ASUS ကနေ ပြီးခဲ့တဲ့ Computex 2019 မှာ မိတ်ဆက်သွားခဲ့တဲ့ Dual Display ပါဝင်တဲ့ Laptop တစ်ခုဖြစ်တဲ့ ZenBook Pro Duo ကို အခုအချိန်မှာတော့ စတင်ရောင်းချမယ့်အချိန်ကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ASUS ရဲ့ ပြောကြားချက်အရတော့ US Market မှာ အရင် လာမယ့်စက်တင်ဘာလ ၆ ရက်နေ့မှာ ရောင်းချသွားမှာပါ။

ASUS ကနေ အခု ZenBook Pro Duo ကို Version ၂ မျိုးနဲ့ စတင်ရောင်းချမှာဖြစ်ပြီးတော့ စျေးနှုန်းအနေနဲ့ $2,499 နဲ့ $2,999 နဲ့ ရောင်းချမှာဖြစ်ပါတယ်။ အခု Model ၂ မျိုးစလုံးမှာ ScreenPad Plus Display ၊ Nvidia RTX 2060 Graphic Card ၊ OLED Display နဲ့ 1TB SSD တွေပါဝင်မှာပါ။

ဒီ Model ၂ မျိုးရဲ့ ကွာခြားချက်ကတော့ High End Model မှာ Intel Core i9 – 9980HK Processor ၊ 32GB RAM ၊ 4K OLED Display ပါဝင်မှာဖြစ်ပြီးတော့ စျေးပိုသက်သာတဲ့ Model မှာတော့ Intel Core i7 – 9750H Processor ၊ 16GB RAM နဲ့ Full HD OLED Display ပါဝင်မှာဖြစ်ပါတယ်။

အခု ASUS ZenBook Pro Duo Laptop တွေဟာ လက်ရှိမှာ Innovate အဖြစ်ဆုံး Laptop တစ်ခုလို့တောင် ပြောလို့ရပြီးတော့ ဒီ Laptop တွေအကြောင်း အသေးစိတ်ကိုတော့ Computex 2019 Event မှာ Akhayar-Tech ကနေ Coverage ရယူခဲ့တဲ့ ယခု Post မှာ ဖတ်လို့ရပါတယ်။

Ref – The Verge