[Zawgyi]

အာစင္၀င္းဂါး Arsene Wenger ရဲ႕ ေနာက္ဆုံးဖလားေမွ်ာ္လင့္ခ်က္အတြက္ တိုက္ပဲြ၀င္ရမယ့္ အာဆင္နယ္

အက္သလက္တီကုိ – အာဆင္နယ္ (ေသာၾကာ နံနက္ ၁း၃၅)

ပထမအေက်ာ႔ က အီမရိတ္စ္မွာ (၁)ဂုိးစီသေရက်ခဲ့တာဟာ အာဆင္နယ္အသင္းအတြက္သာမက အာစင္ ၀င္းဂါး Arsene Wenger ရဲ႕ ေနာက္ဆုံးသိကၡာဆယ္ဖလား ေမွ်ာ္လင့္ခ်က္အတြက္ပါ ႀကီးမားတဲ့ ထုိးႏွက္ခ်က္ျဖစ္ခဲ့ရတယ္။ တကယ္ေတာ့ အာဆင္နယ္အသင္းဟာ အိမ္ကြင္းမွာကတည္းက ဂုိးျပတ္ႏုိင္ပဲြတစ္ပဲြ ရယူႏုိင္ခဲ့သင့္တာပါ။ ဂုိးေပါက္ကန္သြင္းမႈ အႀကိမ္(၂၀)ေက်ာ္၊ ေဘာလုံးပုိင္ဆုိင္မႈ (၇၂%)အထိရခဲ့တဲ့အသင္းဟာ ခံစစ္အမွားေၾကာင့္ ႏုိင္ပဲြတစ္ပဲြကုိ လက္လႊတ္ခဲ့ရတဲ့အျပင္ အေ၀းဂုိးပါ ေပးခဲ့ရတာက ကံဆုိးမႈလုိ႔ပဲေျပာရေတာ့မယ္။ အာဆင္နယ္အသင္းရဲ႕ ကံဆုိးမႈက အက္သလက္တီကုိအသင္းအတြက္ ကံေကာင္းမႈျဖစ္ေစခဲ့တယ္။ အထူးသျဖင့္ အဖုိးတန္အေ၀းဂုိးရခ့ဲတာေၾကာင့္ အက္သလက္တီကုိအတြက္ အသက္႐ွဴေခ်ာင္ေစခဲ့ၿပီး ကုိယ့္ကြင္းမွာ ကုိယ့္ကံၾကမၼာကုိ ဖန္တီးခြင့္ရခဲ့ၿပီ။ ယူ႐ုိပါလိဂ္ဖလားဟာ အာဆင္နယ္အသင္းအတြက္ အာစင္၀င္းဂါးရဲ႕ ေနာက္္ဆုံးႏႈတ္ဆက္ဖလား၊ လာမယ့္ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ျဖစ္ေနတဲ့အျပင္ အက္သလက္တီကုိအသင္းအတြက္လည္း ဒီရာသီဖလားလက္မဲ့မျဖစ္ေစဖုိ႔ ဂုဏ္သိကၡာဆယ္ရမယ့္ ေနာက္ဆုံးအသက္ျဖစ္ေနတာေၾကာင့္ အခုပဲြက ႏွစ္သင္းစလုံးရဲ႕ Do or Die ပဲြလုိ႔ပဲ ဆုိရမွာပါ။

ဒဏ္ရာနဲ႔ပဲြပယ္ျပႆနာ

အာဆင္နယ္အသင္းမွာေတာ့ ႀကီးႀကီးမားမား ဒဏ္ရာရတဲ့ကစားသမားမရွိပါဘူး။ ဒူးဒဏ္ရာေၾကာင့္ ပထမအေက်ာ႔ပဲြကုိ လဲြေခ်ာ္ခဲ့တဲ့ ကြင္းလယ္လူ မစ္ခီတာရီယန္ Mkhitaryan ဟာ မန္ယူနဲ႔ပဲြမွာ ပါ၀င္ကစားႏုိင္ခဲ့သလုိ အခုပဲြမွာလည္း ပဲြထြက္ကစားဖုိ႔အေျခအေနေကာင္းေနၿပီ။ မန္ယူနဲ႔ပဲြမွာ တံေကာက္ေၾကာ ဒဏ္ရာရခဲ့တဲ့ အီ၀ုိဘီ Iwobi ဟာ အာဆင္နယ္အသင္းနဲ႔အတူ မက္ဒရစ္ခရီးစဥ္ကုိ လုိက္ပါခဲ့တယ္။ ဒါေပမဲ့ တိုက္စစ္မွဴး အူဘာမီယန္း Aubameyang က Cup Tied ေၾကာင့္ လဲြေခ်ာ္မွာျဖစ္သလုိ အယ္လ္နန္နီ Elneny (ေျခခ်င္း၀တ္)၊ ကာဇုိလာ(ေျခဖေနာင့္ေက်ာ)တို႔လည္း ပါ၀င္ႏုိင္မွာမဟုတ္ဘူး။ အက္သလက္တီကုိအသင္းမွာေတာ့ ႀကံ့ခုိင္မႈျပည့္၀ေနၿပီျဖစ္တဲ့ အဓိက တိုက္စစ္မွဴး ဒီေယဂုိေကာ္စတာ Diego Costa ပဲြထြက္က စားဖုိ႔ရွိေနၿပီး ေျခေထာက္က်ိဳးဒဏ္ရာေၾကာင့္ မတ္လကတည္းက အနားယူခဲ့ရတဲ့ ေနာက္ခံလူ ဖိလစ္ပီလူး ၀စ္ Filipe Luis လည္း ပါ၀င္ႏုိင္မယ့္ အေနအထားရွိပါတယ္။

Arsenal-will-Fight-For-Europa-League-Glory

Arsenal-will-Fight-For-Europa-League-Glory

သုံးသပ္ခ်က္

ႏွစ္သင္းစလုံးက ဥေရာပထိပ္သီးအသင္းေတြျဖစ္သလုိ ဥေရာပၿပိဳင္ပဲြ အေတြ႕အႀကံဳရင့္ အသင္းေတြျဖစ္လုိ႔ အမွားတစ္ခ်က္လုပ္တာနဲ႔ ေပးဆပ္မႈက ႀကီးမားသြားႏုိင္တယ္။ ပထမအေက်ာ႔မွာ အာဆင္နယ္ ခံစစ္က တစ္ခ်က္ကေလး မွားသြားတာကုိ ဂရစ္ဇ္မန္း Griezman အသုံးခ်ႏုိင္ခဲ့တာပဲၾကည့္ပါ။ ပထမအေက်ာ႔တုန္းက အထုတ္ခံခဲ့ရတဲ့ အက္သလက္တီကုိနည္းျပ ဆီျမြန္နီ Simeone ဒီပဲြမွာ ပဲြႀကီးၾကပ္ခြင့္မရေပမယ့္ ဆီျမြန္နီကေတာ့ သူမပါလည္း ကစားသမားေတြရဲ႕ စိတ္ဓာတ္ပုိင္းအေပၚ ႀကီးႀကီးမားမား အက်ိဳးသက္ေရာက္ေစ မွာ မဟုတ္ဘူးလုိ႔ ႀကံဳး၀ါးထားတယ္။ အာဆင္နယ္အသင္းအေနနဲ႔ ဒီပဲြမွာ အႏုိင္(ဒါမွမဟုတ္)ဂုိးမ်ားမ်ားနဲ႔ သေရက်မွ ဗုိလ္လုပဲြတက္ႏုိင္မွာျဖစ္လုိ႔ တိုက္စစ္ဖြင့္ၿပီး ေဖာက္ဖ်က္ကစားရမယ္။ အဲဒါဆုိရင္ နဂုိတည္းကမွ အားနည္းခ်က္ရွိတဲ့ ခံစစ္က အက္သလက္တီကုိအသင္းအတြက္ စိတ္ႀကိဳက္ျဖစ္သြားမယ့္အေနအထားပဲ။ အာစင္၀င္းဂါးကုိ အာဆင္နယ္အသင္းအတြက္ ႏႈတ္ဆက္ဖလား ရယူေစခ်င္ေပမယ့္လည္း ျဖစ္ႏုိင္ေျခအရ စဥ္းစားမယ္ဆုိရင္ေတာ့ အက္သလက္တီကုိပဲ ဗုိလ္လုပဲြတက္သြားဖုိ႔ မ်ားေနပါတယ္။

ပထမအေက်ာ႔ရလဒ္ – အာဆင္နယ္ ၁-၁ အက္သလက္တီကုိ

အက္သလက္တီကုိ-အာဆင္နယ္ပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

– အာဆင္နယ္အသင္းဟာ ၂၀၀၆ ေဖေဖာ္၀ါရီလတုန္းက ရီးယဲလ္ကုိ (၁-၀)ဂုိးနဲ႔အႏုိင္ရခ့ဲတဲ့ ခ်န္ပီယံလိဂ္ပဲြ ေနာက္ပုိင္း စပိန္ကလပ္ေတြနဲ႔ အေ၀းကြင္း (၆)ပဲြဆုံေတြ႕ခဲ့တာမွာ ႏုိင္ပဲြမရခဲ့ဘဲ (၂)ပဲြသေရ၊ (၄)ပဲြ႐ႈံးနိမ့္ခဲ့တယ္။

– အာဆင္နယ္အသငး္ဟာ ဥေရာပၿပိဳင္ပဲြ ဆီမီးဖုိင္နယ္အဆင့္မွာ ပထမအေက်ာ႔သေရက်ခဲ့ၿပီးမွ ဗုိလ္လုပဲြတက္ခဲ့တာဆုိလုိ႔ (၂)ႀကိမ္သာရွိခဲ့ၿပီး ၁၉၇၉-၈၀ နဲ႔ ၁၉၉၃-၉၄ ရာသီ Cup Winners Cup ၿပိဳင္ပဲြေတြမွာျဖစ္ပါတယ္။

– ဒါေပမဲ့လည္း အဓိက ၿပိဳင္ပဲြႀကီးႏွစ္ရပ္ျဖစ္တဲ့ ခ်န္ပီယံလိဂ္၊ ယူ႐ုိပါလိဂ္ၿပိဳင္ပဲြ ဆီမီးဖုိင္နယ္အဆင့္မွာ ပထ မအေက်ာ႔ သေရက်ၿပီးမွ ဗုိလ္လုပဲြတက္ႏုိင္ခဲ့တဲ့အသင္း (၅)သငး္ရွိခဲ့ၿပီး အဲဒီအထဲမွာ ဒီနီပ႐ုိ (၂၀၁၄-၁၅)နဲ႔ ဆီဗီလာ(၂၀၁၅-၁၆)တို႔ႏွစ္သင္းက ယူ႐ုိပါလိဂ္ဗုိလ္လုပဲြ တက္ေရာက္ႏုိင္ခဲ့တာပါ။

– အက္သလက္တီကိုအသင္းဟာ ဥေရာပၿပိဳင္ပဲြ အိမ္ကြင္း ေနာက္ဆုံး(၁၇)ပဲြမွာ တစ္ပဲြသာ ႐ႈံးနိမ့္ခဲ့ၿပီး (၁၃)ပဲြႏုိင္၊ (၃)ပဲြသေရက်ခဲ့တယ္။ ဒါေပမဲ့ ႐ႈံးခဲ့တဲ့အသင္းက ပရီးမီးယားလိဂ္ကလပ္ ခ်ယ္လ္ဆီးျဖစ္ေနၿပီး ဒီရာသီ ခ်န္ပီယံလိဂ္အုပ္စုတြင္းမွာ ႐ႈံးနိမ့္ခဲ့တာပါ။

– အာဆင္နယ္အသင္းဟာ အသင္းသမုိင္းတစ္ေလွ်ာက္ အဓိကဥေရာပၿပိဳင္ပဲြေတြရဲ႕ ဗုိလ္လုပဲြအဆင့္ကုိ (၆)ႀကိမ္ေျမာက္ တက္ေရာက္ႏုိင္ဖုိ႔နဲ႔ အာစင္၀င္းဂါးလက္ထက္ ဥေရာပၿပိဳင္ပဲြေတြမွာ ဗုိလ္လုပဲြကုိ ဒုတိယအႀကိမ္ေျမာက္ ေရာက္ရွိႏုိင္ဖုိ႔ ႀကိဳးစားရမွာျဖစ္ပါတယ္။ အာစင္၀င္းဂါးလက္ထက္ ၂၀၀၀ ခုႏွစ္က UEFA ဖလား(ယူ႐ုိပါလိဂ္)၊ ၂၀၀၆ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြေတြမွာ ဗုိလ္လုပဲြေရာက္ရွိခဲ့ေပမယ့္ ႏွစ္ႀကိမ္စလုံး ႐ႈံးနိမ့္ခဲ့တယ္။

Photo: Sports Illustrated,América TV
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အာစင်ဝင်းဂါး Arsene Wenger ရဲ့ နောက်ဆုံးဖလားမျှော်လင့်ချက်အတွက် တိုက်ပွဲဝင်ရမယ့် အာဆင်နယ်

အက်သလက်တီကို – အာဆင်နယ် (သောကြာ နံနက် ၁း၃၅)

ပထမအကျော့ က အီမရိတ်စ်မှာ (၁)ဂိုးစီသရေကျခဲ့တာဟာ အာဆင်နယ်အသင်းအတွက်သာမက အာစင် ဝင်းဂါး Arsene Wenger ရဲ့ နောက်ဆုံးသိက္ခာဆယ်ဖလား မျှော်လင့်ချက်အတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ရတယ်။ တကယ်တော့ အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာကတည်းက ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ရယူနိုင်ခဲ့သင့်တာပါ။ ဂိုးပေါက်ကန်သွင်းမှု အကြိမ်(၂၀)ကျော်၊ ဘောလုံးပိုင်ဆိုင်မှု (၇၂%)အထိရခဲ့တဲ့အသင်းဟာ ခံစစ်အမှားကြောင့် နိုင်ပွဲတစ်ပွဲကို လက်လွှတ်ခဲ့ရတဲ့အပြင် အဝေးဂိုးပါ ပေးခဲ့ရတာက ကံဆိုးမှုလို့ပဲပြောရတော့မယ်။ အာဆင်နယ်အသင်းရဲ့ ကံဆိုးမှုက အက်သလက်တီကိုအသင်းအတွက် ကံကောင်းမှုဖြစ်စေခဲ့တယ်။ အထူးသဖြင့် အဖိုးတန်အဝေးဂိုးရခဲ့တာကြောင့် အက်သလက်တီကိုအတွက် အသက်ရှူချောင်စေခဲ့ပြီး ကိုယ့်ကွင်းမှာ ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်ရခဲ့ပြီ။ ယူရိုပါလိဂ်ဖလားဟာ အာဆင်နယ်အသင်းအတွက် အာစင်ဝင်းဂါးရဲ့ နောက်ဆုံးနှုတ်ဆက်ဖလား၊ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ဖြစ်နေတဲ့အပြင် အက်သလက်တီကိုအသင်းအတွက်လည်း ဒီရာသီဖလားလက်မဲ့မဖြစ်စေဖို့ ဂုဏ်သိက္ခာဆယ်ရမယ့် နောက်ဆုံးအသက်ဖြစ်နေတာကြောင့် အခုပွဲက နှစ်သင်းစလုံးရဲ့ Do or Die ပွဲလို့ပဲ ဆိုရမှာပါ။

ဒဏ်ရာနဲ့ပွဲပယ်ပြဿနာ

အာဆင်နယ်အသင်းမှာတော့ ကြီးကြီးမားမား ဒဏ်ရာရတဲ့ကစားသမားမရှိပါဘူး။ ဒူးဒဏ်ရာကြောင့် ပထမအကျော့ပွဲကို လွဲချော်ခဲ့တဲ့ ကွင်းလယ်လူ မစ်ခီတာရီယန် Mkhitaryan ဟာ မန်ယူနဲ့ပွဲမှာ ပါဝင်ကစားနိုင်ခဲ့သလို အခုပွဲမှာလည်း ပွဲထွက်ကစားဖို့အခြေအနေကောင်းနေပြီ။ မန်ယူနဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရခဲ့တဲ့ အီဝိုဘီ Iwobi ဟာ အာဆင်နယ်အသင်းနဲ့အတူ မက်ဒရစ်ခရီးစဉ်ကို လိုက်ပါခဲ့တယ်။ ဒါပေမဲ့ တိုက်စစ်မှူး အူဘာမီယန်း Aubameyang က Cup Tied ကြောင့် လွဲချော်မှာဖြစ်သလို အယ်လ်နန်နီ Elneny (ခြေချင်းဝတ်)၊ ကာဇိုလာ(ခြေဖနောင့်ကျော)တို့လည်း ပါဝင်နိုင်မှာမဟုတ်ဘူး။ အက်သလက်တီကိုအသင်းမှာတော့ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်တဲ့ အဓိက တိုက်စစ်မှူး ဒီယေဂိုကော်စတာ Diego Costa ပွဲထွက်က စားဖို့ရှိနေပြီး ခြေထောက်ကျိုးဒဏ်ရာကြောင့် မတ်လကတည်းက အနားယူခဲ့ရတဲ့ နောက်ခံလူ ဖိလစ်ပီလူး ဝစ် Filipe Luis လည်း ပါဝင်နိုင်မယ့် အနေအထားရှိပါတယ်။

Arsenal-will-Fight-For-Europa-League-Glory

Arsenal-will-Fight-For-Europa-League-Glory

သုံးသပ်ချက်

နှစ်သင်းစလုံးက ဥရောပထိပ်သီးအသင်းတွေဖြစ်သလို ဥရောပပြိုင်ပွဲ အတွေ့အကြုံရင့် အသင်းတွေဖြစ်လို့ အမှားတစ်ချက်လုပ်တာနဲ့ ပေးဆပ်မှုက ကြီးမားသွားနိုင်တယ်။ ပထမအကျော့မှာ အာဆင်နယ် ခံစစ်က တစ်ချက်ကလေး မှားသွားတာကို ဂရစ်ဇ်မန်း Griezman အသုံးချနိုင်ခဲ့တာပဲကြည့်ပါ။ ပထမအကျော့တုန်းက အထုတ်ခံခဲ့ရတဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ Simeone ဒီပွဲမှာ ပွဲကြီးကြပ်ခွင့်မရပေမယ့် ဆီမြွန်နီကတော့ သူမပါလည်း ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းအပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်စေ မှာ မဟုတ်ဘူးလို့ ကြုံးဝါးထားတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဒီပွဲမှာ အနိုင်(ဒါမှမဟုတ်)ဂိုးများများနဲ့ သရေကျမှ ဗိုလ်လုပွဲတက်နိုင်မှာဖြစ်လို့ တိုက်စစ်ဖွင့်ပြီး ဖောက်ဖျက်ကစားရမယ်။ အဲဒါဆိုရင် နဂိုတည်းကမှ အားနည်းချက်ရှိတဲ့ ခံစစ်က အက်သလက်တီကိုအသင်းအတွက် စိတ်ကြိုက်ဖြစ်သွားမယ့်အနေအထားပဲ။ အာစင်ဝင်းဂါးကို အာဆင်နယ်အသင်းအတွက် နှုတ်ဆက်ဖလား ရယူစေချင်ပေမယ့်လည်း ဖြစ်နိုင်ခြေအရ စဉ်းစားမယ်ဆိုရင်တော့ အက်သလက်တီကိုပဲ ဗိုလ်လုပွဲတက်သွားဖို့ များနေပါတယ်။

ပထမအကျော့ရလဒ် – အာဆင်နယ် ၁-၁ အက်သလက်တီကို

အက်သလက်တီကို-အာဆင်နယ်ပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ

– အာဆင်နယ်အသင်းဟာ ၂၀၀၆ ဖေဖော်ဝါရီလတုန်းက ရီးယဲလ်ကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ နောက်ပိုင်း စပိန်ကလပ်တွေနဲ့ အဝေးကွင်း (၆)ပွဲဆုံတွေ့ခဲ့တာမှာ နိုင်ပွဲမရခဲ့ဘဲ (၂)ပွဲသရေ၊ (၄)ပွဲရှုံးနိမ့်ခဲ့တယ်။

– အာဆင်နယ်အသင်းဟာ ဥရောပပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ပထမအကျော့သရေကျခဲ့ပြီးမှ ဗိုလ်လုပွဲတက်ခဲ့တာဆိုလို့ (၂)ကြိမ်သာရှိခဲ့ပြီး ၁၉၇၉-၈၀ နဲ့ ၁၉၉၃-၉၄ ရာသီ Cup Winners Cup ပြိုင်ပွဲတွေမှာဖြစ်ပါတယ်။

– ဒါပေမဲ့လည်း အဓိက ပြိုင်ပွဲကြီးနှစ်ရပ်ဖြစ်တဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ပထ မအကျော့ သရေကျပြီးမှ ဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့အသင်း (၅)သင်းရှိခဲ့ပြီး အဲဒီအထဲမှာ ဒီနီပရို (၂၀၁၄-၁၅)နဲ့ ဆီဗီလာ(၂၀၁၅-၁၆)တို့နှစ်သင်းက ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာပါ။

– အက်သလက်တီကိုအသင်းဟာ ဥရောပပြိုင်ပွဲ အိမ်ကွင်း နောက်ဆုံး(၁၇)ပွဲမှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး (၁၃)ပွဲနိုင်၊ (၃)ပွဲသရေကျခဲ့တယ်။ ဒါပေမဲ့ ရှုံးခဲ့တဲ့အသင်းက ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးဖြစ်နေပြီး ဒီရာသီ ချန်ပီယံလိဂ်အုပ်စုတွင်းမှာ ရှုံးနိမ့်ခဲ့တာပါ။

– အာဆင်နယ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် အဓိကဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲအဆင့်ကို (၆)ကြိမ်မြောက် တက်ရောက်နိုင်ဖို့နဲ့ အာစင်ဝင်းဂါးလက်ထက် ဥရောပပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲကို ဒုတိယအကြိမ်မြောက် ရောက်ရှိနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ အာစင်ဝင်းဂါးလက်ထက် ၂၀၀၀ ခုနှစ်က UEFA ဖလား(ယူရိုပါလိဂ်)၊ ၂၀၀၆ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲရောက်ရှိခဲ့ပေမယ့် နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့တယ်။

Photo: Sports Illustrated,América TV
Naing Linn(Akhayar)
www.akhayar.com