[Zawgyi]

အနည္းဆံုးလူေပါင္း ၉၁ ဦးေသဆံုးခဲ့ရတဲ့ ဘာလီကၽြန္းစုက ငလ်င္လႈပ္မႈၾကီး

ျပီးခဲ့တဲ့ တနဂၤေႏြေန႔၊ ဇူလိုင္လ ၅ ရက္ေန႔က အင္ဒိုနီးရွားႏုိင္ငံရဲ႕ ဘာလီကၽြန္းစုမွာ 6.9 mww Magnitude အဆင့္ရွိတဲ့ ငလ်င္ၾကီးဟာ ၾကမၼာဆိုးၾကီးတစ္ခုလို လႈပ္ခတ္ခဲ့ပါတယ္။ ဒီငလ်င္ေၾကာင့္ လက္ရွိအခ်ိန္အထိ အနည္းဆံုး လူေပါင္း ၉၁ ဦးေသဆံုးခဲ့ရတယ္လို႔ သိရျပီး ကၽြန္းေပၚမွာ ရိွတဲ့ အိမ္အေတာ္မ်ားမ်ား၊ ဟိုတယ္ေတြနဲ႔ စားေသာက္ဆုိင္ေတြဟာ အျပိဳျပိဳအလဲလဲ ပ်က္စီးခဲ့ရပါတယ္။

အင္ဒိုနီးရွားၾကက္ေျခနီအဖြဲ႔အစည္းရဲ႕ သဘာဝေဘးအႏၱရာယ္စီမံခန္႔ခြဲဲေရးဌာနအၾကီးအမွဴးတစ္ေယာက္ျဖစ္တဲ့ Arifin Muhammad Hadi ကေတာ့ လူေပါင္းရာခ်ီေဆးရုံကို ေရာက္လာၾကျပီး အိမ္ေပါင္းေထာင္ခ်ီပ်က္စီးခဲ့ရတယ္ဆုိတာကို အတည္ျပဳေပးခဲဲ့ပါတယ္။

Bali Earthquake

Bali Earthquake

ဒီငလ်င္ၾကီးဟာ ဘာလီကၽြန္းစုရဲ႕ အေရွ႕ဘက္မွာရွိတဲ့ Lombok ကၽြန္းမွာ အေျချပဳလႈပ္ခတ္ခဲ့တာ ျဖစ္ျပီး Lombok ကၽြန္းအတြက္ေတာ့ တစ္ပတ္အတြင္းကို ဒုတိယအၾကိမ္ေျမာက္ ငလ်င္လႈပ္ခတ္ခံရျခင္းပဲ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ဇူလိုင္ ၂၉ ရက္ေန႔တုန္းကလည္း 6.4 mww Magnitude  အဆင့္ရွိတဲ့ ငလ်င္ၾကီး လႈပ္ခတ္ခဲ့ျပီး လူေပါင္း ဒါဇင္နဲ႔ ခ်ီျပီး ေသဆံုးခဲ့ရျပီးျဖစ္ပါတယ္။

အင္ဒိုနီးရွားဆူနာမီသတိေပးစနစ္ကလည္း ဒီလို ငလ်င္ၾကီး လႈပ္ခတ္ျပီးတာနဲ႔ ခ်က္ခ်င္းပဲ ဆူနာမီ သတိေပးခ်က္ထုတ္ျပန္ခဲ့ျပီး အခုေတာ့ ျပန္လည္ရုပ္သိမ္းသြားခဲ့ပါျပီ။

ဘာလီမွာ ေရာက္ေနတဲ့ ႏုိင္ငံျခားသားခရီးသည္ေတြနဲ႔ ဧည့္သည္ေတြကေတာ့ လမ္းမေတြထက္မွာ ကစဥ့္ကလ်ားေျပးလႊားေနၾကျပီး အာဏာပုိင္ေတြကေတာ့ လူေတြကို အရမ္းေၾကာက္လန္႔ထိတ္ျပာမေနေစဖို႔အတြက္ တုိက္တြန္းေဆာ္ၾသေနၾကပါတယ္။ အင္ဒိုရဲ႕ ကမာၻလွည့္ခရီးသည္ဝန္ၾကီးဌာနကေတာ့ “အခုထိေတာ့ ဘယ္ကမာၻလွည့္ခရီးသည္မွ ထိခိုက္ဒဏ္ရာရထားျခင္း မရွိဘူး” လို႔ ေၾကညာထားပါတယ္။

ငလ်င္ၾကီးရဲ႕ေနာက္မွာ ေနာက္ဆက္တဲြငလ်င္ေလးေတြ ဆက္ဆက္လႈပ္ေနလို႔လည္း ေဆးရံုက လူနာေတြကို အျပင္ဘက္ ကြင္းျပင္ေနရာေတြကို ေရႊ႕ထားခဲ့ၾကပါတယ္။ ၾကိဳးဖုန္းလိုင္းေတြနဲ႔ မိုဘုိင္းလ္ဖုန္းကြန္ရက္ေတြဟာလည္း လက္ရွိမွာေတာ့ အဆက္အသြယ္ျပတ္ေတာက္ေနခဲ့ပါတယ္။

Bali Earthquake

Bali Earthquake

ဘာလီေလဆိပ္မွာ မ်က္ႏွာၾကက္နံရံေတြ ကြာက်တဲ့အထိ အပ်က္အစီးေတြ ရွိေပမယ့္လည္း ခရီးသြားေတြ အဆင္ေျပေအာင္ေတာ့ ေလယာဥ္ခရီးစဥ္ေတြ ဆက္လက္ေျပးဆြဲေနဆဲ ျဖစ္ပါတယ္။

Bali Earthquake

Bali Earthquake

ဘာလီနဲ႔ Lombok ကၽြန္းေတြဟာ ကီလိုမီတာ ၄၀၀၀၀ (မုိင္ေပါင္း ၂၅၀၀၀) က်ယ္ျပန္႔တဲ့ Pacific Ring of Fire ဇုန္ထဲမွာ က်ေရာက္ေနျပီး ကမာၻ႔မီးေတာင္နဲ႔ ေျမငလ်င္လႈပ္ရွားမႈအမ်ားဆံုးေနရာထဲက တစ္ခုလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ ဘာလီကုိ သြားလည္တာေတာ့ သြားလည္ပါ၊ မလည္ခင္ ရာသီဥတုနဲ႔ သဘာဝေဘးအႏၱရာယ္သတင္းေလးေတြလည္း နားစြင့္ပါလို႔၊ အသက္ကို ဥာဏ္ေစာင့္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : cnn.com
[Unicode]

အနည်းဆုံးလူပေါင်း ၉၁ ဦးသေဆုံးခဲ့ရတဲ့ ဘာလီကျွန်းစုက ငလျင်လှုပ်မှုကြီး

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ ဇူလိုင်လ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရဲ့ ဘာလီကျွန်းစုမှာ 6.9 mww Magnitude အဆင့်ရှိတဲ့ ငလျင်ကြီးဟာ ကြမ္မာဆိုးကြီးတစ်ခုလို လှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်ကြောင့် လက်ရှိအချိန်အထိ အနည်းဆုံး လူပေါင်း ၉၁ ဦးသေဆုံးခဲ့ရတယ်လို့ သိရပြီး ကျွန်းပေါ်မှာ ရှိတဲ့ အိမ်အတော်များများ၊ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေဟာ အပြိုပြိုအလဲလဲ ပျက်စီးခဲ့ရပါတယ်။

အင်ဒိုနီးရှားကြက်ခြေနီအဖွဲ့အစည်းရဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနအကြီးအမှူးတစ်ယောက်ဖြစ်တဲ့ Arifin Muhammad Hadi ကတော့ လူပေါင်းရာချီဆေးရုံကို ရောက်လာကြပြီး အိမ်ပေါင်းထောင်ချီပျက်စီးခဲ့ရတယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။

Bali Earthquake

Bali Earthquake

ဒီငလျင်ကြီးဟာ ဘာလီကျွန်းစုရဲ့ အရှေ့ဘက်မှာရှိတဲ့ Lombok ကျွန်းမှာ အခြေပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပြီး Lombok ကျွန်းအတွက်တော့ တစ်ပတ်အတွင်းကို ဒုတိယအကြိမ်မြောက် ငလျင်လှုပ်ခတ်ခံရခြင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့တုန်းကလည်း 6.4 mww Magnitude  အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး လူပေါင်း ဒါဇင်နဲ့ ချီပြီး သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

အင်ဒိုနီးရှားဆူနာမီသတိပေးစနစ်ကလည်း ဒီလို ငလျင်ကြီး လှုပ်ခတ်ပြီးတာနဲ့ ချက်ချင်းပဲ ဆူနာမီ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး အခုတော့ ပြန်လည်ရုပ်သိမ်းသွားခဲ့ပါပြီ။

ဘာလီမှာ ရောက်နေတဲ့ နိုင်ငံခြားသားခရီးသည်တွေနဲ့ ဧည့်သည်တွေကတော့ လမ်းမတွေထက်မှာ ကစဉ့်ကလျားပြေးလွှားနေကြပြီး အာဏာပိုင်တွေကတော့ လူတွေကို အရမ်းကြောက်လန့်ထိတ်ပြာမနေစေဖို့အတွက် တိုက်တွန်းဆော်သြနေကြပါတယ်။ အင်ဒိုရဲ့ ကမ္ဘာလှည့်ခရီးသည်ဝန်ကြီးဌာနကတော့ “အခုထိတော့ ဘယ်ကမ္ဘာလှည့်ခရီးသည်မှ ထိခိုက်ဒဏ်ရာရထားခြင်း မရှိဘူး” လို့ ကြေညာထားပါတယ်။

ငလျင်ကြီးရဲ့နောက်မှာ နောက်ဆက်တွဲငလျင်လေးတွေ ဆက်ဆက်လှုပ်နေလို့လည်း ဆေးရုံက လူနာတွေကို အပြင်ဘက် ကွင်းပြင်နေရာတွေကို ရွှေ့ထားခဲ့ကြပါတယ်။ ကြိုးဖုန်းလိုင်းတွေနဲ့ မိုဘိုင်းလ်ဖုန်းကွန်ရက်တွေဟာလည်း လက်ရှိမှာတော့ အဆက်အသွယ်ပြတ်တောက်နေခဲ့ပါတယ်။

Bali Earthquake

Bali Earthquake

ဘာလီလေဆိပ်မှာ မျက်နှာကြက်နံရံတွေ ကွာကျတဲ့အထိ အပျက်အစီးတွေ ရှိပေမယ့်လည်း ခရီးသွားတွေ အဆင်ပြေအောင်တော့ လေယာဉ်ခရီးစဉ်တွေ ဆက်လက်ပြေးဆွဲနေဆဲ ဖြစ်ပါတယ်။

Bali Earthquake

Bali Earthquake

ဘာလီနဲ့ Lombok ကျွန်းတွေဟာ ကီလိုမီတာ ၄၀၀၀၀ (မိုင်ပေါင်း ၂၅၀၀၀) ကျယ်ပြန့်တဲ့ Pacific Ring of Fire ဇုန်ထဲမှာ ကျရောက်နေပြီး ကမ္ဘာ့မီးတောင်နဲ့ မြေငလျင်လှုပ်ရှားမှုအများဆုံးနေရာထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဘာလီကို သွားလည်တာတော့ သွားလည်ပါ၊ မလည်ခင် ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်သတင်းလေးတွေလည်း နားစွင့်ပါလို့၊ အသက်ကို ဉာဏ်စောင့်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : cnn.com