[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

အားတီအိမ်မှာ ချက်ကျွေးတာတွေသွားစားခဲ့တဲ့ အေသင်ချိုဆွေ

အားတီနဲ့ အေသင်ချိုဆွေတို့ နှစ်ယောက်ဟာခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြသလို အခုတစ်ခေါက် အေသင်ချိုဆွေ ဝိတ်ချနိုင်ခဲ့တာဟာလည်း အားတီရဲ့အကူအညီတွေများစွာပါတယ်လို့ အေသင်ချိုဆွေကိုယ်တိုင်ကလည်း ပြောဖူးပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရိုက်ကူးရေးတစ်ခုအတွက် အားတီအိမ်မှာ ဟင်းချက်နေတဲ့ ပုံတွေနဲ့ “ဒီနေ့ Ar-T အိမ်မှာ MC ရဲ့ရိုက်ကူးရေးအတွက် စားကြသောက်ကြတယ်ပေါ့နော။် Ar-T ကိုယ်တိုင်ချက်ကျွေးတာတွေအရမ်းစား လို့ကောင်းတယ် ကျေးဇူးပါ ချစ်ရေ” ဆိုပြီး သရုပ်ဆောင်မြနှင်းရီလွင် တင်ထားတဲ့ Post မှာ အေသင်ချိုဆွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။

အားတီဟာသူငယ်ချင်းကောင်းပါလို့ အေသင်ကသူ့ကိုအင်တာဗျူးလုပ်တုန်းမှာလည်း ပြောပြခဲ့ပြီး ဝိတ်ချတဲ့ အခါမှာလည်း ကိုအားတီရဲ့အကူအညီတွေအများကြီး ရတယ်လို့ အေသင်ချိုဆွေကိုယ်တိုင်ကလည်း ပြောဖူးပါတယ်။ အားတီကိုယ်တိုင်လည်း ဝိတ်ချတဲ့နေရာမှာ အားသွန်ခွန်စိုက်လုပ်ခဲ့လို့အခုဆိုရင်ကိုအားတီလည်း Body အမိုက်စားဖြစ်နေပြီလို့ အေသင်ကပြောပြခဲ့သလို Gym နဲ့ ဝိတ်ကိုထိန်းနိုင်ရုံတင်မကဘဲ အစားအသောက်တွေကိုပါ စနစ်တကျ ကိုအားတီ ကစားတာဖြစ်လို့ သူ့ကိုအားကျတယ် ဆိုပြီးတော့လည်း အေသင်ချိုဆွေကပြောပါသေးတယ်။

ချစ်ဖို့ကောင်းတဲ့ အနုပညာမောင်နှမသုံးယောက်

အနုပညာမောင်နှမအချင်းချင်း ဖေးမကူညီရင်းတစ်ယောက်ကိုတစ်ယောက် အခုလိုကူညီထောက်ပံ့တတ်တဲ့ အားတီရဲ့စိတ်ဓါတ်ကတော့ လေးစားစရာပါပဲ။

Photo Credit: Athen Cho Swe Facebook

ကြည်သာ (Akhayar)

www.akhayar.com