ASUS ကနေ ဒီနှစ်မှာ Laptop တစ်ခုကို စျေးလည်းအများကြီးမသုံးချင်ပဲ စွမ်းဆောင်ရည်ကောင်းကောင်း Laptop တစ်ခုကို ရှာနေတဲ့သူတွေအတွက် ASUS X409 Laptop တစ်ခုကို စျေးကွက်ထဲကို မိတ်ဆက်လာခဲ့ပါတယ်။ အခု Article မှာတော့ ဒီ ASUS X409 Laptop က ဘယ်လိုမျိုး Feature တွေပါတယ်ဆိုတာနဲ့ ဘယ်လိုသူတွေအတွက် သင့်တော်သလဲဆိုတာကို ပြောပြသွားမှာပါ။

အရင်ဆုံး ASUS ကနေ ဒီ X409 Laptop ကို စျေးနှုန်းအနေနဲ့ $449 ကနေ စတင်မှာဖြစ်ပြီး Nvidia MX230 Graphic Card ပါ ပါဝင်မယ်ဆိုရင် $509 ကနေ စတင်မှာပါ။ အဲ့ဒီအတွက် စျေးအနေနဲ့လည်း Entry Level Laptop တစ်ခုလောက်ပဲရှိတယ်လို့ပြောရမှာပါ။

Specification တွေအနေနဲ့ကတော့ ASUS X409 Laptop မှာ 8th Gen Intel i3 Processor ၊ RAM 4GB နဲ့ Storage က 1TB HDD ပါဝင်မှာပါ။ ဒါက Base Model အတွက်ဖြစ်ပြီးတော့ Nvidia MX230 Graphic နဲ့ Model ကိုလည်း ရွေးချယ်နိုင်ဦးမှာပါ။ Display အနေနဲ့တော့ X409 Model ဖြစ်နေတဲ့အတွက် 14″ HD Display ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ သာမန်ရုံးသုံး၊ စာစီစာရိုက်အတွက်ကတော့ တော်တော်လေးကို အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။ Mulitasking အတွက်လည်း အရမ်းအဆိုးကြီးမဟုတ်ပေမယ့် တကယ် Heavy Usage တွေအတွက်ကတော့ RAM 8GB လောက်ရအောင်တိုးလိုက်တာက ပိုအဆင်ပြေမှာပါ။ Storage က 1TB ပါဝင်တာကလည်း အားရဖို့ကောင်းပါတယ်။ Nvidia MX230 Graphic ကြောင့် အရမ်း Graphic မစားတဲ့ ဂိမ်းတွေကိုပါ ဆော့ကစားနိုင်ပါသေးတယ်။

Display ကတော့ 14″ HD Display ကို သုံးထားပြီးတော့ ဒီစျေးဝန်းကျင် Laptop ထဲမှာတော့ ကောင်းတယ်လို့ပြောလို့ရပါတယ်။ Anti-Glare ကို သုံးထားတဲ့အတွက် နေရောင်ထဲမှာ သုံးမယ်ဆိုရင်လည်း ကောင်းကောင်းသုံးလို့ရပါတယ်။

TouchPad ကလည်း Windows Precision Driver ကို အသုံးပြုထားပြီးတော့ Fingerprint Sensor လည်း ပါဝင်မှာပါ။ အဲ့ဒါကြောင့် Windows Log-in ပြုလုပ်မယ့်နေရာမှာ Password အစား Fingerprint ကို သုံးပြီး ဝင်ရောက်နိုင်မှာပါ။

Ports တွေအနေနဲ့ကတော့ ပုံမှန် USB Port တွေအပြင် USB C ၊ 3.5mm Audio Port နဲ့ HDMI Port တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 32WHrs Battery ပါဝင်မှာဖြစ်ပြီး ၄ နာရီကနေ ၅ နာရီဝန်းကျင်လောက်အထိ အသုံးခံတာကို တွေ့ရပါတယ်။

အခု ASUS X409 Laptop ဟာ Specification ပိုင်းမှာ Entry Level Laptop တစ်ခုအနေနဲ့ တော်တော်လေးကို ကောင်းမွန်သလို အလေးချိန်အရလည်း 1.6Kg ပဲရှိမှာဖြစ်တဲ့အတွက် သယ်သွားရလွယ်ကူတဲ့ Laptop တစ်ခုလို့လည်း ပြောရမှာပါ။

ဘာပဲဖြစ်ဖြစ် ဒေါ်လာ ၅၀၀ ဝန်းကျင် Entry Laptop ကောင်းကောင်းရှာနေတယ်ဆိုရင် ASUS X409 က အဆင်ပြေတဲ့ရွေးချယ်မှုတစ်ခုဖြစ်မှာပါ။