[Zawgyi]

ဆြဲေဆာင္မႈရွိတဲ့ ကိုရီးယားမင္းသားလူပ်ိဳႀကီးသံုးေယာက္

ကိုရီးယား မင္းသားေတြထဲမွာ အသက္ ၃၀ ေက်ာ္ၿပီး ဆြဲေဆာင္မႈရွိၾကတဲ့ မင္းသားေတြအမ်ားႀကီး ထဲကမွ မင္းသား ၃ေယာက္ကိုေဖာ္ျပေပးခ်င္ပါတယ္။ သူတို႕ ေတြဟာ သရုပ္ေဆာင္ေကာင္းၾကတဲ့ အျပင္ ကိုရီးယားနိုင္ငံရဲ႕ေအာင္ျမင္ေက်ာ္ၾကားတဲ့ မင္းသားေတြထဲမွာလည္း ပါဝင္တဲ့ အတြက္ ျမန္မာပရိသတ္ေတြနဲ႕ေတာ့ ရင္းနွီးၿပီးသားျဖစ္ၾကမယ္လို႕လည္း ထင္ပါတယ္။

Jo In Sung

Jo In Sung ကို ၁၉၈၁ ခုနွစ္ ဇူလိုင္လ ၂၈ ရက္ေန႕မွာ ေမြးဖြားခဲ့တာပါ။ အခုဆိုရင္ သူ႕ရဲ႕ အသက္ဟာ ၃၆ နွစ္ရွိပါၿပီ။ သူဟာ ကိုရီးယား နိုင္ငံရဲ႕ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အမ်ိဳးသားသရုပ္ေဆာင္တစ္ဦး လို႕ေျပာလို႕ရပါတယ္။ ၁၉၉၈ ခုနွစ္ေလာက္ က စတင္လို႕ ေမာ္ဒယ္ေလာက ကို ဝင္ေရာက္လာသူတစ္ဦးျဖစ္ၿပီး သရုပ္ေဆာင္ျခင္း ကိုေတာ့ ၂၀၀၀ ခုနွစ္ေလာက္ကစတင္လို႕ လုပ္ေဆာင္ခဲ့တဲ့ မင္းသားတစ္လက္လည္းျဖစ္ပါတယ္။

Jo In Sung ပါဝင္ဖူးတဲ့ ဇာတ္ကားေတြကိုလည္း ပရိသတ္ေတြၾကည့္ဖူးၾကလိမ့္မယ္ထင္ပါတယ္။ A Frozen Flower (2008) ဇာတ္ကားနဲ႕ေတာ့ ျမန္မာပရိသတ္ေတြသူ႕ ကို ရင္းနွီးၾကမွာပါ။ သူပါဝင္ဖူးတဲ့ အျခားဇာတ္ကားေတြကေတာ့ What Happened in Bali(2004)၊ That Winter,the Wind Blows(2013)၊ It’s Okay,That’s Love(2014)၊ The Classic(2003) ၊ The King (2017) အစရွိတဲ့ ဇာတ္ကားေတြမွာ ပါဝင္ထားပါတယ္။

jo-in-sung

Jo In Sung ဟာ လက္ရွိအခ်ိန္အထိ တစ္ကုိယ္တည္းလူပ်ိဳႀကီးပါလို႕ သတင္းေကာင္းပါးရင္း သူရဲ႕ ပံုရိပ္တခ်ိဳ႕ ကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။

So Ji Sub

So Ji Sub ကို ၁၉၇၇ ခုနွစ္ နိုဝင္ဘာလ ၄ ရက္ေန႕မွာေမြးဖြားခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္သူ႕ရဲ႕ အသက္ဟာ ၄၀ ျပည့္ခဲ့ၿပီျဖစ္ပါတယ္။

So Ji Sub ဟာ သရုပ္ေဆာင္ျခင္းအျပင္ Rap သီခ်င္းေတြ သီဆိုရတာကိုလည္းႀကိဳက္နွစ္သက္ သူတစ္ဦးျဖစ္ပါတယ္။၁၉၉၅ ခုနွစ္ေလာက္မွာ ေမာ္ဒယ္အျဖစ္ Jeans Brand တစ္ခုကေနေရြးခ်ယ္ျခင္းခံခဲ့ရၿပီး အနုပညာအလုပ္ေတြကိုစတင္လုပ္ေဆာင္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ၁၉၉၀ – ၂၀၀၀ ခုနွစ္ေလာက္ကေနစတင္ၿပီးေတာ့ တီဗီအစီအစဥ္ေတြမွာ ပါဝင္ေနၿပီျဖစ္ပါတယ္။သူပါဝင္ဖူးတဲ့ ဇာတ္ကားေတြကေတာ့ I’m Sorry,I Love You(2004)၊ Cain and Abel(2009)၊ Phantom (2012)၊ Master’s Sun(2013) နဲ႕ Oh My Venus(2015-16) အစရွိတဲ့ဇာတ္ကားေတြမွာ သရုပ္ေဆာင္ထားပါတယ္။

So Ji Sub ဟာ အခုခ်ိန္ထိ လူပ်ိဳႀကီး တစ္ဦးျဖစ္တဲ့ အျပင္ေအာင္ျမင္တဲ့ အနုပညာရွင္ တစ္ဦး အေနနဲ႕ ျဖတ္သန္းလ်က္ရွိတဲ့ ကိုရီးယား မင္းသားေခ်ာတစ္လက္ျဖစ္တယ္ဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

Gong Yoo

Gong Yoo ကို ၁၉၇၉ ခုနွစ္ ဇူလိုင္လ ၁၀ ရက္ေန႕မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္သူ႕ရဲ႕ အသက္ဟာ ၃၈ နွစ္ျပည့္ခဲ့ပါၿပီ။ Gong Yoo ဟာ ကိုရီးယားနိုင္ငံ ရဲ႕ ေအာင္ျမင္ေက်ာ္ၾကားတဲ့ မင္းသားတစ္လက္လည္းျဖစ္ပါတယ္။ ၂၀၀၇ ခုနွစ္ က သူပါဝင္တဲ့ ဇာတ္ကားျဖစ္တဲ့ ေကာ္ဖီခ်စ္သူဇာတ္လမ္းတြဲဟာဆိုရင္ ကိုရီးယား နိုင္ငံမွာေက်ာ္ၾကားခဲ့ရံုတင္မကဘဲ ျမန္မာပရိသတ္ေတြနဲ႕ ရင္းနွီးတဲ့ ဇာတ္ကားလို႕ ေျပာရင္လည္း မွားမယ္မထင္ပါဘူး။

ေနာက္ထပ္ ျမန္မာပရိသတ္ေတြ ရင္းနွီးေစမယ့္ ဇာတ္ကားကေတာ့ Train to Busan(2016) ဆိုရင္လည္း ပရိသတ္ေတြ အရမ္းကို ႀကိဳက္နွစ္သက္ၾကတဲ့ ဇာတ္ကားေကာင္းတစ္ခုပါ။သူပါဝင္ဖူးတဲ့ ဇာတ္ကားေတြကေတာ့ Guardian:The Lonely and Great God (2016-2017)၊ Silenced(2011) နဲ႔ The Age of Shadows(2016) တုိ႔ပဲျဖစ္ပါတယ္။

Gong Yoo ဟာActor of the Year ဆု ကို ၂၀၁၇ ခုနွစ္မွာ Guardian:The Lonely and Great God ဇာတ္ကားနဲ႕ ရရွိခဲ့တာလည္းျဖစ္ပါတယ္။ ေနာက္ၿပီး  စတိုင္က်တဲ့ လူပ်ိဳႀကီးတစ္ဦးဆိုရင္ လည္း မွားမယ္မထင္ပါဘူး ပရိသတ္ႀကီးေရ…..

Photo Credit: DramaFever

ၾကည္သာ (Akhayar)
[Unicode]

ဆွဲဆောင်မှုရှိတဲ့ ကိုရီးယားမင်းသားလူပျိုကြီးသုံးယောက်

ကိုရီးယား မင်းသားတွေထဲမှာ အသက် ၃၀ ကျော်ပြီး ဆွဲဆောင်မှုရှိကြတဲ့ မင်းသားတွေအများကြီး ထဲကမှ မင်းသား ၃ယောက်ကိုဖော်ပြပေးချင်ပါတယ်။ သူတို့ တွေဟာ သရုပ်ဆောင်ကောင်းကြတဲ့ အပြင် ကိုရီးယားနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့ မင်းသားတွေထဲမှာလည်း ပါဝင်တဲ့ အတွက် မြန်မာပရိသတ်တွေနဲ့တော့ ရင်းနှီးပြီးသားဖြစ်ကြမယ်လို့လည်း ထင်ပါတယ်။

Jo In Sung

Jo In Sung ကို ၁၉၈၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ အခုဆိုရင် သူ့ရဲ့ အသက်ဟာ ၃၆ နှစ်ရှိပါပြီ။ သူဟာ ကိုရီးယား နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ အမျိုးသားသရုပ်ဆောင်တစ်ဦး လို့ပြောလို့ရပါတယ်။ ၁၉၉၈ ခုနှစ်လောက် က စတင်လို့ မော်ဒယ်လောက ကို ဝင်ရောက်လာသူတစ်ဦးဖြစ်ပြီး သရုပ်ဆောင်ခြင်း ကိုတော့ ၂၀၀၀ ခုနှစ်လောက်ကစတင်လို့ လုပ်ဆောင်ခဲ့တဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။

Jo In Sung ပါဝင်ဖူးတဲ့ ဇာတ်ကားတွေကိုလည်း ပရိသတ်တွေကြည့်ဖူးကြလိမ့်မယ်ထင်ပါတယ်။ A Frozen Flower (2008) ဇာတ်ကားနဲ့တော့ မြန်မာပရိသတ်တွေသူ့ ကို ရင်းနှီးကြမှာပါ။ သူပါဝင်ဖူးတဲ့ အခြားဇာတ်ကားတွေကတော့ What Happened in Bali(2004)၊ That Winter,the Wind Blows(2013)၊ It’s Okay,That’s Love(2014)၊ The Classic(2003) ၊ The King (2017) အစရှိတဲ့ ဇာတ်ကားတွေမှာ ပါဝင်ထားပါတယ်။

jo-in-sung

Jo In Sung ဟာ လက်ရှိအချိန်အထိ တစ်ကိုယ်တည်းလူပျိုကြီးပါလို့ သတင်းကောင်းပါးရင်း သူရဲ့ ပုံရိပ်တချို့ ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

So Ji Sub

So Ji Sub ကို ၁၉၇၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်သူ့ရဲ့ အသက်ဟာ ၄၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။

So Ji Sub ဟာ သရုပ်ဆောင်ခြင်းအပြင် Rap သီချင်းတွေ သီဆိုရတာကိုလည်းကြိုက်နှစ်သက် သူတစ်ဦးဖြစ်ပါတယ်။၁၉၉၅ ခုနှစ်လောက်မှာ မော်ဒယ်အဖြစ် Jeans Brand တစ်ခုကနေရွေးချယ်ခြင်းခံခဲ့ရပြီး အနုပညာအလုပ်တွေကိုစတင်လုပ်ဆောင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၀ – ၂၀၀၀ ခုနှစ်လောက်ကနေစတင်ပြီးတော့ တီဗီအစီအစဉ်တွေမှာ ပါဝင်နေပြီဖြစ်ပါတယ်။သူပါဝင်ဖူးတဲ့ ဇာတ်ကားတွေကတော့ I’m Sorry,I Love You(2004)၊ Cain and Abel(2009)၊ Phantom (2012)၊ Master’s Sun(2013) နဲ့ Oh My Venus(2015-16) အစရှိတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ထားပါတယ်။

So Ji Sub ဟာ အခုချိန်ထိ လူပျိုကြီး တစ်ဦးဖြစ်တဲ့ အပြင်အောင်မြင်တဲ့ အနုပညာရှင် တစ်ဦး အနေနဲ့ ဖြတ်သန်းလျက်ရှိတဲ့ ကိုရီးယား မင်းသားချောတစ်လက်ဖြစ်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Gong Yoo

Gong Yoo ကို ၁၉၇၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်သူ့ရဲ့ အသက်ဟာ ၃၈ နှစ်ပြည့်ခဲ့ပါပြီ။ Gong Yoo ဟာ ကိုရီးယားနိုင်ငံ ရဲ့ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် က သူပါဝင်တဲ့ ဇာတ်ကားဖြစ်တဲ့ ကော်ဖီချစ်သူဇာတ်လမ်းတွဲဟာဆိုရင် ကိုရီးယား နိုင်ငံမှာကျော်ကြားခဲ့ရုံတင်မကဘဲ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးတဲ့ ဇာတ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။

နောက်ထပ် မြန်မာပရိသတ်တွေ ရင်းနှီးစေမယ့် ဇာတ်ကားကတော့ Train to Busan(2016) ဆိုရင်လည်း ပရိသတ်တွေ အရမ်းကို ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကားကောင်းတစ်ခုပါ။သူပါဝင်ဖူးတဲ့ ဇာတ်ကားတွေကတော့ Guardian:The Lonely and Great God (2016-2017)၊ Silenced(2011) နဲ့ The Age of Shadows(2016) တို့ပဲဖြစ်ပါတယ်။

Gong Yoo ဟာActor of the Year ဆု ကို ၂၀၁၇ ခုနှစ်မှာ Guardian:The Lonely and Great God ဇာတ်ကားနဲ့ ရရှိခဲ့တာလည်းဖြစ်ပါတယ်။ နောက်ပြီး စတိုင်ကျတဲ့ လူပျိုကြီးတစ်ဦးဆိုရင် လည်း မှားမယ်မထင်ပါဘူး ပရိသတ်ကြီးရေ…..

Photo Credit: DramaFever

ကြည်သာ (Akhayar)