[Zawgyi]

ဂရစ္ဇ္မန္းကို ဆက္ထိန္းဖို႔ လစာေငြ တိုးျမွင့္ကမ္းလွမ္းခဲ့တဲ့ အက္သလက္တီကိုအသင္း

ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနတဲ့ တိုက္စစ္မွဴး ဂရစ္ဇ္မန္း Griezmann ကို ဆက္ထိန္းထားႏိုင္ဖို႔ အက္သလက္တီကိုအသင္းက ျမင့္မားတဲ့ လစာေငြနဲ႔ တိုးျမွင့္ကမ္းလွမ္းခဲ့ပါတယ္။ ဘာစီလိုနာအသင္းက ဂရစ္ဇ္မန္း Griezmann အတြက္ ယူရိုသန္း (၁၀၀) အထိ ေပးေခ်ဖို႔ အသင့္ျဖစ္ေနၿပီး တစ္ႏွစ္လုပ္ခ ယူရို (၁၅)သန္းအထိ ေပးေခ်သြားမွာျဖစ္ပါတယ္။ အက္သလက္တီကိုအသင္းက သူတို႔ရဲ႕ အဓိက ကစားသမားကို အသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔ ဘာစီလိုနာအသင္း ကမ္းလွမ္းမႈထက္ ပိုမိုမ်ားျပားတဲ့ ပမာဏနဲ႔ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကုိ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ အခုတစ္ႀကိမ္ ကမ္းလွမ္းမႈက ေနာက္ဆံုးကမ္းလွမ္းမႈျဖစ္ေၾကာင္း ဂရစ္ဇ္မန္း Griezmann ကို အသိေပးေျပာၾကားခဲ့ပါတယ္။ အက္သလက္တီကိုအသင္းက တစ္ႏွစ္လုပ္ခ ယူရို (၂၅)သန္းနဲ႔ စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး ဘာစီလိုနာအသင္း ေပးေခ်မယ့္ လစာေငြထက္ ယူရို (၁၀)သန္းခန္႔ ပိုမိုမ်ားျပားေနတာ ျဖစ္ပါတယ္။ အသက္ (၂၇)ႏွစ္အရြယ္ရွိ ဂရစ္ဇ္မန္း Griezmann ဟာ ဗုဒၶဟူးေန႔မွာ ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းသြားမွာျဖစ္ၿပီး သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သက္လို႔ လူသိရွင္ၾကား ထုတ္ေဖာ္ ေျပာၾကားဖြယ္မရွိေသးပါဘူး။

Atletico-Madrid-offer-Antoine-Griezmann-€10m-MORE-than-Barcelona

Atletico-Madrid-offer-Antoine-Griezmann-€10m-MORE-than-Barcelona

ဘာစီလိုနာအသင္းဘက္ကေတာ့ အေျပာင္းအေရႊ႕နဲ႔ ပတ္သက္ၿပီး အတည္ျပဳမႈေတြ ရွိေနေပမယ့္ ဂရစ္ဇ္မန္း Griezmann ဘက္က တုန္႔ျပန္မႈေတြေတာ့ မရွိေသးပါဘူး။ ဘာစီလိုနာအသင္းက ဖလားရရွိမႈအေပၚ မူတည္ၿပီး အပိုဆုေၾကးေငြ ခ်ီးျမွင့္မယ့္ အခ်က္ကို စာခ်ဳပ္မွာ ထည့္သြင္းခ်ဳပ္ဆိုသြားမွာျဖစ္လို႔ အက္သလက္တီကိုအသင္း ကမ္းလွမ္းမႈထက္ မေလ်ာ႔တဲ့ ေငြေၾကးခံစားခြင့္ကို ဂရစ္ဇ္မန္း Griezmann ရရွိမွာ ျဖစ္ပါတယ္။ လာမယ့္ ဇူလိုင္လ (၁)ရက္ေန႔အထိ ဂရစ္ဇ္မန္း Griezmann ကို ဘာစီလိုနာအသင္း မေခၚယူႏိုင္ခဲ့ရင္ေတာ့ ကစားသမားရဲ႕ တန္ေၾကးက ယူရိုသန္း (၂၀၀)အထိ ျမင့္တက္လာဖို႔ ရွိေနပါတယ္။ စပိန္မီဒီယာတစ္ခ်ိဳ႕ရဲ႕ ေဖာ္ျပမႈေတြမွာေတာ့ ဂရစ္ဇ္မန္း Griezmann ဟာ လာမယ့္ ရက္သတၱပတ္အတြင္း သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သတ္ၿပီး တရားဝင္ ထုတ္ျပန္မႈေတြ ျပဳလုပ္သြားဖို႔ ရွိေနေၾကာင္း သိရပါတယ္။

REF:Daily Mail
Photo:Barcanoticias Blog.hu, AS
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဂရစ်ဇ်မန်းကို ဆက်ထိန်းဖို့ လစာငွေ တိုးမြှင့်ကမ်းလှမ်းခဲ့တဲ့ အက်သလက်တီကိုအသင်း

ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်း Griezmann ကို ဆက်ထိန်းထားနိုင်ဖို့ အက်သလက်တီကိုအသင်းက မြင့်မားတဲ့ လစာငွေနဲ့ တိုးမြှင့်ကမ်းလှမ်းခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်း Griezmann အတွက် ယူရိုသန်း (၁၀၀) အထိ ပေးချေဖို့ အသင့်ဖြစ်နေပြီး တစ်နှစ်လုပ်ခ ယူရို (၁၅)သန်းအထိ ပေးချေသွားမှာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းက သူတို့ရဲ့ အဓိက ကစားသမားကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ဘာစီလိုနာအသင်း ကမ်းလှမ်းမှုထက် ပိုမိုများပြားတဲ့ ပမာဏနဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုတစ်ကြိမ် ကမ်းလှမ်းမှုက နောက်ဆုံးကမ်းလှမ်းမှုဖြစ်ကြောင်း ဂရစ်ဇ်မန်း Griezmann ကို အသိပေးပြောကြားခဲ့ပါတယ်။ အက်သလက်တီကိုအသင်းက တစ်နှစ်လုပ်ခ ယူရို (၂၅)သန်းနဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်း ပေးချေမယ့် လစာငွေထက် ယူရို (၁၀)သန်းခန့် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။ အသက် (၂၇)နှစ်အရွယ်ရှိ ဂရစ်ဇ်မန်း Griezmann ဟာ ဗုဒ္ဓဟူးနေ့မှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားမှာဖြစ်ပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ လူသိရှင်ကြား ထုတ်ဖော် ပြောကြားဖွယ်မရှိသေးပါဘူး။

Atletico-Madrid-offer-Antoine-Griezmann-€10m-MORE-than-Barcelona

Atletico-Madrid-offer-Antoine-Griezmann-€10m-MORE-than-Barcelona

ဘာစီလိုနာအသင်းဘက်ကတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အတည်ပြုမှုတွေ ရှိနေပေမယ့် ဂရစ်ဇ်မန်း Griezmann ဘက်က တုန့်ပြန်မှုတွေတော့ မရှိသေးပါဘူး။ ဘာစီလိုနာအသင်းက ဖလားရရှိမှုအပေါ် မူတည်ပြီး အပိုဆုကြေးငွေ ချီးမြှင့်မယ့် အချက်ကို စာချုပ်မှာ ထည့်သွင်းချုပ်ဆိုသွားမှာဖြစ်လို့ အက်သလက်တီကိုအသင်း ကမ်းလှမ်းမှုထက် မလျော့တဲ့ ငွေကြေးခံစားခွင့်ကို ဂရစ်ဇ်မန်း Griezmann ရရှိမှာ ဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လ (၁)ရက်နေ့အထိ ဂရစ်ဇ်မန်း Griezmann ကို ဘာစီလိုနာအသင်း မခေါ်ယူနိုင်ခဲ့ရင်တော့ ကစားသမားရဲ့ တန်ကြေးက ယူရိုသန်း (၂၀၀)အထိ မြင့်တက်လာဖို့ ရှိနေပါတယ်။ စပိန်မီဒီယာတစ်ချို့ရဲ့ ဖော်ပြမှုတွေမှာတော့ ဂရစ်ဇ်မန်း Griezmann ဟာ လာမယ့် ရက်သတ္တပတ်အတွင်း သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တရားဝင် ထုတ်ပြန်မှုတွေ ပြုလုပ်သွားဖို့ ရှိနေကြောင်း သိရပါတယ်။

REF:Daily Mail
Photo:Barcanoticias Blog.hu, AS
Aung Kyaw Wai (Akhayar)
www.akhayar.com