အရင်တုန်းက Slider စမတ်ဖုန်းတွေကို မှတ်မိကြဦးမှာပါ။ အခုအချိန်မှာတော့ ASUS ကနေ အခုခေတ်စမတ်ဖုန်းကိုလည်း Dual Slider ပုံစံနဲ့ မိတ်ဆက်သွားဖို့ စိတ်ကူးနေပုံပါပဲ။

ASUS Zenfone 6

အခု ASUS ရဲ့ Dual Slider ဖုန်းက Zenfone 6 ဖြစ်လာမှာဖြစ်ပြီးတော့ Selfie Camera ကို ဖုန်းရဲ့အပေါ်ဘက်မှာ Slider အနေနဲ့ ဝှက်ထားတဲ့အပြင် ဖုန်းအောက်ဖက်ကိုလည်း Harman Kardon Speaker ပါတပ်ဆင်ထားပြီး Slider အနေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီနှစ်အတွက် Zenfone 6 တွေက Notch မပါတော့ဘဲ လုံးဝ Full Screen Design ဖြစ်လာတော့မှာပါ။

ASUS Zenfone 6

ဒါ့အပြင် Selfie Camera ကိုတင် Slider မှာ ထည့်သွင်းထားတာမဟုတ်ဘဲ Selfie LED Flash ၂ ခုကိုပါထည့်သွင်းထားပါသေးတယ်။ ဒါပေမယ့် အခုလိုမျိုး Dual Slider Design ပြုလုပ်ထားတဲ့အတွက် Speakers နဲ့ သီချင်းနားထောင်နေတဲ့အချိန်မျိုးမှာဆိုရင်တော့ Selfie Camera ကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

နောက်တစ်ခုက အခု Zenfone 6 ကို ပုံမှန်အပြင် 5G Version နဲ့ပါ မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာက Zenfone 6 မှာ Snapdragon 855 Processor အသုံးပြုထားတဲ့ Version ပါ ထုတ်ပြသွားမယ်လို့ ယူဆရပါတယ်။

ASUS Zenfone 6

အခု ဒီ Zenfone တွေကိုလာမယ့် မေလအတွင်းမှာ ပြုလုပ်သွားမယ့် Computex 2019 မှာ ပြသသွားမယ့်ပုံစံပါပဲ။

Ref : GSMArena