[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

နာကြည်းတဲ့ ခံစားချက်တွေကို သီချင်းအဖြစ်ပုံဖော် အသက်သွင်းပါလို့ အေသင်ချိုဆွေကို အားပေးလိုက်တဲ့ ဥက္ကာမင်းမောင်

Single Mother ဖြစ်တဲ့ အေသင်ကို ဥက္ကာမင်းမောင်က အားပေးစကားဆိုလိုက်တာဖြစ်ပါတယ်။ အေသင့်ကိုအားပေးရင်းနဲ့ အေသင့်ရဲ့မိခင်ဖြစ်သူကိုလည်းနားလည်ပေးနိုင်တဲ့အတွက် စံပြမိခင်ပါလို့ ပြောခဲ့ပြီး လေးစားပါတယ် အန်တီရေ လို့လည်း ဆိုထားပါသေးတယ်။

ဥက္ကာမင်းမောင် ကတော့ Single Mother ဆိုတဲ့အရာဟာ အနောက်နိုင်ငံတွေမှာဆိုရင် ထူးဆန်းတဲ့အရာတစ်ခုတောင်မဟုတ်တော့ပါဘူး။ ကလေးလိုချင်ကြတဲ့ တချို့ အမျိုးသမီးတွေဆိုရင်တောင် သုတ်ပိုး ကို အလှူခံပြီးတော့ ယူကြတာတွေတောင်ရှိတယ်လို့လည်း ပြောထားတာဖြစ်ပါတယ်။

ဥက္ကာမင်းမောင်ဟာ သူကိုယ်တိုင်လည်း Gay တစ်ယောက်ဖြစ်တယ်ဆိုတာကို ဝန်ခံပြီးတော့ ပွင့်ပွင့်လင်းလင်း နဲ့ ရင်ဆိုင်ဖြတ်သန်းရင်း ချစ်ရသူနဲ့ ပျော်ရွှင်တဲ့ ဘဝတစ်ခုကိုထူထောင်ထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit:Athen Cho Swe Facebook ၊ Ye Htoo Win Facebook

ကြည်သာ (Akhayar)

www.akhayar.com