[Zawgyi]

ဂါမဲရိုး Gameiro အတြက္ အက္သလက္တီကိုနဲ႔ သေဘာတူညီမႈ ရရွိခဲ့တဲ့ ဗလင္စီယာ

ဗလင္စီယာအသင္းဟာ အက္သလက္တီကိုအသင္းရဲ႕ ျပင္သစ္တိုက္စစ္မွဴး ဂါမဲရိုး Gameiro ကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ပါတယ္။ ကလပ္အသင္း (၂)သင္းၾကား ဂါမဲရိုး Gameiro ရဲ႕ အေျပာင္းအေရႊ႕ကို အၿပီးသတ္ဖို႔ ေနာက္ဆံုးအဆင့္ ေဆြးေႏြးမႈေတြကို ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ဗလင္စီယာအသင္းက ဂါမဲရိုး Gameiro အတြက္ ေပါင္ (၁၅)သန္း ေပးေခ်သြားရဖို႔ ရွိေနတယ္လို႔ စပိန္မီဒီယာတစ္ခ်ိဳ႕က ေဖာ္ျပခဲ့ပါတယ္။ အေစာပိုင္းက ဂါမဲရိုး Gameiro ကို ဂ်ာမန္ဘြန္ဒစ္လီဂါကလပ္ ေဒါ့မြန္အသင္းက ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ အက္သလက္တီကိုအသင္းက ေျပာင္းေရႊ႕ေၾကးပိုမိုရရွိခဲ့တဲ့ ဗလင္စီယာအသင္းကို ေရာင္းခ်ဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

Kevin-Gameiro

Kevin-Gameiro

အသက္ (၃၁)ႏွစ္အရြယ္ရွိ တိုက္စစ္မွဴး ဂါမဲရိုး Gameiro ရဲ႕ အေျပာင္းအေရႊ႕ကို အခုတစ္ပတ္မွာ အၿပီးသတ္ဖို႔ စီစဥ္ထားခဲ့ေပမယ့္ အေသးစားၾကြက္သားဒဏ္ရာျပႆနာရွိေနလို႔ အနည္းငယ္ေနာက္ဆုတ္ခဲ့ရၿပီး တရားဝင္သတင္းထုတ္ျပန္ဖို႔ ၾကန္႔ၾကာေနခဲ့တာပါ။ ဂါမဲရိုး Gameiro ကို ဗလင္စီယာအသင္းက ေဆးစစ္မႈေတြ ျပဳလုပ္သြားဖို႔ စီစဥ္ထားၿပီး ကစားသမားကိုယ္တိုင္ကလည္း အသင္းသစ္နဲ႔ အေျပာင္းအေရႊ႕ၿပီးေျမာက္ဖို႔ ဆႏၵရွိေနခဲ့ပါတယ္။

ဂါမဲရိုး Gameiro ရဲ႕ ကစားသမားဘဝ ဆုဖလားေအာင္ျမင္မႈမ်ား

PSG
Ligue 1: 2012–13
Sevilla
UEFA Europa League (3): 2013–14, 2014–15, 2015–16
Atlético Madrid
UEFA Europa League: 2017–18

REF:Marca
Photo:Goal.com, Stadium Astro
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဂါမဲရိုး Gameiro အတွက် အက်သလက်တီကိုနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ ဗလင်စီယာ

ဗလင်စီယာအသင်းဟာ အက်သလက်တီကိုအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဂါမဲရိုး Gameiro ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ကလပ်အသင်း (၂)သင်းကြား ဂါမဲရိုး Gameiro ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဗလင်စီယာအသင်းက ဂါမဲရိုး Gameiro အတွက် ပေါင် (၁၅)သန်း ပေးချေသွားရဖို့ ရှိနေတယ်လို့ စပိန်မီဒီယာတစ်ချို့က ဖော်ပြခဲ့ပါတယ်။ အစောပိုင်းက ဂါမဲရိုး Gameiro ကို ဂျာမန်ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းက ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အက်သလက်တီကိုအသင်းက ပြောင်းရွှေ့ကြေးပိုမိုရရှိခဲ့တဲ့ ဗလင်စီယာအသင်းကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Kevin-Gameiro

Kevin-Gameiro

အသက် (၃၁)နှစ်အရွယ်ရှိ တိုက်စစ်မှူး ဂါမဲရိုး Gameiro ရဲ့ အပြောင်းအရွှေ့ကို အခုတစ်ပတ်မှာ အပြီးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အသေးစားကြွက်သားဒဏ်ရာပြဿနာရှိနေလို့ အနည်းငယ်နောက်ဆုတ်ခဲ့ရပြီး တရားဝင်သတင်းထုတ်ပြန်ဖို့ ကြန့်ကြာနေခဲ့တာပါ။ ဂါမဲရိုး Gameiro ကို ဗလင်စီယာအသင်းက ဆေးစစ်မှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းသစ်နဲ့ အပြောင်းအရွှေ့ပြီးမြောက်ဖို့ ဆန္ဒရှိနေခဲ့ပါတယ်။

ဂါမဲရိုး Gameiro ရဲ့ ကစားသမားဘဝ ဆုဖလားအောင်မြင်မှုများ

PSG
Ligue 1: 2012–13
Sevilla
UEFA Europa League (3): 2013–14, 2014–15, 2015–16
Atlético Madrid
UEFA Europa League: 2017–18

REF:Marca
Photo:Goal.com, Stadium Astro
Aung Kyaw Wai (Akhayar)
www.akhayar.com