ကူညီပေးတဲ့ Ex-Muslim အသင်းကို တည်ထောင်ခဲ့ပါတယ်။ WaterLoo University ကနေဘွဲ့ရခဲ့ပြီး သူမရဲ့ Programmer ဘ၀အစကတော့ Sonic Solutins မှာ အလုပ်သင်အနေနဲ့စခဲ့တာဖြစ်ပါတယ်။ ဒ့ါအပြင် သူမဟာ Teradata မှာလည်း အလုပ်သင်အဖြစ်လုပ်ကိုင်ခဲ့သလို Google မှာလည်း ခဏတာအလုပ်လုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ Twitter ရဲ့ Software Engineer အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။

၃။ Corrine Yu

အမျိုးသမီးProgrammer တွေထဲမှာ ပထမနေရာ ရှိတဲ့သူကတော့ Corrine Yu ဖြစ်ပါတယ်။Programmer အဖြစ်အသက်မွေးဝမ်းကျောင်းမပြုခင်ကယ်လီဖိုးနီးယားပြည်နယ် Polytechnic Universtiy, Pomona မှာ Electrical Engineering အတန်းကို တက်ခဲ့ပါတယ်။ သူမဟာ နာမည်ကြီးဂိမ်းတွေဖြစ်တဲ့ Brothers In Arms ၊ Borderlands ၊ Zombie ၊ Unreal Engine 3 တို့ရေးဆွဲခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၉ခုနှစ်မှာလည်း Nuclear Physics Research အတွက် National Award ကို ရရှိခဲ့ပါတယ်။ သူမရဲ့ Programmer ဘ၀အစကတော့ Apple II ရဲ့ King’s Quest စီးရီးဖြစ်ပြီး Yu ဟာ ကိုယ်ပိုင်ပရောဂျက်ဖြစ်တဲ့ 3D Engine ကိုလည်း ကုမ္ပဏီ အများအပြားကို ရောင်းချခဲ့ပါတယ်။ ၁၉၉၇မှာ Video Game Developer အဖြစ် Ion Storm Game Company မှာလုပ်ကိုင်ခဲ့ပြီး ၂၀၀၁မှာထွက်ခဲ့တဲ့ Anachronox Video Game ထုတ်လုပ်ရာမှာ နည်းပညာ ဒါရိုက်တာ အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

၁၉၉၈မှာတော့ Ion Storm ကို စွန့်ခွာခဲ့ပြီး 3D Realms မှာ Technology Programmer အဖြစ် ဦးဆောင်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၈မှာ Microsoft Studios က Yu ကို သူတို့ရဲ့ Internal Studio ဖြစ်တဲ့ 343 Industires အတွက် Principle Engine Architect အဖြစ်လုပ်ကိုင်ဖို့ ခေါ်ယူခဲ့ပါတယ်။ ၂၀၁၂ မှာ Halo 4 Video Game အတွက် Lighting ၊ Facial Animation နဲ့ အခြား နည်းပညာပိုင်းဆိုင်ရာတွေ ရေးဆွဲခဲ့ပါတယ်။ နိုဝင်ဘာ ၂၀၁၃မှာ Yu ဟာ Sony Computer Entertainment က ထောက်ပံ့ပေးတဲ့ Video Game Developer Naughty Dog ကို ရောက်ရှိခဲ့ပြီး Graphic Programmer အဖြစ် PlayStation 4 Projects မှာပါဝင်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၀၁၄မျာ Naughty Dog ကိုစွန့်ခွာခဲ့ပြီး Amazon.com ရဲ့ Amazon Prime Air Program မှာ ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။

၎။ Amanda Wixted

Arizona University ကနေ ၂၀၀၅ခုနှစ်မှာ ဘွဲ့ရခဲ့တဲ့ Amanda ဟာ SkillJam ရဲ့ Game Developer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Development Team ကို ဦးဆောင်ခဲ့ပြီး မိုဘိုင်း Multiplayer Game  ဖန်တီးရာမှာ ဦးဆောင်ခဲ့သူပါ။  ၂၀၀၇ မေမှာ SkillJam ကိုစွန့်ခွာခဲ့ပြီး Namco Networks America Inc.မှာ လုပ်ကိုင်ခဲ့ပါတယ်။ Namcoမှာ iPhone နဲ့ J2ME မိုဘိုင်းအတွက် Classic Games ကို ဖန်တီးခဲ့ပါတယ်။ ဒီဂိမ်းတွေမှာ PAC-MAN ၊ Ms.PAC-MAN ၊ Galaga and Dig-Dug တို့ပါဝင်ပါတယ်။ တစ်နှစ်ခွဲအကြာမှာတော့ Zynga ရဲ့ Network Operator နဲ့ Server-Side Gameplay Developer အနေနဲ့ လုပ်ကိုင်ခဲ့ပြီး  ၂၀၀၉မှာ တော့ Zynga ကုမ္ပဏီဟာ Facebook ဂိမ်းအသစ်ဖြစ်တဲ့ PetVille ကိုLaunched လုပ်ခဲ့ပါတယ်။ Amanda ဟာ ဒီဂိမ်းမှာ Server-Side Gameplay Features ကို Petville အတွက်ဖန်တီးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Zynga iPhone Team ရဲ့ Tech Leader အဖြစ်ရာထူးတိုးခြင်းခံခဲ့ရပါတယ်။

Amanda ဟာ iPhone ရဲ့ Social Gaming Network ကို ကျယ်ပြန့်အောင်ဆောင်ရွက်ခဲ့ပြီး LivePoker ၊ Mafia Wars ၊ Street Racing ၊ Vampire Wars နဲ့ FarmVille တို့ရဲ့ Development Team ကိုလည်း ဦးဆောင်ခဲ့ပါတယ်။ သူမဟာ ဖုန်းအခြေခံတဲ့ Game တွေ ဖန်တီးခဲ့ပြီး Turf Geography Club အတွက်လည်းလုပ်ကိုင်ခဲ့ပါတယ်။ 2012 မှာ Metor Grove Software ကို Texas မြို့ Austin မှာ ကိုယ်ပိုင် တည်ထောင်ခဲ့ပြီး လက်ရှိမှာတော့ IOS Game Apps တွေအတွက် အကြံပေးလုပ်ကိုင်ပါတယ်။

၅။ Tracy Chou

Tracy ဟာ Electrical Engineering နဲ့ဘွဲ့ ရရှိခဲ့တဲ့အပြင် Stanford University ကနေ Computer Science Master’s Degress ရရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။ သူမဟာ အလုပ်တော်တော်များများကို အချိန်ပြည့်လုပ်ကိုင်ခြင်းမရှိခဲ့ပဲ အလုပ်သင်အဖြစ်သာ လုပ်ကိုင်ခဲ့တာကိုပဲတွေ့ရပါတယ်။ ဘာလို့လည်းဆိုတော့ သူမဟာ အချိန်ပြည့်အလုပ်လုပ်ဖို့အတွက် ကျောင်းပြီးခါစမှာ ဆုံးဖြတ်ချက် မချနိုင်သေးတာကြောင့်ပါပဲ။ Facebook ရဲ့ အလုပ်သင် Programmer အဖြစ်လုပ်ကိုင်ခဲ့တဲ့ အချိန်မှာလည်း သူမဟာ Software Engineer အနေနဲ့ အသက်မွေးဝမ်း ကျောင်းလုပ်ဖို့ ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ ဒီလိုနဲ့ ၂၀၁၀ မှာ သူမဟာ Quora ကို ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Quora ဟာ Startup စတင်တဲ့အချိန်ဖြစ်ပြီး သူမကို Engineer တစ်ယောက်ဖြစ်ဖို့ တွန်းအားပေးခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ အောက်တိုဘာ ၂၀၁၁ မှာ Pinterest ကို Software Engineer အနေနဲ့ ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးဝန်ထမ်း ၁၅ယောက်စာရင်းမှာပါဝင်ခဲ့ပါတယ်။

Jan (Akhayar)

Ref : thecrazyprogrammer.com