[Zawgyi]

ေအာင္ျမင္မႈေတြကို ဘယ္လိုထိန္းသိမ္းရမယ္ဆိုတာ သိခဲ့ပါၿပီလို႔ေျပာခဲ့တဲ့ ေအသင္ခ်ိဳေဆြ

ပရိသတ္ရင္ထဲကို သီခ်င္းသံစဥ္ခ်ိဳခ်ိဳေလးေတြနဲ႔ ဝင္ေရာက္ခဲ့တဲ့ ေအသင္ခ်ိဳေဆြ ဟာ အခုဆိုရင္ “အသည္းကြဲသီခ်င္းေတြမဆိုေတာ့ဘူး” လို႔အမည္ရတဲ့သီခ်င္းေလးနဲ႔ ျပန္လည္ဝင္ေရာက္လို႔လာပါၿပီ။ ဒီလိုျပန္လည္ၿပီးအနုပညာအလုပ္ေတြလုပ္ဖုိ႔အတြက္ သူမ အေနနဲ႔ ဘယ္လိုမ်ိဳးခြန္အားေတြေမြးခဲ့သလဲ ဆိုတာကို ေတြ႕ဆံုေမးျမန္းျဖစ္ခဲ့ပါတယ္။

 

ဘယ္လိုသီခ်င္းပံုစံေတြနဲ႔ ေအသင့္ကိုျပန္ေတြ႔ရမလဲဆိုတာကိုေျပာေပးပါဦး။

“သီခ်င္းေတြကေတာ့ တစ္မ်ိဳးဆန္းၿပီး အရင္လိုမဟုတ္ဘဲနဲ႔ အရသာမတူတဲ့ ပံုစံမ်ိဳးေလးေတြထြက္လာမွာပါ။ “အသည္းကြဲသီခ်င္းေတြမဆိုေတာ့ဘူး” လို႔ေခၚတဲ့ သီခ်င္းနာမည္ေပးျဖစ္ပံုကလည္း ေအသင္ရဲ ႔စစခ်င္း Come Back ျဖစ္တဲ့သီခ်င္းက အရမ္းအေရးႀကီးတဲ့ အတြက္ရိုးရိုးႀကီးလည္း မလုပ္ခ်င္ဘူး။ ေအသင္ခံစားခဲ့ရတဲ့ ခံစားခ်က္ေလးေတြကိုလည္း သိေစခ်င္တာပါပါတယ္။ ၿပီးေတာ့ေအသင္လိုခ်င္တဲ့ ပံုစံေလးျဖစ္ေအာင္လည္း ေျပာျပထားၿပီး ေအသင္နဲ႔လိုက္မယ့္ပံုစံေလးကို ပံုေဖာ္ျဖစ္ခဲ့ၾကတာပါ။ ေအသင္ႀကိဳက္တဲ့ Music ပံုစံမ်ိဳးေလးျဖစ္လို႔အရမ္းလည္း ၊ႀကိဳက္ပါတယ္။ အခ်စ္သီခ်င္းလိုဟာမ်ိဳးလည္း မဆိုခ်င္ဘူး၊ သမာရိုးက်သီခ်င္းေတြျဖစ္တဲ့ လြမ္းတယ္ ၊ ေဆြးတယ္ အဲ့ဒါမ်ိဳးေတြလည္း မဆိုခ်င္ဘူး ဒါေၾကာင့္အခုဒီ “အသည္းကြဲသီခ်င္းေတြမဆိုေတာ့ဘူး” ဆိုတဲ့ သီခ်င္းေလးကို မေကာင္းတဲ့ Ex ေတြကိုရည္ရြယ္ၿပီးေတာ့ ထုတ္ျဖစ္ခဲ့တာပါ”။

မေကာင္းတဲ့ EX ဆိုတာကေရာ ေျပာျပေပးပါဦး။

“ဒါက ရွိခဲ့ပါတယ္။ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားလည္း သိၾကပါတယ္။ ဒါေပမယ့္ အရင္တုန္းကအေၾကာင္းေတြကိုေတာ့ သူမွားတယ္ ကိုယ္မွန္တယ္ ဆိုၿပီးေတာ့ ကေလးဆန္ဆန္ေတြမေျပာခ်င္ေတာ့ပါဘူး။ ေနာက္သြားမယ့္ အနာဂတ္အတြက္ ပဲစဥ္းစားေတာ့တယ္ ဒါေပမယ့္ ကိုယ္ခံစားခဲ့ရတာကိုေတာ့ ကိုယ့္ရဲ ႔အနုပညာတစ္ခုအေနနဲ႔ ပရိသတ္ေတြလည္း သိေအာင္ ၿပီးေတာ့ ကိုယ္နဲ႔ခံစားခ်က္တူတဲ့ သူလည္းရွိေကာင္းရွိနို္င္တယ္အဲ့ဒါေၾကာင့္ သီခ်င္းေလးအျဖစ္လုပ္ခဲ့တာပါ”။

ေအာင္ျမင္မႈကို မထိန္းသိမ္းနိုင္ခဲ့တဲ့ အေၾကာင္းနဲ႔ပတ္သက္လို႔လည္း ေအသင္ႀကံဳခဲ့ရတာေတြကိုေျပာျပေပးပါဦး။

“အဲ့ဒါကဘယ္လိုေျပာရမလဲ ဆိုေတာ့ရင္က်က္တဲ့ သူတစ္ေယာက္လိုေတြးမယ္ ေျပာမယ္ဆိုရင္ဒီလိုမ်ိဳးရင့္က်က္တဲ့သူတစ္ေယာက္ျဖစ္လာ ဖို႔ဒီအဆိုးေတြကကိုယ့္ကိုသင္ေပး ခဲ့လိုေပါ့ေနာ္။ ဟုတ္တယ္ အရင္တုန္းကေကာင္းခဲ့တယ္ဒါေပမယ့္ ငယ္ငယ္တုန္းကေအာင္ျမင္ခဲ့တာဆိုေတာ့ မရင့္က်က္ေသးတဲ့ အခ်ိန္မွာ တလႊဲေတြေတြးနိုင္တယ္ေပါ့ေနာ္။ ၿပီးေတာ့ေအသင္က ေက်ာင္းတတ္ေနရင္းနဲ႔မွ အေခြထလုပ္တယ္ ေပါက္သြားတယ္။ အရမ္းကိုေအာင္ျမင္တယ္ အဲ့အခ်ိန္မွာ အေမကတစ္မ်ိဳး ၊ အျပင္က သူငယ္ခ်င္းအေပါင္းအသင္းေတြကတစ္မ်ိဳး ၿပီးေတာ့ အသက္ ၁၅ နွစ္ ၁၆ နွစ္ဆိုတာ အရမ္းကိုငယ္ေသးတယ္။ အဲ့ဒါေတြေၾကာင့္လည္း ပါမယ္လို႔ထင္တယ္ ဒါေတြကေတာ့သူမ်ားကို အျပစ္ျမင္တာေတြေပါ့ေနာ္ ေနာက္ဆံုးက်ေတာ့လည္း ကိုယ့္ကိုယ္ကိုယ္ပဲအျပစ္တင္ပါတယ္ ကိုယ့္ကိုယ္ကိုယ္ရင့္က်က္ဖုိ႔အတြက္ ဒါေတြကျဖစ္လာတာလို႔ပဲျမင္ပါတယ္။ အခုဆိုရင္ အလုပ္က်ိဳးစားခ်င္စိတ္ေတြရွိတယ္ ျပန္ၿပီးေတာ့ေအာင္ျမင္လာလို႔ရွိရင္ ေအာင္ျမင္မႈကိုဘယ္လိုထိန္းသိမ္း ရမလဲ ဘယ္လိုမ်ိဳးရပ္တည္သြားရမလဲ ဆိုတာကို သင္ခန္းစာအမ်ားႀကီးရတာေပါ့ေနာ္။ ကိုယ့္အတြက္က ေကာင္းဖို႔ျဖစ္လာတာေတြလို႔ပဲခံယူပါတယ္”။

ဝေနတဲ့ အခ်ိန္ေတြကကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈေတြေပ်ာက္ခဲ့တယ္ဆိုတာကို ဘယ္လိုေတြေက်ာ္ျဖတ္ခဲ့ပါသလဲ။

“အဲ့လို ဝ ေနတုန္းကဆိုရင္ ဘယ္မွကိုမသြားခ်င္ဘူး ။ အိမ္ေပၚကေနၿပီး အိမ္ေအာက္ကိုေတာင္မဆင္းခ်င္ပါဘူး။ လူေတြၾကည့္တဲ့အၾကည့္ေတြက တမ်ိဳးပဲ မခံစားနိုင္ဘူး ေနာက္ၿပီး ကိုယ္ကိုယ္တိုင္ကလည္းဒီပံုစံႀကီးနဲ႔မေနခ်င္ေတာ့ဘူး။ အသက္ ၂၅ နွစ္ေတာင္မျပည့္ေသးဘူး ကိုယ္ရွင္သန္ရမယ့္အခ်ိန္ေတြက အမ်ားႀကီးက်န္ေသးတယ္ အဲ့လိုအခ်ိန္မွာ ဒီခႏၶာကိုယ္ႀကီးနဲ႔ ေပါင္ ၂၃၀ ဆိုတာနည္းနည္းေနာေနာ ခႏၶာကိုယ္ႀကီးမဟုတ္ပါဘူး။သြားလို႔လာလို႔လည္း အဆင္မေျပဘူး ၊ အနုပညာအလုပ္ေတြကိုလည္း ျပန္လုပ္ခ်င္တယ္ ၊ ပရိသတ္ေတြနဲ႔ ျပန္ထိေတြ႔ခြင့္ရခ်င္တယ္ ၊ သီခ်င္းေတြလည္း ျပန္ဆိုခ်င္တာေပါ့ေနာ္”။

ေအသင္ခ်ိဳေဆြ ၊ အားတီ နဲ႔ စႏီၵျမင့္လြင္

“အဓိကတြန္းအားေပးခဲ့တာကေတာ့ ေအသင္ဝေနတဲ့ အခ်ိန္မွာ အင္တာဗ်ဴးတစ္ခုတတ္ခဲ့တယ္ အဲ့တုန္းက လံုးဝ Comment ေတြကိုအဆိုးဆံုးေတြပဲ ျမင္ရမယ္လို႔ထင္ထားခဲ့တာ ဒါေပမယ့္ ေအသင္မွာ ေအသင့္ကိုခ်စ္တဲ့ ပရိသတ္ေတြရွိေနေသးတယ္ ျပန္ၿပီးေတာ့ Cover ေတြေပးတယ္ေအသင့္ဘက္ကေနျပန္ၿပီးေတာ့ ေျပာေပးတယ္ အဲ့အေပၚမွာ အရမ္းကို Feel ျဖစ္သြားတာေပါ့ေနာ္။ ငါ့ကို မႀကိဳက္တဲ့သူ မုန္းတဲ့သူေတြမ်ားမယ္လို႔ထင္ထားတာ အဲ့ခ်ိန္က်မွသိလိုက္တာက ကိုယ့္ကိုတကယ္ခ်စ္တဲ့သူေတြ အားေပးတဲ့သူေတြရွိၾကပါလား ဆိုၿပီးႀကိဳးစားၾကည့္မယ္ လုပ္ၾကည့္မယ္ လို႔ဆံုးျဖတ္ခဲ့တာပါ။ ၿပီးေတာ့ကိုယ့္ကို မလုပ္နိုင္ဘူးလို႔ထင္ၿပီး ၾကည့္ထားတဲ့မ်က္လံုးေတြကိုလည္း လုပ္ျပခ်င္တယ္။ အခုဆိုရင္ ေပါင္က ၁၆၀ရွိတယ္ ေနာက္ထပ္လည္း ထပ္က်ေအာင္ လို႔ထပ္ခ်မယ္စိတ္ကူးထားပါတယ္။ လူဆိုတာက ႀကိဳးစားခ်င္စိတ္ရွိဖို႔နဲ႔ ႀကိဳးစားေနဖို႔ပဲလိုတာပါ အဓိကကေတာ့ ကိုယ့္စိတ္ကိုယ္နိုင္ဖို႔ပါပဲ”။

ၾကည္သာ (Akhayar)

Photo Credit: Athen Cho Swe Facebook

www.akhayar.com
[Unicode]

အောင်မြင်မှုတွေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ သိခဲ့ပါပြီလို့ပြောခဲ့တဲ့ အေသင်ချိုဆွေ

ပရိသတ်ရင်ထဲကို သီချင်းသံစဉ်ချိုချိုလေးတွေနဲ့ ဝင်ရောက်ခဲ့တဲ့ အေသင်ချိုဆွေ ဟာ အခုဆိုရင် “အသည်းကွဲသီချင်းတွေမဆိုတော့ဘူး” လို့အမည်ရတဲ့သီချင်းလေးနဲ့ ပြန်လည်ဝင်ရောက်လို့လာပါပြီ။ ဒီလိုပြန်လည်ပြီးအနုပညာအလုပ်တွေလုပ်ဖို့အတွက် သူမ အနေနဲ့ ဘယ်လိုမျိုးခွန်အားတွေမွေးခဲ့သလဲ ဆိုတာကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

 

ဘယ်လိုသီချင်းပုံစံတွေနဲ့ အေသင့်ကိုပြန်တွေ့ရမလဲဆိုတာကိုပြောပေးပါဦး။

“သီချင်းတွေကတော့ တစ်မျိုးဆန်းပြီး အရင်လိုမဟုတ်ဘဲနဲ့ အရသာမတူတဲ့ ပုံစံမျိုးလေးတွေထွက်လာမှာပါ။ “အသည်းကွဲသီချင်းတွေမဆိုတော့ဘူး” လို့ခေါ်တဲ့ သီချင်းနာမည်ပေးဖြစ်ပုံကလည်း အေသင်ရဲ့စစချင်း Come Back ဖြစ်တဲ့သီချင်းက အရမ်းအရေးကြီးတဲ့ အတွက်ရိုးရိုးကြီးလည်း မလုပ်ချင်ဘူး။ အေသင်ခံစားခဲ့ရတဲ့ ခံစားချက်လေးတွေကိုလည်း သိစေချင်တာပါပါတယ်။ ပြီးတော့အေသင်လိုချင်တဲ့ ပုံစံလေးဖြစ်အောင်လည်း ပြောပြထားပြီး အေသင်နဲ့လိုက်မယ့်ပုံစံလေးကို ပုံဖော်ဖြစ်ခဲ့ကြတာပါ။ အေသင်ကြိုက်တဲ့ Music ပုံစံမျိုးလေးဖြစ်လို့အရမ်းလည်း ၊ကြိုက်ပါတယ်။ အချစ်သီချင်းလိုဟာမျိုးလည်း မဆိုချင်ဘူး၊ သမာရိုးကျသီချင်းတွေဖြစ်တဲ့ လွမ်းတယ် ၊ ဆွေးတယ် အဲ့ဒါမျိုးတွေလည်း မဆိုချင်ဘူး ဒါကြောင့်အခုဒီ “အသည်းကွဲသီချင်းတွေမဆိုတော့ဘူး” ဆိုတဲ့ သီချင်းလေးကို မကောင်းတဲ့ Ex တွေကိုရည်ရွယ်ပြီးတော့ ထုတ်ဖြစ်ခဲ့တာပါ”။

မကောင်းတဲ့ EX ဆိုတာကရော ပြောပြပေးပါဦး။

“ဒါက ရှိခဲ့ပါတယ်။ ပရိသတ်တွေတော်တော်များများလည်း သိကြပါတယ်။ ဒါပေမယ့် အရင်တုန်းကအကြောင်းတွေကိုတော့ သူမှားတယ် ကိုယ်မှန်တယ် ဆိုပြီးတော့ ကလေးဆန်ဆန်တွေမပြောချင်တော့ပါဘူး။ နောက်သွားမယ့် အနာဂတ်အတွက် ပဲစဉ်းစားတော့တယ် ဒါပေမယ့် ကိုယ်ခံစားခဲ့ရတာကိုတော့ ကိုယ့်ရဲ့အနုပညာတစ်ခုအနေနဲ့ ပရိသတ်တွေလည်း သိအောင် ပြီးတော့ ကိုယ်နဲ့ခံစားချက်တူတဲ့ သူလည်းရှိကောင်းရှိနိုင်တယ်အဲ့ဒါကြောင့် သီချင်းလေးအဖြစ်လုပ်ခဲ့တာပါ”။

အောင်မြင်မှုကို မထိန်းသိမ်းနိုင်ခဲ့တဲ့ အကြောင်းနဲ့ပတ်သက်လို့လည်း အေသင်ကြုံခဲ့ရတာတွေကိုပြောပြပေးပါဦး။

“အဲ့ဒါကဘယ်လိုပြောရမလဲ ဆိုတော့ရင်ကျက်တဲ့ သူတစ်ယောက်လိုတွေးမယ် ပြောမယ်ဆိုရင်ဒီလိုမျိုးရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်လာ ဖို့ဒီအဆိုးတွေကကိုယ့်ကိုသင်ပေး ခဲ့လိုပေါ့နော်။ ဟုတ်တယ် အရင်တုန်းကကောင်းခဲ့တယ်ဒါပေမယ့် ငယ်ငယ်တုန်းကအောင်မြင်ခဲ့တာဆိုတော့ မရင့်ကျက်သေးတဲ့ အချိန်မှာ တလွှဲတွေတွေးနိုင်တယ်ပေါ့နော်။ ပြီးတော့အေသင်က ကျောင်းတတ်နေရင်းနဲ့မှ အခွေထလုပ်တယ် ပေါက်သွားတယ်။ အရမ်းကိုအောင်မြင်တယ် အဲ့အချိန်မှာ အမေကတစ်မျိုး ၊ အပြင်က သူငယ်ချင်းအပေါင်းအသင်းတွေကတစ်မျိုး ပြီးတော့ အသက် ၁၅ နှစ် ၁၆ နှစ်ဆိုတာ အရမ်းကိုငယ်သေးတယ်။ အဲ့ဒါတွေကြောင့်လည်း ပါမယ်လို့ထင်တယ် ဒါတွေကတော့သူများကို အပြစ်မြင်တာတွေပေါ့နော် နောက်ဆုံးကျတော့လည်း ကိုယ့်ကိုယ်ကိုယ်ပဲအပြစ်တင်ပါတယ် ကိုယ့်ကိုယ်ကိုယ်ရင့်ကျက်ဖို့အတွက် ဒါတွေကဖြစ်လာတာလို့ပဲမြင်ပါတယ်။ အခုဆိုရင် အလုပ်ကျိုးစားချင်စိတ်တွေရှိတယ် ပြန်ပြီးတော့အောင်မြင်လာလို့ရှိရင် အောင်မြင်မှုကိုဘယ်လိုထိန်းသိမ်း ရမလဲ ဘယ်လိုမျိုးရပ်တည်သွားရမလဲ ဆိုတာကို သင်ခန်းစာအများကြီးရတာပေါ့နော်။ ကိုယ့်အတွက်က ကောင်းဖို့ဖြစ်လာတာတွေလို့ပဲခံယူပါတယ်”။

ဝနေတဲ့ အချိန်တွေကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေပျောက်ခဲ့တယ်ဆိုတာကို ဘယ်လိုတွေကျော်ဖြတ်ခဲ့ပါသလဲ။

“အဲ့လို ဝ နေတုန်းကဆိုရင် ဘယ်မှကိုမသွားချင်ဘူး ။ အိမ်ပေါ်ကနေပြီး အိမ်အောက်ကိုတောင်မဆင်းချင်ပါဘူး။ လူတွေကြည့်တဲ့အကြည့်တွေက တမျိုးပဲ မခံစားနိုင်ဘူး နောက်ပြီး ကိုယ်ကိုယ်တိုင်ကလည်းဒီပုံစံကြီးနဲ့မနေချင်တော့ဘူး။ အသက် ၂၅ နှစ်တောင်မပြည့်သေးဘူး ကိုယ်ရှင်သန်ရမယ့်အချိန်တွေက အများကြီးကျန်သေးတယ် အဲ့လိုအချိန်မှာ ဒီခန္ဓာကိုယ်ကြီးနဲ့ ပေါင် ၂၃၀ ဆိုတာနည်းနည်းနောနော ခန္ဓာကိုယ်ကြီးမဟုတ်ပါဘူး။သွားလို့လာလို့လည်း အဆင်မပြေဘူး ၊ အနုပညာအလုပ်တွေကိုလည်း ပြန်လုပ်ချင်တယ် ၊ ပရိသတ်တွေနဲ့ ပြန်ထိတွေ့ခွင့်ရချင်တယ် ၊ သီချင်းတွေလည်း ပြန်ဆိုချင်တာပေါ့နော်”။

အေသင်ချိုဆွေ ၊ အားတီ နဲ့ စန္ဒီမြင့်လွင်

“အဓိကတွန်းအားပေးခဲ့တာကတော့ အေသင်ဝနေတဲ့ အချိန်မှာ အင်တာဗျူးတစ်ခုတတ်ခဲ့တယ် အဲ့တုန်းက လုံးဝ Comment တွေကိုအဆိုးဆုံးတွေပဲ မြင်ရမယ်လို့ထင်ထားခဲ့တာ ဒါပေမယ့် အေသင်မှာ အေသင့်ကိုချစ်တဲ့ ပရိသတ်တွေရှိနေသေးတယ် ပြန်ပြီးတော့ Cover တွေပေးတယ်အေသင့်ဘက်ကနေပြန်ပြီးတော့ ပြောပေးတယ် အဲ့အပေါ်မှာ အရမ်းကို Feel ဖြစ်သွားတာပေါ့နော်။ ငါ့ကို မကြိုက်တဲ့သူ မုန်းတဲ့သူတွေများမယ်လို့ထင်ထားတာ အဲ့ချိန်ကျမှသိလိုက်တာက ကိုယ့်ကိုတကယ်ချစ်တဲ့သူတွေ အားပေးတဲ့သူတွေရှိကြပါလား ဆိုပြီးကြိုးစားကြည့်မယ် လုပ်ကြည့်မယ် လို့ဆုံးဖြတ်ခဲ့တာပါ။ ပြီးတော့ကိုယ့်ကို မလုပ်နိုင်ဘူးလို့ထင်ပြီး ကြည့်ထားတဲ့မျက်လုံးတွေကိုလည်း လုပ်ပြချင်တယ်။ အခုဆိုရင် ပေါင်က ၁၆၀ရှိတယ် နောက်ထပ်လည်း ထပ်ကျအောင် လို့ထပ်ချမယ်စိတ်ကူးထားပါတယ်။ လူဆိုတာက ကြိုးစားချင်စိတ်ရှိဖို့နဲ့ ကြိုးစားနေဖို့ပဲလိုတာပါ အဓိကကတော့ ကိုယ့်စိတ်ကိုယ်နိုင်ဖို့ပါပဲ”။

ကြည်သာ (Akhayar)

Photo Credit: Athen Cho Swe Facebook

www.akhayar.com