[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

မိခင်မေတ္တာအပြည့်ရှိတဲ့ အေသင်ကိုချီးကျူးစကားဆိုလိုက်တဲ့ မေပန်းချီ

အနုပညာ ညီအစ်မတွေဖြစ်ကြတဲ့ အတွက် မေပန်းချီ က အေသင်ချိုဆွေ ရဲ့ သတ္တိတွေကို အခုလိုချူးကျူးစကားဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဇင်မာလှိုင် ဆိုတဲ့ အကောင့်ကနေ အေသင့်ကို ဝေဖန်ပြောဆိုတာတွေနဲ့ပတ်သက်လို့ အားပေးထားတာတွေကို မေပန်းချီ က ပြန် Share ထားပြီးတော့ အေသင်ချိုဆွေကို ချီးကျူးစကားဆိုလိုက်တာပါ။

ကလေးပုံကို ခွင့်ပြုချက်မရှိဘဲ ယူသုံးနေသူတွေကိုလည်း အေသင်ချိုဆွေက သူမရဲ့အကောင့်မှာ ပြီးခဲ့တဲ့ ရက်က အခုလို ရေးပြီးတင်ထားတာကိုတွေ့ရပါတယ်။

အေသင်ချိုဆွေဟာ အနုပညာလောကကို သီချင်းတွေပြန်လုပ်ဖို့အတွက် တစ်ကြော့ပြန်လည်ရောက်ရှိလာခဲ့ပြီး အလုပ်တွေကိုလည်း အခုဆိုရင် အားသွန်ခွန်စိုက်ပြန်လည်လုပ်ကိုင်နေရတာကိုတွေ့ရပါတယ်။ သူမက နှစ်ခါ အရှုံးမခံနိုင်ဘူးဆိုပြီး သူမဘဝအတွက် အားပေးစကားဆိုထားတာကိုလည်း ပြီးခဲ့တဲ့ မနေ့က လူမှုကွန်ရက်ပေါ်မှာ အခုလိုတင်ထားတာတွေ့ရပါတယ်။

အေသင်ကိုချစ်တဲ့ ပရိသတ်ကကြီး ကတော့ သူမအနေနဲ့ သီချင်းတွေပြန်ဆိုနေတာကိုအားပေးကြသလို ဝိတ်ကျပြီးလှပလာလို့လည်း အချစ်ပိုနေကြတာပါ။ အသက်ငယ်သေးပေမယ့်လည်း တာဝန်သိစိတ် ၊ တာဝန်ယူလိုစိတ်ရှိပြီး အကောင်းဆုံးဖြစ်အောင် ပုံဖော်ဆောင်ရွတ်ချင်တဲ့ သူမရဲ့ရဲရင့်တဲ့ စိတ်ဓါတ်ကတော့ လေးစားစရာကောင်းလှပါတယ်။

Photo Credit:Athen Cho Swe Facebook ၊ May panche may panche Facebook

ကြည်သာ (Akhayar)

www.akhayar.com