[Zawgyi]

ထုိင္ဝမ္မွာ ႏွစ္ေပါင္း ၃၀ အတြင္း အဆိုးဝါးဆံုး ရထားလမ္းေခ်ာ္မႈၾကီး

ထိုင္ဝမ္ႏုိင္ငံေျမာက္ပိုင္း Lian ေကာင္တီမွာ ေအာက္တုိဘာလ ၂၁ ရက္ေန႔ တနဂၤေႏြေန႔က အနည္းဆံုး လူေပါင္း ၁၈ ဦးေသဆံုးျပီး ၁၆၈ ဦး ဒဏ္ရာရရွိခဲ့တဲ့ ရထားလမ္းေခ်ာ္မႈၾကီးတစ္ခု ျဖစ္ပြားခဲ့ပါတယ္။  ဒါဟာ ထုိင္ဝမ္မွာေတာ့ ဆယ္စုႏွစ္ ၃စုအတြင္း အဆိုးဝါးဆံုး မေတာ္တဆမႈၾကီး ျဖစ္ပါတယ္။

Puyama Express Train ဟာ အမ်ားအားျဖင့္ Tourists ေတြ စီးတာ မ်ားျပီး Shulin ကေန Taitung ဆီကို လူေပါင္း ၃၆၆ ဦးတင္ေဆာင္ျပီး ထြက္ခြာလာတုန္း ညေန ၅ နာရီေလာက္မွာ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

 

ထုိင္ဝမ္မီးရထားအုပ္ခ်ဳပ္ေရးရဲ႕ အၾကီးအမွဴးျဖစ္တဲ့ Jason Lu ကေတာ့ တြဲ ၈ တြဲလံုး လမ္းေခ်ာ္ခဲ့တာ ျဖစ္ျပီး ၅ တြဲကေတာ့ တိမ္းေမွာက္ခဲ့တာ ျဖစ္ပါတယ္။ “ရထားတြဲ ၄ တြဲကေတာ့ လံုးဝကို ေျပာငး္ျပန္လန္သြားျပီး အဲဒီ ၄ တြဲက ခရီးသည္ေတြက ဒဏ္ရာအဆိုးဆံုးျဖစ္ခဲ့ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ဘာေၾကာင့္ ျဖစ္ရသလဲဆုိတာေတာ့ အခုထိ မသိရေသးဘဲ ခရီးသည္ေတြထဲက လြတ္ေျမာက္လာသူေတြကေတာ့ မျဖစ္ခင္မွာ အရမ္းကို လႈပ္ခါသြားျပီး လွ်ပ္စစ္မီးေတြ ပ်က္သြားတယ္လို႔ ေျပာခဲ့ပါတယ္။ “ရုတ္တရက္ ခံုကေန ဆြဲလႊင့္ပစ္လိုက္သလို ခံစားလိုက္ရျပီး တျခား ခရီးသည္ေတြဟာလည္း ျပတင္းေပါက္ေတြကေန အျပင္ကို လြင့္ထြက္သြားတာ ျမင္လိုက္ပါတယ္” လို႔ သက္ေသခံၾကပါတယ္။

ရထားတြဲရဲ႕ သက္တမ္းဟာ ၆ ႏွစ္ပဲရွိေသးျပီး အေကာင္းၾကီး ရွိပါေသးတယ္။ တာဝန္ရွိသူေတြကေတာ့ ဒီအျဖစ္ဆိုးၾကံဳရတဲ့ မိသားစုေတြကို တစ္ဦးစီအတြက္ ေဒၚလာ ၈၁,၀၀၀ နစ္နာေၾကးေပးေလ်ာ္ဖို႔ အစီအစဥ္ရွိေနပါတယ္။ ကာကြယ္ေရးဝန္ၾကီးဌာနက စစ္သား ၁၂၀ ကို ဒီျဖစ္ရပ္အတြက္ ကယ္ဆယ္ေရးအေနနဲ႔ ေစလႊတ္ထားတယ္လို႔ သိရပါတယ္။

သူတို႔ဆီက ကူညီကယ္ဆယ္မႈေတြကေတာ့ အခ်ိန္နဲ႔ တေျပးညီေဆာင္ရြက္တဲ့အတြက္ အေသအေပ်ာက္စာရင္းလည္း အရမး္ၾကီးျမင့္တက္မလာဘူးလို႔ ေမွ်ာ္လင့္ရပါေၾကာင္း။

Yoe Lu (Akhayar)

www.akhayar.com

Source : The Washington Post

[Unicode]

ထိုင်ဝမ်မှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံး ရထားလမ်းချော်မှုကြီး

ထိုင်ဝမ်နိုင်ငံမြောက်ပိုင်း Lian ကောင်တီမှာ အောက်တိုဘာလ ၂၁ ရက်နေ့ တနင်္ဂနွေနေ့က အနည်းဆုံး လူပေါင်း ၁၈ ဦးသေဆုံးပြီး ၁၆၈ ဦး ဒဏ်ရာရရှိခဲ့တဲ့ ရထားလမ်းချော်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။  ဒါဟာ ထိုင်ဝမ်မှာတော့ ဆယ်စုနှစ် ၃စုအတွင်း အဆိုးဝါးဆုံး မတော်တဆမှုကြီး ဖြစ်ပါတယ်။

Puyama Express Train ဟာ အများအားဖြင့် Tourists တွေ စီးတာ များပြီး Shulin ကနေ Taitung ဆီကို လူပေါင်း ၃၆၆ ဦးတင်ဆောင်ပြီး ထွက်ခွာလာတုန်း ညနေ ၅ နာရီလောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

 

ထိုင်ဝမ်မီးရထားအုပ်ချုပ်ရေးရဲ့ အကြီးအမှူးဖြစ်တဲ့ Jason Lu ကတော့ တွဲ ၈ တွဲလုံး လမ်းချော်ခဲ့တာ ဖြစ်ပြီး ၅ တွဲကတော့ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ “ရထားတွဲ ၄ တွဲကတော့ လုံးဝကို ပြောင်းပြန်လန်သွားပြီး အဲဒီ ၄ တွဲက ခရီးသည်တွေက ဒဏ်ရာအဆိုးဆုံးဖြစ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲဆိုတာတော့ အခုထိ မသိရသေးဘဲ ခရီးသည်တွေထဲက လွတ်မြောက်လာသူတွေကတော့ မဖြစ်ခင်မှာ အရမ်းကို လှုပ်ခါသွားပြီး လျှပ်စစ်မီးတွေ ပျက်သွားတယ်လို့ ပြောခဲ့ပါတယ်။ “ရုတ်တရက် ခုံကနေ ဆွဲလွှင့်ပစ်လိုက်သလို ခံစားလိုက်ရပြီး တခြား ခရီးသည်တွေဟာလည်း ပြတင်းပေါက်တွေကနေ အပြင်ကို လွင့်ထွက်သွားတာ မြင်လိုက်ပါတယ်” လို့ သက်သေခံကြပါတယ်။

ရထားတွဲရဲ့ သက်တမ်းဟာ ၆ နှစ်ပဲရှိသေးပြီး အကောင်းကြီး ရှိပါသေးတယ်။ တာဝန်ရှိသူတွေကတော့ ဒီအဖြစ်ဆိုးကြုံရတဲ့ မိသားစုတွေကို တစ်ဦးစီအတွက် ဒေါ်လာ ၈၁,၀၀၀ နစ်နာကြေးပေးလျော်ဖို့ အစီအစဉ်ရှိနေပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက စစ်သား ၁၂၀ ကို ဒီဖြစ်ရပ်အတွက် ကယ်ဆယ်ရေးအနေနဲ့ စေလွှတ်ထားတယ်လို့ သိရပါတယ်။

သူတို့ဆီက ကူညီကယ်ဆယ်မှုတွေကတော့ အချိန်နဲ့ တပြေးညီဆောင်ရွက်တဲ့အတွက် အသေအပျောက်စာရင်းလည်း အရမ်းကြီးမြင့်တက်မလာဘူးလို့ မျှော်လင့်ရပါကြောင်း။

Yoe Lu (Akhayar)

www.akhayar.com

Source : The Washington Post