[Zawgyi]

ၿမိဳ႕ခံၿပိဳင္ဘက္ ရီးယဲလ္အသင္းထက္ ကစားသမားတန္ဖုိး ပုိမ်ားခဲ့တဲ့ အက္သလက္တီကုိ

အက္သလက္တီကုိအသင္းဟာ ဥေရာပစူပါဖလားပဲြမွာ ၿမိဳခံၿပိဳင္ဘက္ရီးယဲလ္ကုိ အႏုိင္ယူၿပီး ခ်န္ပီယံဆုဖလား ရယူခဲ့သလုိ ေနာက္ထပ္ ဂုဏ္ယူစရာေကာငး္တဲ့ မွတ္တမ္းတစ္ခုကုိပါ ဆက္ၿပီးရယူႏုိင္ခဲ့ပါတယ္။ အဲဒါကေတာ့ လက္ရွိ အက္သလက္တီကုိအသင္းရဲ႕ ကစားသမားတန္ဖုိးက ရီးယဲလ္အသင္းထက္ ပုိမ်ားေနၿပီး ဒါက ႏွစ္ဖက္အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ျဖစ္ခဲ့တယ္။ ဆီျမြန္နီ Simeone အသင္းက ကစားသမားေတြရဲ႕ စုစုေပါင္းတန္ဖုိးက ေပါင္(၇၆၇)သန္းအထိရွိၿပီး ရီးယဲလ္အသင္းကေတာ့ ေပါင္(၆၉၃)သန္းသာ ရွိေနတာပါ။ အက္သလက္တီကုိအသင္း ကစားသမား တန္ဖုိးျမင့္တက္လာတဲ့အေၾကာင္းက ျပင္သစ္ကစားသမား လူမာ Lemar ကုိ ေခၚယူခဲ့တာ၊ အဓိက တိုက္စစ္မွဴးေတြျဖစ္တဲ့ ဂရစ္ဇ္မန္း Griezmann နဲ႔ ဒီေယဂုိေကာ္စတာ Diego Costa တို႔ရဲ႕ ေစ်းကြက္ေပါက္ေၾကး ျမင့္တက္လာတာေၾကာင့္ပဲ ျဖစ္ပါတယ္။

Atletico-Madrids-squad-is-worth-more-than-Real-Madrids-for-the-first-time

Atletico-Madrids-squad-is-worth-more-than-Real-Madrids-for-the-first-time

ရီးယဲလ္အသင္းကေတာ့ နာမည္ေက်ာ္တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ကုိ ေရာင္းခ်ခဲ့တာ အပါအ၀င္ သူတို႔ကစားသမားေတြရဲ႕ တန္ဖုိးက ေပါင္(၆၉၃)သန္းသာရွိေတာ့ၿပီး မႏွစ္ကပမာဏနဲ႔ ႏိႈင္းယွဥ္ရင္ ေပါင္(၁၄၈.၄)သန္းအထိကုိ က်ဆင္းသြားခဲ့တာပါ။ အက္သလက္တီကုိအသင္းကုိ ဆီျမြန္နီ စတင္ကုိင္တြယ္ခဲ့တဲ့ ၂၀၁၁-၁၂ တုန္းကဆုိရင္ အသင္းက ကစားသမားတန္ဖုိးဟာ ရီးယဲလ္အသင္းရဲ႕ (၃)ပုံ (၁)ပုံသာရွိခဲ့ၿပီး ရီးယဲလ္အသင္းက ေပါင္(၄၈၁)သန္း၊ အက္သလက္တီကုိအသင္းက ေပါင္(၁၅၈.၁)သန္းသာရွိခဲ့တယ္။ ေနာက္ပုိင္းႏွစ္ေတြမွာ ကစားသမားေတြရဲ႕ ေျပာငး္ေရႊ႕ေၾကးေတြက တစ္ဆထက္တစ္ဆ ပုိျမင့္မားလာတာေၾကာင့္ အက္သလက္တီကုိအသင္း စုစုေပါင္းကစားသမားတန္ဖုိးက ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။

REF:The Sun
Photo:Realchannel65,Sports Illustrated
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မြို့ခံပြိုင်ဘက် ရီးယဲလ်အသင်းထက် ကစားသမားတန်ဖိုး ပိုများခဲ့တဲ့ အက်သလက်တီကို

အက်သလက်တီကိုအသင်းဟာ ဥရောပစူပါဖလားပွဲမှာ မြိုခံပြိုင်ဘက်ရီးယဲလ်ကို အနိုင်ယူပြီး ချန်ပီယံဆုဖလား ရယူခဲ့သလို နောက်ထပ် ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းတစ်ခုကိုပါ ဆက်ပြီးရယူနိုင်ခဲ့ပါတယ်။ အဲဒါကတော့ လက်ရှိ အက်သလက်တီကိုအသင်းရဲ့ ကစားသမားတန်ဖိုးက ရီးယဲလ်အသင်းထက် ပိုများနေပြီး ဒါက နှစ်ဖက်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ခဲ့တယ်။ ဆီမြွန်နီ Simeone အသင်းက ကစားသမားတွေရဲ့ စုစုပေါင်းတန်ဖိုးက ပေါင်(၇၆၇)သန်းအထိရှိပြီး ရီးယဲလ်အသင်းကတော့ ပေါင်(၆၉၃)သန်းသာ ရှိနေတာပါ။ အက်သလက်တီကိုအသင်း ကစားသမား တန်ဖိုးမြင့်တက်လာတဲ့အကြောင်းက ပြင်သစ်ကစားသမား လူမာ Lemar ကို ခေါ်ယူခဲ့တာ၊ အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ ဂရစ်ဇ်မန်း Griezmann နဲ့ ဒီယေဂိုကော်စတာ Diego Costa တို့ရဲ့ ဈေးကွက်ပေါက်ကြေး မြင့်တက်လာတာကြောင့်ပဲ ဖြစ်ပါတယ်။

Atletico-Madrids-squad-is-worth-more-than-Real-Madrids-for-the-first-time

Atletico-Madrids-squad-is-worth-more-than-Real-Madrids-for-the-first-time

ရီးယဲလ်အသင်းကတော့ နာမည်ကျော်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ကို ရောင်းချခဲ့တာ အပါအဝင် သူတို့ကစားသမားတွေရဲ့ တန်ဖိုးက ပေါင်(၆၉၃)သန်းသာရှိတော့ပြီး မနှစ်ကပမာဏနဲ့ နှိုင်းယှဉ်ရင် ပေါင်(၁၄၈.၄)သန်းအထိကို ကျဆင်းသွားခဲ့တာပါ။ အက်သလက်တီကိုအသင်းကို ဆီမြွန်နီ စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၁-၁၂ တုန်းကဆိုရင် အသင်းက ကစားသမားတန်ဖိုးဟာ ရီးယဲလ်အသင်းရဲ့ (၃)ပုံ (၁)ပုံသာရှိခဲ့ပြီး ရီးယဲလ်အသင်းက ပေါင်(၄၈၁)သန်း၊ အက်သလက်တီကိုအသင်းက ပေါင်(၁၅၈.၁)သန်းသာရှိခဲ့တယ်။ နောက်ပိုင်းနှစ်တွေမှာ ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးတွေက တစ်ဆထက်တစ်ဆ ပိုမြင့်မားလာတာကြောင့် အက်သလက်တီကိုအသင်း စုစုပေါင်းကစားသမားတန်ဖိုးက မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

REF:The Sun
Photo:Realchannel65,Sports Illustrated
Naing Linn(Akhayar)
www.akhayar.com