
Asus Zenfone 5Z


Asus Zenfone 5Z

Asus ဟာ ယခင်နှစ်တွေက Zenfone Series တွေက သိပ်ြပီး မအောင်မြင်ခဲ့ပေမယ့်လည်း ယခုနှစ်မှာတော့ စွမ်းဆောင်ရည်ပိုင်းအရလည်း မြင့်မားတဲ့ဖုန်းတွေကို ဈေးကွက်ထဲမှာရှိနေတဲ့ဖုန်းတွေနဲ့ ပြိုင်ဆိုင်နိုင်တဲ့ဈေးနှုန်းတွေနဲ့ ရောင်းချလာတဲ့အတွက် ဒီနှစ်မှာတော့ ပြန်ပြီး နာမည်ရလာနိုင်ပါတယ်။

Asus Zenfone 5Z


Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

ယခင်က Flagship Killer လို့ ခေါ်ဆိုနေကြတဲ့ OnePlus စမတ်ဖုန်းတွေဟာ ဈေးနှုန်းအရ တခြားသော Flagship စမတ်ဖုန်းတွေနဲ့ Specs တူညီပြီး ဈေးအရ တဝက်နီးပါးသက်သာတဲ့အတွက်ကြောင့် နာမည်ကောင်းရထားတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ OnePlus ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ OnePlus 6 ထက်တောင် ဈေးသက်သာတဲ့ Snapdragon 845 အသုံးပြုထားတဲ့ဖုန်းတစ်ခုကို အိန္ဒိယမှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။

Asus Zenfone 5Z

အခု OnePlus 6 ထက် ဈေးသက်သာတဲ့ စမတ်ဖုန်းကတော့ Asus ကနေ ထုတ်လုပ်ထားတဲ့ Zenfone 5Z ပဲဖြစ်ြ်ပီး သူရဲ့ဈေးနှုန်းက အနိမ့်ဆုံး RAM 4GB ၊ 64GB Storage Model ကို ဒေါ်လာ ၄၈၀ ဝန်းကျင်ပဲ ကျသင့်မှာဖြစ်တဲ့အတွက် OnePlus 6 ဖုန်းရဲ့ ဈေးနှုန်းဖြစ်တဲ့ ဒေါ်လာ ၅၁၀ ဝန်းကျင်နဲ့ ယှဉ်ရင် ပိုပြီး သက်သာနေတာပဲဖြစ်ပါတယ်။ ဖုန်း ၂ မျိုးစလုံးက Qualcomm Snapdragon 845 Processor ကို အသုံးပြုထားတဲ့အတွက် ဈေးနှုန်းအရ OnePlus ထက် နည်းနေတယ်ဆိုတာက Asus အတွက် အဓိကအားသာချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

Asus Zenfone 5Z

Asus ဟာ ယခင်နှစ်တွေက Zenfone Series တွေက သိြပ်ပီး မအောင်မြင်ခဲ့ပေမယ့်လည်း ယခုနှစ်မှာတော့ စွမ်းဆောင်ရည်ပိုင်းအရလည်း မြင့်မားတဲ့ဖုန်းတွေကို ဈေးကွက်ထဲမှာရှိနေတဲ့ဖုန်းတွေနဲ့ ပြိုင်ဆိုင်နိုင်တဲ့ဈေးနှုန်းတွေနဲ့ ရောင်းချလာတဲ့အတွက် ဒီနှစ်မှာတော့ ပြန်ပြီး နာမည်ရလာနိုင်ပါတယ်။

Asus Zenfone 5Z

Asus Zenfone 5Z ဟာ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံမှာပဲ စတင်ရောင်းချနေသေးတာဖြစ်ပြီး တခြားသော နိုင်ငံတွေမှာတော့ ရောင်းချခြင်းမရှိသေးပါဘူး။

Zawyè (Akhayar) 

www.akhayar.com