Taiwan ရဲ့ နည်းပညာ Giant Company တစ်ခု  ဖြစ်တဲ့ Asus ဟာ သူတို့ရဲ့ Product Portfolio မှာ အသစ်ထွက်တဲ့ Tablet ကို ထည့်သွင်းလိုက်တယ်လို့သိရပါတယ်။ ဒီ Tablet ဟာ ၉.၇ လက်မကျယ်ဝန်းပြီး မြင်ကွင်းပိုင်းဆိုင်ရာကို အထောက်အပံ့ ပေးထား တာကတော့ 1536 x 2048 Pixel ဖြစ်ပါတယ်။ ပါဝင်တဲ့ Pixel သိပ်သည်းဆပမာဏကတော့ တစ်လမှာ 264ppi ဖြစ်ပါတယ်။

အသုံးပြုထားတဲ့  Android Version ကတော့ 6.0 Marshmallow နဲ့ ASUS Zen UI ဖြစ်ပါတယ်။ Main Body ကို Aluminum နဲ့ ပြုလုပ်ထားပြီး အလေးချိန်ကတော့ 490g ရှိကြောင်းသိရပါတယ်။  IPS LCD အသုံးပြုထားပြီး Multi-touch အထောက်အပံ့ ပေးထားပါတယ်။ System Chip အနေနဲ့ Qualcomm Snapdragon 650 အသုံးပြုထားပြီး Processor ကတော့ Hexa-core ၊ 1800MHz ၊ ARM Cortex – A72 နဲ့ ARM Cortex – A53 တို့ဖြစ်ပါတယ်။

System memory ကတော့ 4 GB RAM LPDDR3 ရှိပါတယ်။ Built-in ပါတဲ့ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏကတော့ 32GB ရှိပြီး ထပ်မံ တိုးချဲ့ အသုံးပြုလိုပါက 128GB ထိ အသုံးပြုနိုင်ပါတယ်။ အသုံးပြုထားတဲ့ Graphic Processor ကတော့ Adreno 510ပါ။

နောက်ဘက်ကင်မရာကတော့ 8MP ရှိပြီး အရှေ့ဘက်ကင်မရာကတော့ 5MP ရှိပါတယ်။ Autofocus ၊ Geo Tagging ၊ Panorama ၊ Night Mode ၊ Smile Detection ၊ Face Detection တို့အသုံးပြုနိုင်ပါတယ်။ ဗီဒီယို ရိုက်ကူးနိုင်တဲ့စွမ်းရက်တော့ 1920 x 1080 ( 1080p HD) ဖြစ်ပါတယ်။

Battery အနေနဲ့ကတော့ 7800mAh ဖြစ်ပြီး Li-Polymer Type ဖြစ်ပါတယ်။ Tablet အတွက် အထောက်အပံ့ပေးထားတဲ့ Music Player Format တွေကတော့ MP3 ၊ AAC ၊ FLAC ၊ WAV ၊ M4A ၊ AMR ၊ OGG ၊ MIDI ဖြစ်ပြီး Video Playback အတွက်ထောက်ပံ့ထားတဲ့ Format ကတော့ MPEG4 ဖြစ်ပါတယ်။ တစ်ခြား Device တွေကို ဆက်သွယ်နိုင်တဲ့ Option ကတော့ Wifi ၊ Bluetooth ၊ USB Type-C တို့ဖြစ်ပါတယ်။ Tablet ရဲ့ အရောင်ကတော့ Grey ဖြစ်ပါတယ်။ သတင်းများအရ အခုအခါ ဒီTablet ကို မလေးရှားနိုင်ငံတွင် ၀ယ်ယူနိုင်ပြီဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ RM1,799 ဖြစ်ကြောင်းသိရပါတယ်။

Ref : GSM Arena

Jan (Akhayar)