[Zawgyi]

အဓိက တိုက္စစ္မွဴး ဂရစ္ဇ္မန္း Griezmann ကို ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ အက္သလက္တီကုိ

အက္သလက္တီကုိအသငး္ဟာ သူတို႔ရဲ႕ အဓိကတိုက္စစ္မွဴး ဂရစ္ဇ္မန္းကုိ ၂၀၂၃ ခုႏွစ္အထိ ႏွစ္ရွည္စာခ်ဳပ္သက္တမ္း တိုးလုိက္ၿပီျဖစ္ပါတယ္။ ဂရစ္ဇ္မန္းကုိ လာလီဂါထိပ္သီး ဘာစီလုိနာအသင္းက စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္သန္း(၁၀၀)အထိေပးၿပီး ေခၚယူဖုိ႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဂရစ္ဇ္မန္းက ဘာစီလုိနာအသငး္ရဲ႕ ကမ္းလွမ္းမႈကုိ ျငင္းဆန္ခဲ့သလုိ အခု အက္သလက္တီကုိအသင္းနဲ႔ ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာပါ။

Griezmann

Griezmann

အသက္(၂၇)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ျပင္သစ္လက္ေရြးစင္တိုက္စစ္မွဴး ဂရစ္ဇ္မန္းဟာ ၂၀၁၄ ခုႏွစ္က ဆုိစီဒက္အသင္းကေန အက္သလက္တီကုိအသင္းကုိ ေျပာင္းေရႊ႕ခဲ့ၿပီး အဲဒီကတည္းက ရာသီတုိင္းမွာ အသင္းရဲ႕သြင္းဂုိးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ႏုိင္ခဲ့ပါတယ္။

Atletico-confirmed-deals-for-Antoine-Griezmann-Lucas-Hernandez-and-Thomas-Lemar

Atletico-confirmed-deals-for-Antoine-Griezmann-Lucas-Hernandez-and-Thomas-Lemar

အက္သလက္တီကုိအသင္းအေနနဲ႔ ဂရစ္ဇ္မန္းကုိ စာခ်ဳပ္သက္တမ္းတိုးဖုိ႔အတြက္ (၁)ႏွစ္လစာအျဖစ္ ေပါင္(၁၇.၅)သန္း ေပးမယ္ဆုိၿပီး ကမ္းလွမ္းခဲ့သလုိ လာမယ့္ရာသီမွာ ဆုဖလားေအာင္ျမင္မႈေတြရဖုိ႔အတြက္ ကစားသမားေခၚယူဖုိ႔ ေပါင္သန္း(၁၀၀)အထိ သုံးစဲြသြားမယ္လုိ႔ ကတိေပးခဲ့ပါတယ္။ အက္သလက္တီကုိအသင္းအမႈေဆာင္ခ်ဳပ္ အိန္ဂ်ယ္ဂီမာရင္ Angel Gil Marin ဟာ ဂရစ္ဇ္မန္းရဲ႕ စာခ်ဳပ္သစ္ကိစၥအတြက္ ကမၻာ႔ဖလားၿပိဳင္ပဲြဆင္ႏႊဲေနတဲ့ ျပင္သစ္အသင္းရွိရာ ႐ုရွားႏုိင္ငံကုိ ၿပီးခဲ့တဲ့တနလၤာေန႔က သြားခဲ့ၿပီး ဂရစ္ဇ္မန္းကုိ စာခ်ဳပ္သက္တမ္းတိုးဖုိ႔အျပင္ ေနာက္ခံလူ လူးကပ္စ္ဟာနန္ဒက္ဇ္ Lucas Hernandez ကုိလည္း ၂၀၂၄ ခုႏွစ္အထိ သက္တမ္းတိုးခဲ့ပါတယ္။

Lucas-Hernandez

Lucas-Hernandez

ေနာက္ၿပီး ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအၿပီးမွာ ေခၚယူဖုိ႔ သေဘာတူညီမႈရထားတဲ့ မုိနာကုိအသငး္ရဲ႕ ျပင္သစ္လက္ေရြးစင္ကြင္းလယ္ကစားသမား လူမာ Lemar ကုိလည္း တစ္ပါတည္း စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။

REF:Daily Mail,Sky Sports
Photo: Atletico Madrid Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အဓိက တိုက်စစ်မှူး ဂရစ်ဇ်မန်း Griezmann ကို နှစ်ရှည်စာချုပ်သက်တမ်းတိုးခဲ့တဲ့ အက်သလက်တီကို

အက်သလက်တီကိုအသင်းဟာ သူတို့ရဲ့ အဓိကတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ၂၀၂၃ ခုနှစ်အထိ နှစ်ရှည်စာချုပ်သက်တမ်း တိုးလိုက်ပြီဖြစ်ပါတယ်။ ဂရစ်ဇ်မန်းကို လာလီဂါထိပ်သီး ဘာစီလိုနာအသင်းက စာချုပ်ပါလျော်ကြေး ပေါင်သန်း(၁၀၀)အထိပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂရစ်ဇ်မန်းက ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သလို အခု အက်သလက်တီကိုအသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့တာပါ။

Griezmann

Griezmann

အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ၂၀၁၄ ခုနှစ်က ဆိုစီဒက်အသင်းကနေ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီကတည်းက ရာသီတိုင်းမှာ အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Atletico-confirmed-deals-for-Antoine-Griezmann-Lucas-Hernandez-and-Thomas-Lemar

Atletico-confirmed-deals-for-Antoine-Griezmann-Lucas-Hernandez-and-Thomas-Lemar

အက်သလက်တီကိုအသင်းအနေနဲ့ ဂရစ်ဇ်မန်းကို စာချုပ်သက်တမ်းတိုးဖို့အတွက် (၁)နှစ်လစာအဖြစ် ပေါင်(၁၇.၅)သန်း ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့သလို လာမယ့်ရာသီမှာ ဆုဖလားအောင်မြင်မှုတွေရဖို့အတွက် ကစားသမားခေါ်ယူဖို့ ပေါင်သန်း(၁၀၀)အထိ သုံးစွဲသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ အက်သလက်တီကိုအသင်းအမှုဆောင်ချုပ် အိန်ဂျယ်ဂီမာရင် Angel Gil Marin ဟာ ဂရစ်ဇ်မန်းရဲ့ စာချုပ်သစ်ကိစ္စအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲနေတဲ့ ပြင်သစ်အသင်းရှိရာ ရုရှားနိုင်ငံကို ပြီးခဲ့တဲ့တနင်္လာနေ့က သွားခဲ့ပြီး ဂရစ်ဇ်မန်းကို စာချုပ်သက်တမ်းတိုးဖို့အပြင် နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ် Lucas Hernandez ကိုလည်း ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးခဲ့ပါတယ်။

Lucas-Hernandez

Lucas-Hernandez

နောက်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ မိုနာကိုအသင်းရဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား လူမာ Lemar ကိုလည်း တစ်ပါတည်း စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

REF:Daily Mail,Sky Sports
Photo: Atletico Madrid Twitter
Naing Linn(Akhayar)
www.akhayar.com