[Zawgyi]

ဝလာလိုက္တာလို႔ေျပာရင္ေတာင္ စိတ္မဆိုးေတာ့ဘူး ဆိုတဲ့ ေအသင္ခ်ိဳေဆြ

ေအသင္ခ်ိဳေဆြဟာ သူမရဲ ႔အရမ္းကို ဝေနတဲ့ ခႏၶာကိုယ္ကို ဝိတ္က်ေအာင္ Gym ေဆာ့ၿပီးေတာ့ ေပါင္ ၂၀၀ ေက်ာ္က ေန ေပါင္ ၁၆၀ ေလာက္အထိကို ခ်ျပနိုင္ခဲ့တာျဖစ္ပါတယ္။ သူမ အေနနဲ႔ အရင္လို Gym ကို ပံုမွန္မသြားျဖစ္ေတာ့လို႔ အခုခ်ိန္သူ႔ကို “ဟယ္ဝလိုက္တာ” လို႔ေျပာရင္ေတာင္ စိတ္မဆိုးနိုင္ေတာ့ ပါဘူးလို႔ သူမက အခုလိုေျပာျပထားတာျဖစ္ပါတယ္။ဒီလိုစိတ္မဆိုးရတဲ့ အေၾကာင္းကလည္း ဘာေၾကာင့္ျဖစ္တယ္ဆိုၿပီးေတာ့ ေအသင္ကေျပာထားပါတယ္။

ခ်စ္စရာေကာင္းတဲ့ေအသင္ရဲ ႔သမီးေလး

 

“က်မ ကို အခုခ်ိန္မွာ ^ဟယ္ဝလိုက္တာ^ လို႔ေျပာလဲ စိတ္မဆိုးေတာ့ဘူး၊
ဘယ္လို႔လဲဆိုေတာ့ က်မမွာ အရမ္းခ်စ္စရာေကာင္းတ့ဲ သမီးေလးလဲ ရွိေနၿပီ ၊
က်မမွာ သူ႔အတြက္ရည္မွန္းခ်က္ပန္းတိုင္တခုလဲရွိေနပီ၊
မျဖစ္ျဖစ္ေအာင္လုပ္ဖို႔ လဲဆံုးျဖတ္ထားတယ္၊
အခုမွ က်မ ေနရထိုင္ရတာ ေပါ့ပါးလန္းဆန္းသြားတယ္။
ဝတယ္၊ မလွဘူး ၊႐ုပ္ဆိုး လိုက္တာ၊ ဆိုတာေတြက တကယ္ေတာ့ အေပၚယံေတြပါ။
ဘဝမွာ အ့ဲဒီ သတ္မွတ္ခ်က္ေတြထက္ အေရးပါတာေတြ က်မ လုပ္ရဦးမယ္။
ေနာက္ၿပီး က်မ ဘယ္လိုေနေန ဝ ဝ ပိန္ ပိန္ က်မကို ခ်စ္တ့ဲ ခ်စ္သူေတြလဲ အမ်ားႀကီးရွိေနတယ္၊
ကဲ က်မဘယ္ေလာက္ကံေကာင္းလိုက္လဲေျပာ……..
ခ်စ္တယ္ ေနာ္ အားလံုးကို

က်မ ရဲ႕ ျဖစ္တည္မႈ ေလးကို ခ်စ္ေပးၾကတ့ဲ
လက္ခံေပးၾကတ့ဲ အေယာက္တိုင္း အားလံုးကို တကယ္ဘဲ အရမ္းကိုေက်းဇူးတင္တယ္။ ခ်စ္လဲခ်စ္တယ္ ဒါရင္ဘတ္က စကားပါ ” ဆိုၿပီးသူမရဲ ႔လူမႈကြန္ရက္မွာေရးထားတာပါ။

ခ်စ္စရာေကာင္းတဲ့ သမီးေလးနဲ႔ ေအသင္ကို ခ်စ္တယ္ဆိုရင္ ပရိသတ္ႀကီးလည္း တစ္ခုခုေျပာခဲ့ဦးေနာ္။

Photo Credit: Athen Cho Swe Facebook

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

ဝလာလိုက်တာလို့ပြောရင်တောင် စိတ်မဆိုးတော့ဘူး ဆိုတဲ့ အေသင်ချိုဆွေ

အေသင်ချိုဆွေဟာ သူမရဲ့အရမ်းကို ဝနေတဲ့ ခန္ဓာကိုယ်ကို ဝိတ်ကျအောင် Gym ဆော့ပြီးတော့ ပေါင် ၂၀၀ ကျော်က နေ ပေါင် ၁၆၀ လောက်အထိကို ချပြနိုင်ခဲ့တာဖြစ်ပါတယ်။ သူမ အနေနဲ့ အရင်လို Gym ကို ပုံမှန်မသွားဖြစ်တော့လို့ အခုချိန်သူ့ကို “ဟယ်ဝလိုက်တာ” လို့ပြောရင်တောင် စိတ်မဆိုးနိုင်တော့ ပါဘူးလို့ သူမက အခုလိုပြောပြထားတာဖြစ်ပါတယ်။ဒီလိုစိတ်မဆိုးရတဲ့ အကြောင်းကလည်း ဘာကြောင့်ဖြစ်တယ်ဆိုပြီးတော့ အေသင်ကပြောထားပါတယ်။

ချစ်စရာကောင်းတဲ့အေသင်ရဲ့သမီးလေး

 

“ကျမ ကို အခုချိန်မှာ ^ဟယ်ဝလိုက်တာ^ လို့ပြောလဲ စိတ်မဆိုးတော့ဘူး၊
ဘယ်လို့လဲဆိုတော့ ကျမမှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးလဲ ရှိနေပြီ ၊
ကျမမှာ သူ့အတွက်ရည်မှန်းချက်ပန်းတိုင်တခုလဲရှိနေပီ၊
မဖြစ်ဖြစ်အောင်လုပ်ဖို့ လဲဆုံးဖြတ်ထားတယ်၊
အခုမှ ကျမ နေရထိုင်ရတာ ပေါ့ပါးလန်းဆန်းသွားတယ်။
ဝတယ်၊ မလှဘူး ၊ရုပ်ဆိုး လိုက်တာ၊ ဆိုတာတွေက တကယ်တော့ အပေါ်ယံတွေပါ။
ဘဝမှာ အဲ့ဒီ သတ်မှတ်ချက်တွေထက် အရေးပါတာတွေ ကျမ လုပ်ရဦးမယ်။
နောက်ပြီး ကျမ ဘယ်လိုနေနေ ဝ ဝ ပိန် ပိန် ကျမကို ချစ်တဲ့ ချစ်သူတွေလဲ အများကြီးရှိနေတယ်၊
ကဲ ကျမဘယ်လောက်ကံကောင်းလိုက်လဲပြော……..
ချစ်တယ် နော် အားလုံးကို

ကျမ ရဲ့ ဖြစ်တည်မှု လေးကို ချစ်ပေးကြတဲ့
လက်ခံပေးကြတဲ့ အယောက်တိုင်း အားလုံးကို တကယ်ဘဲ အရမ်းကိုကျေးဇူးတင်တယ်။ ချစ်လဲချစ်တယ် ဒါရင်ဘတ်က စကားပါ ” ဆိုပြီးသူမရဲ့လူမှုကွန်ရက်မှာရေးထားတာပါ။

ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ အေသင်ကို ချစ်တယ်ဆိုရင် ပရိသတ်ကြီးလည်း တစ်ခုခုပြောခဲ့ဦးနော်။

Photo Credit: Athen Cho Swe Facebook

ကြည်သာ (Akhayar)

www.akhayar.com