Asus ကေန ထုတ္လုပ္ေနခဲ့တဲ့ Zenbook Series Ultrabook ေတြဟာ လက္ရွိအခ်ိန္မွာ Ultrabook ေစ်းကြက္ထဲမွာ နာမည္တစ္ခုရရွိေနျပီးသား Ultrabook ေတြပဲျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ဇြန္လ ၅ရက္ေန႔ကေန ၉ ရက္ေန႔အထိ ထုိင္ဝမ္ႏုိင္ငံ တုိင္ေပျမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ Computex 2018 Expo မွာ Asus ကေန လက္ရွိအေကာင္းဆံုးလုိ႔ ဆုိရမယ့္ Ultrabook တစ္ခုကို ထုတ္ျပသြားခဲ့ပါတယ္။

အေကာင္းဆံုးဆုိတဲ့ေနရာမွာ TouchPad ကို ScreenPad အေနနဲ႔ အစားထုိးျပီး Intel Core i9 Processor ပါဝင္လာတဲ့ Workstation အဆင့္ Zenbook Pro 15 လုိမ်ိဳး မဟုတ္ပဲ စြမ္းေဆာင္ရည္လည္း ျမင့္မားျပီး တကယ္ကို Ultrabook တစ္ခုလုိ႔ ေျပာရေလာက္ေအာင္ Typing Experience ၊ Design နဲ႔ Portability ေတြအကုန္လံုးမွာ သေဘာက်စရာေကာင္းတဲ့ Ultrabook တစ္ခုပါ။

အဆုိပါ Ultrabook ကေတာ့ Asus Zenbook S ပဲျဖစ္ျပီးေတာ့ အခု Zenbook S ဟာ လက္ရွိေနာက္ဆံုးထြက္ထားတဲ့ 8th Gen U Series Intel i5 ဒါမွမဟုတ္ i7 Processor တပ္ဆင္ထားျပီးေတာ့ RAM ကိုလည္း 8GB ကေန 16GB အထိ ေရြးခ်ယ္ႏုိင္မွာပါ။ Screen က 13.3″ အရြယ္အစားရွိျပီးေတာ့ Full HD Non-Touch ဒါမွမဟုတ္ 4K UHD Touch ဆုိျပီး ေရြးခ်ယ္ႏုိင္ဦးမွာျဖစ္ပါတယ္။ Display ကလည္း ေဘးေဘာင္ေတြေသးငယ္ေနျပီး Screen-to-Body Ratio က 85% အထိ ရွိေနတယ္လုိ႔ သိရပါတယ္။

Asus Zenbook S

အခု Specifications ေတြအရေတာ့ Asus Zenbook S ဟာ လက္ရွိ Ultrabook ေတြနဲ႔ တူညီတယ္လုိ႔ ေျပာလုိ႔ရေပမယ့္ ကြဲျပားသြားေစတာကေတာ့ Design ပိုင္းမွာပဲျဖစ္ပါတယ္။

Asus Zenbook S ဟာ Zenbook ေတြထဲမွာမွ လက္တစ္ေခ်ာင္းထဲနဲ႔ Screen Display ကို ဖြင့္လုိ႔ရတဲ့ One-Finger Lift Design ျဖစ္တဲ့အျပင္ Display ကို ဖြင့္လုိက္တဲ့အခ်ိန္မွာလည္း Display Panel က Keyboard ကို 5.5° အထိ ျမွင့္ေပးတဲ့ Hinge Design ေၾကာင့္ စာရုိက္ရတာပိုအဆင္ေျပတဲ့အျပင္ Cooling ကိုလည္း ပိုျပီး ေကာင္းမြန္ေစပါတယ္။

Asus Zenbook S

ဒီ Hinge Design တစ္ခုထဲက Asus Zenbook S ရဲ႕ အားသာခ်က္မဟုတ္ပဲ လက္ရွိအခ်ိန္မွာ အေပါ့ပါးဆံုး Ultrabook ေတြထဲက တစ္ခုလုိ႔ေျပာလုိ႔ရတဲ့ 1Kg အေလးခ်ိန္နဲ႔ အလြန္ပါးလႊာတဲ့ 12.9mm အထူက ေနရာအမ်ားအျပားကို Laptop သယ္သြားျပီး အလုပ္လုပ္ေနရတဲ့သူေတြအတြက္ အေကာင္းဆံုးအခ်က္လုိ႔ေတာင္ေျပာႏုိင္ပါတယ္။

Connectivity ပိုင္းမွာလည္း Asus Zenbook S ဟာ ထိပ္တန္းအဆင့္မွာရွိေနျပီးေတာ့ USB-C Ports ၃ ခု ပါဝင္ျပီး ၾကိဳက္တဲ့ USB Port ကေန အားသြင္းလုိ႔ရသလုိ USB-C Ports ၂ ခုက Thunderbolt 3 ကို Support ျပဳလုပ္တဲ့အတြက္ External GPU ေတြကိုပါ တပ္ဆင္လုိ႔ရပါေသးတယ္။ Headphone Jack ကိုလည္း ထည့္သြင္းေပးထားတာကို ေတြ႕ရပါတယ္။

Asus Zenbook S

Asus Zenbook S ဟာ ယေန႔ ဇြန္လ ၁၁ ရက္ေန႔က စတင္ျပီးေတာ့ ေစ်းကြက္မွာ စတင္ျဖန္႔ခ်ီဖုိ႔ စီစဥ္ထားျပီးေတာ့ Dark Blue နဲ႔ Burgundy Red အေရာင္ေတြနဲ႔ ေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။ ေစ်းႏႈန္းအေနနဲ႔ကေတာ့ ၁၁၉၉ ေဒၚလာကေန စတင္မယ္လုိ႔ ေျပာၾကားထားပါတယ္။

Asus Zenbook S

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Asus ကနေ ထုတ်လုပ်နေခဲ့တဲ့ Zenbook Series Ultrabook တွေဟာ လက်ရှိအချိန်မှာ Ultrabook ဈေးကွက်ထဲမှာ နာမည်တစ်ခုရရှိနေပြီးသား Ultrabook တွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၅ရက်နေ့ကနေ ၉ ရက်နေ့အထိ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ပြုလုပ်ခဲ့တဲ့ Computex 2018 Expo မှာ Asus ကနေ လက်ရှိအကောင်းဆုံးလို့ ဆိုရမယ့် Ultrabook တစ်ခုကို ထုတ်ပြသွားခဲ့ပါတယ်။

အကောင်းဆုံးဆိုတဲ့နေရာမှာ TouchPad ကို ScreenPad အနေနဲ့ အစားထိုးပြီး Intel Core i9 Processor ပါဝင်လာတဲ့ Workstation အဆင့် Zenbook Pro 15 လိုမျိုး မဟုတ်ပဲ စွမ်းဆောင်ရည်လည်း မြင့်မားပြီး တကယ်ကို Ultrabook တစ်ခုလို့ ပြောရလောက်အောင် Typing Experience ၊ Design နဲ့ Portability တွေအကုန်လုံးမှာ သဘောကျစရာကောင်းတဲ့ Ultrabook တစ်ခုပါ။

အဆိုပါ Ultrabook ကတော့ Asus Zenbook S ပဲဖြစ်ပြီးတော့ အခု Zenbook S ဟာ လက်ရှိနောက်ဆုံးထွက်ထားတဲ့ 8th Gen U Series Intel i5 ဒါမှမဟုတ် i7 Processor တပ်ဆင်ထားပြီးတော့ RAM ကိုလည်း 8GB ကနေ 16GB အထိ ရွေးချယ်နိုင်မှာပါ။ Screen က 13.3″ အရွယ်အစားရှိပြီးတော့ Full HD Non-Touch ဒါမှမဟုတ် 4K UHD Touch ဆိုပြီး ရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။ Display ကလည်း ဘေးဘောင်တွေသေးငယ်နေပြီး Screen-to-Body Ratio က 85% အထိ ရှိနေတယ်လို့ သိရပါတယ်။

Asus Zenbook S

အခု Specifications တွေအရတော့ Asus Zenbook S ဟာ လက်ရှိ Ultrabook တွေနဲ့ တူညီတယ်လို့ ပြောလို့ရပေမယ့် ကွဲပြားသွားစေတာကတော့ Design ပိုင်းမှာပဲဖြစ်ပါတယ်။

Asus Zenbook S ဟာ Zenbook တွေထဲမှာမှ လက်တစ်ချောင်းထဲနဲ့ Screen Display ကို ဖွင့်လို့ရတဲ့ One-Finger Lift Design ဖြစ်တဲ့အပြင် Display ကို ဖွင့်လိုက်တဲ့အချိန်မှာလည်း Display Panel က Keyboard ကို 5.5° အထိ မြှင့်ပေးတဲ့ Hinge Design ကြောင့် စာရိုက်ရတာပိုအဆင်ပြေတဲ့အပြင် Cooling ကိုလည်း ပိုပြီး ကောင်းမွန်စေပါတယ်။

Asus Zenbook S

ဒီ Hinge Design တစ်ခုထဲက Asus Zenbook S ရဲ့ အားသာချက်မဟုတ်ပဲ လက်ရှိအချိန်မှာ အပေါ့ပါးဆုံး Ultrabook တွေထဲက တစ်ခုလို့ပြောလို့ရတဲ့ 1Kg အလေးချိန်နဲ့ အလွန်ပါးလွှာတဲ့ 12.9mm အထူက နေရာအများအပြားကို Laptop သယ်သွားပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက် အကောင်းဆုံးအချက်လို့တောင်ပြောနိုင်ပါတယ်။

Connectivity ပိုင်းမှာလည်း Asus Zenbook S ဟာ ထိပ်တန်းအဆင့်မှာရှိနေပြီးတော့ USB-C Ports ၃ ခု ပါဝင်ပြီး ကြိုက်တဲ့ USB Port ကနေ အားသွင်းလို့ရသလို USB-C Ports ၂ ခုက Thunderbolt 3 ကို Support ပြုလုပ်တဲ့အတွက် External GPU တွေကိုပါ တပ်ဆင်လို့ရပါသေးတယ်။ Headphone Jack ကိုလည်း ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။

Asus Zenbook S

Asus Zenbook S ဟာ ယနေ့ ဇွန်လ ၁၁ ရက်နေ့က စတင်ပြီးတော့ ဈေးကွက်မှာ စတင်ဖြန့်ချီဖို့ စီစဉ်ထားပြီးတော့ Dark Blue နဲ့ Burgundy Red အရောင်တွေနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ၁၁၉၉ ဒေါ်လာကနေ စတင်မယ်လို့ ပြောကြားထားပါတယ်။

Asus Zenbook S

Zawyè (Akhayar) 

www.akhayar.com