[Zawgyi]

ကစားသမားသစ္ ရိုဒရီရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို သတ္မွတ္ခဲ့တဲ့ အက္သလက္တီကို

ဗီလာရီးယဲလ္အသင္းကေန ေခၚယူခဲ့တဲ့ လူငယ္ ကြင္းလယ္လူ ရိုဒရီ Rodri ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းကို အက္သလက္တီကိုအသင္းက သတ္မွတ္ခဲ့ပါတယ္။ အသက္ (၂၁)ႏွစ္သာ ရွိေသးတဲ့ စပိန္လူငယ္ ၾကယ္ပြင့္ ရိုဒရီ Rodri ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ ယူရိုသန္း (၇၀)အထိ ရွိလာခဲ့ပါတယ္။ အက္သလက္တီကိုအသင္းဟာ ရိုဒရီ Rodri အတြက္ ယူရိုသန္း (၂၀) အသံုးျပဳခဲ့ၿပီး ကစားသမားရဲ႕ ေျခစြမ္းအေပၚ မူတည္ကာ အသင္းေဟာင္း ဗီလာရီးယဲလ္ကို ယူရို (၅)သန္း ထပ္ေဆာင္းေပးေခ်သြားရမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က အသင္းနဲ႔ ရိုဒရီ Rodri တို႔ (၅)ႏွစ္ သက္တမ္းရွိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ေၾကာင္း အက္သလက္တီကို အသင္းဘက္က တရားဝင္ သတင္းထုတ္ျပန္ခဲ့ပါတယ္။ အက္သလက္တီကိုအသင္းဟာ ရိုဒရီ Rodri ကို ေခၚယူဖို႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာကတည္းက သေဘာတူညီမႈ ရရွိခဲ့ေပမယ့္ အေျပာင္းအေရႊ႕ အၿပီးသတ္ဖို႔ ေနာက္က်ခဲ့လို႔ အခုအခ်ိန္မွ တရားဝင္ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Rodri-with-messi

Rodri-with-messi

အက္သလက္တီကိုအသင္းဟာ ကစားသမားေခၚယူရာမွာ ျမင့္မားတဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကးေတြကို ထည့္သြင္း ခ်ဳပ္ဆိုေလ့ရွိတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ လက္ရွိအသင္းရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး အမ်ားဆံုး ကစားသမားကေတာ့ ခ်ယ္လ္ဆီးအသင္းကေန အသင္းကို တစ္ေက်ာ႔ျပန္ေရာက္ရိွလာတဲ့ တိုက္စစ္မွဴး ဒီေယဂိုေကာ္စတာ Diego Costa ျဖစ္ၿပီး သူ႔ရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ယူရိုသန္း (၂၀၀) အထိ ရွိေနခဲ့ပါတယ္။ ဒီေယဂိုေကာ္စတာ Diego Costa ရဲ႕ ေနာက္မွာေတာ့ ကြင္းလယ္လူေတြျဖစ္တဲ့ ဗီတိုလို Vitolo၊ ကိုကီ Koke နဲ႔ ဆာအူလ္ Saul တို႔ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ယူရိုသန္း (၁၅၀)အထိ ရွိေနပါတယ္။ အက္သလက္တီကိုအသင္းရဲ႕ မူဝါဒအရ အသင္းရဲ႕ ကစားသမားေတြဟာ စာခ်ဳပ္ဖ်က္သိမ္းေၾကး နည္းပါးေနရင္ ကစားသမားေတြကို အလြယ္တကူ လက္လႊတ္ရဖို႔ ရွိေနတာေၾကာင့္ ျမင့္မားတဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ထည့္သြင္း ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။ အက္သလက္တီကိုအသင္းဟာ ကစားသမားသစ္ မိတ္ဆက္ပြဲကိုပါ တစ္ဆက္တည္း ျပဳလုပ္ခဲ့ၿပီး ေဘာလံုးရာသီကုန္ဆံုးခ်ိန္ျဖစ္လို႔ ရိုဒရီ Rodri ကို အားလပ္ရက္ေပးခဲ့ေၾကာင္း သိရပါတယ္။ ကြင္းလယ္လူ ရိုဒရီ Rodri အေနနဲ႔ ရာသီႀကိဳျပင္ဆင္မႈေတြ ျပဳလုပ္မယ့္ ဇူလိုင္လမွာေတာ့ အသင္းနဲ႔ ျပန္လည္ပူးေပါင္းရမွာ ျဖစ္ပါတယ္။

REF:Marca
Photo:footy90.com, gettyimages
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကစားသမားသစ် ရိုဒရီရဲ့ စာချုပ်ဖျက်သိမ်းကြေးကို သတ်မှတ်ခဲ့တဲ့ အက်သလက်တီကို

ဗီလာရီးယဲလ်အသင်းကနေ ခေါ်ယူခဲ့တဲ့ လူငယ် ကွင်းလယ်လူ ရိုဒရီ Rodri ရဲ့ စာချုပ်ဖျက်သိမ်းကို အက်သလက်တီကိုအသင်းက သတ်မှတ်ခဲ့ပါတယ်။ အသက် (၂၁)နှစ်သာ ရှိသေးတဲ့ စပိန်လူငယ် ကြယ်ပွင့် ရိုဒရီ Rodri ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရိုသန်း (၇၀)အထိ ရှိလာခဲ့ပါတယ်။ အက်သလက်တီကိုအသင်းဟာ ရိုဒရီ Rodri အတွက် ယူရိုသန်း (၂၀) အသုံးပြုခဲ့ပြီး ကစားသမားရဲ့ ခြေစွမ်းအပေါ် မူတည်ကာ အသင်းဟောင်း ဗီလာရီးယဲလ်ကို ယူရို (၅)သန်း ထပ်ဆောင်းပေးချေသွားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အသင်းနဲ့ ရိုဒရီ Rodri တို့ (၅)နှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ကြောင်း အက်သလက်တီကို အသင်းဘက်က တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ အက်သလက်တီကိုအသင်းဟာ ရိုဒရီ Rodri ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက သဘောတူညီမှု ရရှိခဲ့ပေမယ့် အပြောင်းအရွှေ့ အပြီးသတ်ဖို့ နောက်ကျခဲ့လို့ အခုအချိန်မှ တရားဝင် စာချုပ်ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

Rodri-with-messi

Rodri-with-messi

အက်သလက်တီကိုအသင်းဟာ ကစားသမားခေါ်ယူရာမှာ မြင့်မားတဲ့ စာချုပ်ဖျက်သိမ်းကြေးတွေကို ထည့်သွင်း ချုပ်ဆိုလေ့ရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ လက်ရှိအသင်းရဲ့ စာချုပ်ဖျက်သိမ်းကြေး အများဆုံး ကစားသမားကတော့ ချယ်လ်ဆီးအသင်းကနေ အသင်းကို တစ်ကျော့ပြန်ရောက်ရှိလာတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာ Diego Costa ဖြစ်ပြီး သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရိုသန်း (၂၀၀) အထိ ရှိနေခဲ့ပါတယ်။ ဒီယေဂိုကော်စတာ Diego Costa ရဲ့ နောက်မှာတော့ ကွင်းလယ်လူတွေဖြစ်တဲ့ ဗီတိုလို Vitolo၊ ကိုကီ Koke နဲ့ ဆာအူလ် Saul တို့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း (၁၅၀)အထိ ရှိနေပါတယ်။ အက်သလက်တီကိုအသင်းရဲ့ မူဝါဒအရ အသင်းရဲ့ ကစားသမားတွေဟာ စာချုပ်ဖျက်သိမ်းကြေး နည်းပါးနေရင် ကစားသမားတွေကို အလွယ်တကူ လက်လွှတ်ရဖို့ ရှိနေတာကြောင့် မြင့်မားတဲ့ စာချုပ်ဖျက်သိမ်းကြေးကို ထည့်သွင်း ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဟာ ကစားသမားသစ် မိတ်ဆက်ပွဲကိုပါ တစ်ဆက်တည်း ပြုလုပ်ခဲ့ပြီး ဘောလုံးရာသီကုန်ဆုံးချိန်ဖြစ်လို့ ရိုဒရီ Rodri ကို အားလပ်ရက်ပေးခဲ့ကြောင်း သိရပါတယ်။ ကွင်းလယ်လူ ရိုဒရီ Rodri အနေနဲ့ ရာသီကြိုပြင်ဆင်မှုတွေ ပြုလုပ်မယ့် ဇူလိုင်လမှာတော့ အသင်းနဲ့ ပြန်လည်ပူးပေါင်းရမှာ ဖြစ်ပါတယ်။

REF:Marca
Photo:footy90.com, gettyimages
Aung Kyaw Wai (Akhayar)
www.akhayar.com