[Zawgyi]

အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈရခဲ့တဲ့ ဗာဆယ္လ္ကို Vrsaljko

အက္သလက္တီကိုေနာက္ခံလူ ဗာဆယ္လ္ကို Varsaljko အေနနဲ႔ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ပါတယ္။ အသက္ (၂၆)ႏွစ္အရြယ္ရွိ ခရိုေအးရွား ေနာက္ခံအစြန္လူ ဗာဆယ္လ္ကို Varsaljko ကို တစ္ရာသီအငွားနဲ႔ အင္တာမီလန္အသင္းက ေခၚယူခဲ့တာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းျပည့္ခ်ိန္မွာ အၿပီးသတ္ေခၚယူသြားမွာျဖစ္ပါတယ္။ မီလန္အေျခစိုက္အသင္းက ဗာဆယ္လ္ကို Varsaljko အတြက္ အက္သလက္တီကိုအသင္းကို ေပါင္ (၈)သန္း ေပးေခ်သြားရမွာျဖစ္ၿပီး အၿပီးသတ္ေခၚယူခဲ့ပါက ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၈)သန္း ထပ္မံေပးေခ်သြားရမွာပါ။

Vrsaljko-is-set-for-a-return-to-Serie-A

Vrsaljko-is-set-for-a-return-to-Serie-A

အင္တာမီလန္ရဲ႕ ကမ္းလွမ္းမႈေတြကို အက္သလက္တီကိုဘက္က လက္ခံခဲ့ၿပီး ကလပ္အသင္း (၂)သင္းအၾကား အေျပာင္းအေရႊ႕အၿပီးသတ္ဖို႔ ေနာက္ဆံုးအဆင့္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း အီတလီအေျခစိုက္ မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ကလပ္အသင္းနဲ႔ ယူရိုပါလိဂ္ခ်န္ပီယံျဖစ္ခဲ့သလို ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ခရိုေအးရွားအသင္းကို ဗိုလ္လုပြဲေရာက္ေအာင္ အဓိကေနရာက စြမ္းေဆာင္ေပးခဲ့တဲ့ ဗာဆယ္လ္ကို Varsaljko ကို ေခၚယူႏိုင္ဖို႔ အင္တာမီလန္အသင္းက ေတာက္ေလွ်ာက္ႀကိဳးပမ္းခဲ့တာပါ။ ဗာဆယ္လ္ကို Varsaljko အေနနဲ႔ အက္သလက္တီကိုအသင္း မတိုင္ခင္ ဆာဆူအိုလိုအသင္းမွာ ကစားခဲ့တာျဖစ္လို႔ စီးရီးေအၿပိဳင္ပြဲမွာ တစ္ေက်ာ႔ျပန္ေျခခ်ႏိုင္ေတာ့မွာျဖစ္ပါတယ္။

REF:Football Italia
Photo:Extra Tips, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့တဲ့ ဗာဆယ်လ်ကို Vrsaljko

အက်သလက်တီကိုနောက်ခံလူ ဗာဆယ်လ်ကို Varsaljko အနေနဲ့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ အသက် (၂၆)နှစ်အရွယ်ရှိ ခရိုအေးရှား နောက်ခံအစွန်လူ ဗာဆယ်လ်ကို Varsaljko ကို တစ်ရာသီအငှားနဲ့ အင်တာမီလန်အသင်းက ခေါ်ယူခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းပြည့်ချိန်မှာ အပြီးသတ်ခေါ်ယူသွားမှာဖြစ်ပါတယ်။ မီလန်အခြေစိုက်အသင်းက ဗာဆယ်လ်ကို Varsaljko အတွက် အက်သလက်တီကိုအသင်းကို ပေါင် (၈)သန်း ပေးချေသွားရမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူခဲ့ပါက ပြောင်းရွှေ့ကြေး ပေါင် (၁၈)သန်း ထပ်မံပေးချေသွားရမှာပါ။

Vrsaljko-is-set-for-a-return-to-Serie-A

Vrsaljko-is-set-for-a-return-to-Serie-A

အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုတွေကို အက်သလက်တီကိုဘက်က လက်ခံခဲ့ပြီး ကလပ်အသင်း (၂)သင်းအကြား အပြောင်းအရွှေ့အပြီးသတ်ဖို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အီတလီအခြေစိုက် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ကလပ်အသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ဗိုလ်လုပွဲရောက်အောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့တဲ့ ဗာဆယ်လ်ကို Varsaljko ကို ခေါ်ယူနိုင်ဖို့ အင်တာမီလန်အသင်းက တောက်လျှောက်ကြိုးပမ်းခဲ့တာပါ။ ဗာဆယ်လ်ကို Varsaljko အနေနဲ့ အက်သလက်တီကိုအသင်း မတိုင်ခင် ဆာဆူအိုလိုအသင်းမှာ ကစားခဲ့တာဖြစ်လို့ စီးရီးအေပြိုင်ပွဲမှာ တစ်ကျော့ပြန်ခြေချနိုင်တော့မှာဖြစ်ပါတယ်။

REF:Football Italia
Photo:Extra Tips, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com