[Zawgyi]





ဖြစ်ပါတယ်



ချစ်ပရိသတ်များလည်း





ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ရုပ်ရှင်လောကကြီး ထိခိုက်နစ်နာမူတွေမဖြစ်စေဖို့ အားလုံးပါဝင်သင့်ပါတယ်

ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်ရှင်ရုံထဲမှာ တရားမဝင် ဖုန်းနဲ့ Record မလုပ်ဖို့ကို သတိပေးထားတာတွေ့ရပါတယ်။ အခုလိုပြုလုပ်သူတွေကိုလည်း တရားဥပဒေအရ ဆောင်ရွက်သွားမယ်လို့ အခုလိုသတိပေးထားတာဖြစ်ပါတယ်။

အလင်းရောင်ကလည်း အခုလိုတောင်းဆိုထားတာဖြစ်ပါတယ်

” ကာဗွန်ဒိုင်အောက်ဆိုဒ် ” ရုပ်ရှင်ဇာတ်ကားကြီးကို
ချစ်ပရိသတ်များ ကြိတ်ကြိတ်တိုး လာရောက်အားပေး
ကြည့်ရှုကြတာ အရမ်းကို ဝမ်းသာပီတိဖြစ်
ကျေးဇူးအထူးတင်ရပါတယ်ခင်ဗျာ

ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကားမပြမီက
ရုပ်ရှင်ဇာတ်ကားကို Record လုပ်နိုင်သော အရာဖြင့်
Record မလုပ်ရန် ကြိုတင်သတိပေးကြေညာထားပြီး
ဖြစ်ပါတယ်

ရုပ်ရှင်ဇာတ်ကားအား … ဖုန်းဖြင့်သော်လည်းကောင်း
ကင်မရာဖြင့်သော်လည်းကောင်း .. Record လုပ်နိုင်သော
တစ်စုံတစ်ရာဖြင့်သော်လည်းကောင်း
ရိုက်ကူးခြင်း … Social Media များပေါ်တွင်
Live လွှင့်ခြင်းတို့သည် တရားဥပဒေအရ
ပြစ်မှုမြောက်ပါတယ်ခင်ဗျာ …

ယနေ့ည .. ကျောက်တံတားရဲစခန်းတွင်
“ကာဗွန်ဒိုင်အောက်ဆိုဒ် ” ဇာတ်ကားကြီးကို
ရိုက်ကူးနေသူတစ်ဦးအား အရေးယူရန် အမှုဖွင့်
ဆောင်ရွက်လျက်ရှိပါတယ်

ချစ်ပရိသတ်များလည်း
တရားဥပဒေစည်းကမ်းချက်များကို လိုက်နာစေကြောင်း
မေတ္တာစကားပါးလိုက်ပါတယ်နော်

အားပေးကြတဲ့ ချစ်ပရိသတ် တစ်ဦးချင်းစီကို
ကျေးဇူးအထူးတင်ရှိပါတယ်

ကောင်းသော ညချမ်းလေးဖြစ်ပါစေခင်ဗျာ”လို့ Carbon Dioxide Page မှာဖော်ပြထားတာဖြစ်ပါတယ်။

လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေကို အွန်လိုင်းတွေပေါ်ကနေတဆင့် တရားမဝင်ကြည့်ရှုနေကြတာတွေကလည်း ပြုလုပ်ရန်မသင့်ပါဘူး။ တခြားသော ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ ဇာတိမြေနဲ့ ဥပါယ်တံမျဉ် ဇာတ်ကားတွေလည်း တရားမဝင် ခိုးကူးသူတွေကြောင့် ပျံ့နှံ့ ခဲ့တဲ့ အတွက် ရုပ်ရှင်လောကအတွက် ထိခိုက်နစ်နာရပါတယ်။

Photo Credit:Carbon Dioxide Facebook Page

ကြည်သာ (Akhayar)

www.akhayar.com