Asus ဟာ သူတို့ရဲ့ အသစ်ထုတ်လုပ်ထားတဲ့ စမတ်ဖုန်း ဖြစ်တဲ့ ZenFone3 နဲ့ ZenFone Series တွေဖြစ်တဲ့ ZenFone 3 Ultra ၊ ZenFone3 Deluxe ၊ ZenFone 3 Laser တို့ကို Consumer Electric Show 2017 မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး စတင်မိတ်ဆက်ခဲ့ပါတယ်။

ZenFone 3 ရဲ့ အနောက်Camera ဟာ 12x Zoom ပါရှိပါတယ်။ အမြင့်ဆုံး Resolution နဲ့ Optical System ကြောင့် ပုံရိုက်ရာမှာ အသုံးပြုသူကို အနီးကပ်ဆုံး အနေအထားထိရောက်စေပြီး ရုပ်ထွက် ကြည်လင်ပြတ်သားစေပါတယ်။အရှေ့ဘက် Selfie ကင်မရာ ရဲ့ မှန်ဘီလူးကတော့ ကတော့ 12-Megapixel ပါဝင်ပါတယ်။ Battery အမျိုးအစားကတော့ 5000mAh အသုံးပြုထားပါတယ်။

Asus ရဲ့ ပြောကြားချက်အရကတော့ ZenFone3 ကင်မရာကို Sony IMX 362 sensor နှင့် အလင်းရောင်နည်းတဲ့ ညဘက်မှာလည်း ကြည်လင်စွာရိုက်ကူးနိုင်တဲ့  f / 1.7 Aperture တို့ကို ကုမ္ပဏီ ရဲ့ SuperPixel Technology နဲ့ပေါင်းစပ်ထားပါတယ်။ ကုမ္ပဏီအနေနဲ့ TriTech Auto-Foucs System ကိုပါ ထပ်မံတိုးမြှင့်လိုက်တာကြောင့် အသုံးပြုသူတွေအတွက် သက်ဝင်လှုပ်ရှားနေတဲ့ ပုံရိပ်တွေ ရိုက်ကူးရာမှာလည်း အဆင်ပြေပါတယ်။ ဒီ ဖုန်းဟာ RAW Photo နဲ့ “ Professional Manual Mode” ကိုလည်း အထောက်အပံ့ပေးထားတာကြောင့် ဒီနေ့ခေတ်ရဲ့ ဖုန်းလောက ကင်မရာပိုင်းမှာ ဦးဆောင်နိုင်တဲ့ ဖုန်းတခု ဖြစ်လာစေမှာပါ။

ကုမ္ပဏီရဲ့ ပြောကြားချက်အရ ZenFone 3 Zoom’s Camera ဟာ အလင်းအမှောင် အနိမ့် အမြင့်အခြေအနေကို အထောက်အကူပြုတဲ့ နေရာမှာ iPhone 7 Plus ထက်ပို ကောင်းမွန်ကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။

အရှေ့ဘက်ကင်မရာကို နည်းပညာပိုင်းဆိုင်ရာထောက်ပံ့ပေးထားတာကြောင့် Selfie သမားတွေ အတွက် အကောင်းဆုံးပုံတွေကို ရစေမှာပါ။

အစပိုင်းမှာ  Snapdragon 835 Processor အသုံးပြုမယ် သတင်းထွက်ခဲ့ပေမယ့် တကယ်တော့ အသုံးပြုခဲ့ခြင်းမရှိပါဘူး။ Snapdragon 625 Chip ကိုသာ အသုံးပြုခဲ့ပါတယ်။ ZenFone 3 ရဲ့ မျက်နှာပြင်ဟာ ၅.၅ လက်မ ကျယ်ပြန့်ပြီး 1080p Display ပါဝင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကိုရစေမှာပါ။ ဗီဒီယိုရိုက်ကူးရာမှာလည်း HD 4K Video ရိုက်ကူးနိုင်ပါတယ်။ Ausus ZenFone 3 ကို ဖေဖော်ဝါရီမှာ စတင်ဝယ်ယူနိုင်မယ်လို့ ကုမ္ပဏီမှ ပြောကြားခဲ့ပါတယ်။

Jan (Akhayar)

Ref : Techbufflo