Asus ကေန ထုတ္လုပ္တဲ့ Zenfone Series ေတြက ယခင္ထဲက ကင္မရာပိုင္းေကာင္းမြန္တဲ့အတြက္ နာမည္ရရွိေနတဲ့စမတ္ဖုန္းေတြျဖစ္ျပီးေတာ့ အခုဆုိရင္ Zenfone ရဲ႕ ေနာက္ဆံုးထြက္ စမတ္ဖုန္း ၂ လံုးျဖစ္တဲ့ Zenfone 5 နဲ႔ Zenfone Max Pro ဖုန္းေတြကို ျမန္မာႏုိင္ငံေစ်းကြက္မွာ ေရာင္းခ်သြားေတာ့မွာျဖစ္တယ္လုိ႔ သိရပါတယ္။

Asus Zenfone 5

Asus Zenfone 5 ကေတာ့ လက္ရွိ Huawei Nova 3e ၊ OPPO F7 ၊ Vivo V9 စတဲ့ စမတ္ဖုန္းေတြကို ယွဥ္ျပိဳင္သြားမွာျဖစ္ျပီးေတာ့ အဓိကအေနနဲ႔ ေစ်းႏႈန္းကိုလည္း အဆိုပါ စမတ္ဖုန္းေတြထက္ ေလ်ာ႔နည္းတဲ့ေစ်းနဲ႔ ေရာင္းခ်သြားမွာျဖစ္တယ္လုိ႔ Asus ရဲ႕ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

အဲ့ဒီအတြက္ Asus Zenfone 5 ရဲ႕ ေစ်းႏႈန္းဟာ ေငြက်ပ္ ၄ သိန္းေအာက္ပဲရွိလာမွာျဖစ္ျပီးေတာ့ Specifications ပုိင္းေတြအေနနဲ႔လည္း Qualcomm Snapdragon 636 CPU ၊ RAM 4GB ၊ 64GB Storage ၊ 12+8MP Dual Camera နဲ႔ 3300mAh Battery ေတြပါဝင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

Asus Zenfone 5

Asus Zenfone 5 ဟာ ယခင္ Zenfone Series ေတြလုိပဲ လွပတဲ့ Glass Body Design နဲ႔အတူ ၾကီးမားတဲ့ 6.2″ 19:9″ Ratio Display ကိုလည္း တပ္ဆင္ထားတဲ့အတြက္ အခုႏွစ္မွာထြက္ရွိထားတဲ့ အျခားေသာစမတ္ဖုန္းေတြနဲ႔ ယွဥ္ျပိဳင္ႏုိင္တဲ့လုိ႔ေျပာလုိ႔ရပါတယ္။ စြမ္းေဆာင္ရည္ပိုင္းအရလည္း Snapdragon 636 CPU ေၾကာင့္ ေပးရတဲ့ေစ်းနဲ႔တန္တဲ့ စြမ္းေဆာင္ရည္ရွိလာမယ့္ အျပင္ Asus က ဖုန္းရဲ႕ စြမ္းေဆာင္ရည္ကို ပိုတိုးလာေစတဲ့ AI Boost ၊ AI Scene Recognition ၊ AI Battery Management အပါအဝင္ AI နည္းပညာေတြအမ်ားအျပားကိုလည္း ထည့္သြင္းထားေသးတယ္လုိ႔ သိရပါတယ္။

Camera ပိုင္းကလည္း Asus Zenfone 5 ဖုန္းမွာ လက္ရွိအျခား Dual Camera စမတ္ဖုန္းေတြနဲ႔ မတူညီတဲ့ Wide Angle Lens ကို တပ္ဆင္ေပးထားျပီးေတာ့ Wide Angle Shot ေတြအျပင္ Manual Mode နဲ႔ ေသခ်ာရုိက္ခ်င္တဲ့သူေတြအတြက္ကေတာ့ အဆင္ေျပတဲ့ Camera စနစ္လုိ႔ ေျပာလို႔ရပါတယ္။

Asus Zenfone Max Pro

ေနာက္ထပ္ Asus က ေရာင္းခ်ဖုိ႔ စီစဥ္ေနတဲ့ စမတ္ဖုန္းကေတာ့ Asus Zenfone Max Pro (M1) ဖုန္းပဲျဖစ္ျပီးေတာ့ အဆိုပါဖုန္းဟာ လက္ရွိမွာ အေကာင္းဆံုး ဘတ္ဂ်တ္စမတ္ဖုန္းတစ္ခုေတာင္ ျဖစ္လာဖို႔မ်ားေနပါတယ္။

ဘာျဖစ္လုိ႔လဲဆိုရင္ Zenfone Max Pro မွာ 6″ အရြယ္ Full HD+ Display ၊ RAM 3GB ၊ 32GB Storage ေတြပါဝင္တဲ့အျပင္ Zenfone 5 နဲ႔ တူညီတဲ့ Snapdragon 636 Processor ကိုပဲ အသံုးျပဳထားတာျဖစ္ပါတယ္။ Dual 13+5MP Camera လည္း ပါဝင္ဦးမွာျဖစ္ပါတယ္၊ ဒါေပမယ့္ Dual Camera က Zenfone 5 လုိမ်ိဳး Wide Angle အစား ေနာက္ခံကို ေဝဝါးေပးတဲ့ Bokeh Effect ေတြကို ဖန္တီးေပးမယ့္ Portrait Lens ပဲတပ္ဆင္ထားတာျဖစ္ပါတယ္။

Asus Zenfone Max Pro က လက္ရွိ ဘတ္ဂ်တ္ဖုန္းေတြထဲမွာ အေကာင္းဆံုးလုိ႔ ေျပာလုိ႔ရေစတဲ့အခ်က္ကေတာ့ ၾကီးမားတဲ့ 5000mAh Battery ပါဝင္ေနတာေၾကာင့္ အဓိကလုိ႔ေျပာလုိ႔ရပါတယ္။ ၾကီးမားတဲ့ Battery ပါဝင္တဲ့အျပင္ Fast Charging စနစ္လည္းပါဝင္ဦးမယ္လုိ႔ သိရပါတယ္။ ေနာက္ျပီး Asus ရဲ႕ ZenUI အစား ရုိးရွင္းတဲ့ Stock Android Version 8.1 Oreo ကို သံုးစြဲထားတဲ့အတြက္ စြမ္းေဆာင္ရည္အလြန္သြက္ေနတာကိုလည္းေတြ႕ရပါတယ္။ ဒါတင္မဟုတ္ေသးပဲ Dual SIM Slot အပါအဝင္ သီးသန္႔ MicroSD Card Slot လည္းပါဝင္ေနတာကို ေတြ႕ရပါတယ္။

Asus Media Exclusive Preview

Asus က အခု Zenfone Max Pro ဖုန္းကို Xiaomi Redmi Note 5 ထက္ေတာင္ သက္သာတဲ့ေစ်းနဲ႔ ေရာင္းခ်သြားမယ္လို႔ဆုိထားတဲ့အတြက္ တကယ္သာ Xiaomi ထက္ ေစ်းသက္သာမယ္ဆုိရင္ ဒါက လက္ရွိမွာ ေစ်းအတန္ဆံုး ဘတ္ဂ်တ္ဖုန္းတစ္ခုျဖစ္လာႏုိင္ပါတယ္။

Asus ကေန ယခု Zenfone 5 နဲ႔ Zenfone Max Pro ဖုန္းေတြကို လာမယ့္ ဇူလုိင္လ ၅ ရက္ေန႔မွာ တရားဝင္မိတ္ဆက္ပြဲျပဳလုပ္သြားမွာျဖစ္ျပီး အဲ့ဒီအခ်ိန္ၾကရင္ ေစ်းႏႈန္းကိုလည္း တရားဝင္ေၾကျငာသြားမွာျဖစ္ပါတယ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Asus ကနေ ထုတ်လုပ်တဲ့ Zenfone Series တွေက ယခင်ထဲက ကင်မရာပိုင်းကောင်းမွန်တဲ့အတွက် နာမည်ရရှိနေတဲ့စမတ်ဖုန်းတွေဖြစ်ပြီးတော့ အခုဆိုရင် Zenfone ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်း ၂ လုံးဖြစ်တဲ့ Zenfone 5 နဲ့ Zenfone Max Pro ဖုန်းတွေကို မြန်မာနိုင်ငံဈေးကွက်မှာ ရောင်းချသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Asus Zenfone 5

Asus Zenfone 5 ကတော့ လက်ရှိ Huawei Nova 3e ၊ OPPO F7 ၊ Vivo V9 စတဲ့ စမတ်ဖုန်းတွေကို ယှဉ်ပြိုင်သွားမှာဖြစ်ပြီးတော့ အဓိကအနေနဲ့ ဈေးနှုန်းကိုလည်း အဆိုပါ စမတ်ဖုန်းတွေထက် လျော့နည်းတဲ့ဈေးနဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ Asus ရဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အဲ့ဒီအတွက် Asus Zenfone 5 ရဲ့ ဈေးနှုန်းဟာ ငွေကျပ် ၄ သိန်းအောက်ပဲရှိလာမှာဖြစ်ပြီးတော့ Specifications ပိုင်းတွေအနေနဲ့လည်း Qualcomm Snapdragon 636 CPU ၊ RAM 4GB ၊ 64GB Storage ၊ 12+8MP Dual Camera နဲ့ 3300mAh Battery တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Asus Zenfone 5

Asus Zenfone 5 ဟာ ယခင် Zenfone Series တွေလိုပဲ လှပတဲ့ Glass Body Design နဲ့အတူ ကြီးမားတဲ့ 6.2″ 19:9″ Ratio Display ကိုလည်း တပ်ဆင်ထားတဲ့အတွက် အခုနှစ်မှာထွက်ရှိထားတဲ့ အခြားသောစမတ်ဖုန်းတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့လို့ပြောလို့ရပါတယ်။ စွမ်းဆောင်ရည်ပိုင်းအရလည်း Snapdragon 636 CPU ကြောင့် ပေးရတဲ့ဈေးနဲ့တန်တဲ့ စွမ်းဆောင်ရည်ရှိလာမယ့် အပြင် Asus က ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ပိုတိုးလာစေတဲ့ AI Boost ၊ AI Scene Recognition ၊ AI Battery Management အပါအဝင် AI နည်းပညာတွေအများအပြားကိုလည်း ထည့်သွင်းထားသေးတယ်လို့ သိရပါတယ်။

Camera ပိုင်းကလည်း Asus Zenfone 5 ဖုန်းမှာ လက်ရှိအခြား Dual Camera စမတ်ဖုန်းတွေနဲ့ မတူညီတဲ့ Wide Angle Lens ကို တပ်ဆင်ပေးထားပြီးတော့ Wide Angle Shot တွေအပြင် Manual Mode နဲ့ သေချာရိုက်ချင်တဲ့သူတွေအတွက်ကတော့ အဆင်ပြေတဲ့ Camera စနစ်လို့ ပြောလို့ရပါတယ်။

Asus Zenfone Max Pro

နောက်ထပ် Asus က ရောင်းချဖို့ စီစဉ်နေတဲ့ စမတ်ဖုန်းကတော့ Asus Zenfone Max Pro (M1) ဖုန်းပဲဖြစ်ပြီးတော့ အဆိုပါဖုန်းဟာ လက်ရှိမှာ အကောင်းဆုံး ဘတ်ဂျတ်စမတ်ဖုန်းတစ်ခုတောင် ဖြစ်လာဖို့များနေပါတယ်။

ဘာဖြစ်လို့လဲဆိုရင် Zenfone Max Pro မှာ 6″ အရွယ် Full HD+ Display ၊ RAM 3GB ၊ 32GB Storage တွေပါဝင်တဲ့အပြင် Zenfone 5 နဲ့ တူညီတဲ့ Snapdragon 636 Processor ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ Dual 13+5MP Camera လည်း ပါဝင်ဦးမှာဖြစ်ပါတယ်၊ ဒါပေမယ့် Dual Camera က Zenfone 5 လိုမျိုး Wide Angle အစား နောက်ခံကို ဝေဝါးပေးတဲ့ Bokeh Effect တွေကို ဖန်တီးပေးမယ့် Portrait Lens ပဲတပ်ဆင်ထားတာဖြစ်ပါတယ်။

Asus Zenfone Max Pro က လက်ရှိ ဘတ်ဂျတ်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရစေတဲ့အချက်ကတော့ ကြီးမားတဲ့ 5000mAh Battery ပါဝင်နေတာကြောင့် အဓိကလို့ပြောလို့ရပါတယ်။ ကြီးမားတဲ့ Battery ပါဝင်တဲ့အပြင် Fast Charging စနစ်လည်းပါဝင်ဦးမယ်လို့ သိရပါတယ်။ နောက်ပြီး Asus ရဲ့ ZenUI အစား ရိုးရှင်းတဲ့ Stock Android Version 8.1 Oreo ကို သုံးစွဲထားတဲ့အတွက် စွမ်းဆောင်ရည်အလွန်သွက်နေတာကိုလည်းတွေ့ရပါတယ်။ ဒါတင်မဟုတ်သေးပဲ Dual SIM Slot အပါအဝင် သီးသန့် MicroSD Card Slot လည်းပါဝင်နေတာကို တွေ့ရပါတယ်။

Asus Media Exclusive Preview

Asus က အခု Zenfone Max Pro ဖုန်းကို Xiaomi Redmi Note 5 ထက်တောင် သက်သာတဲ့ဈေးနဲ့ ရောင်းချသွားမယ်လို့ဆိုထားတဲ့အတွက် တကယ်သာ Xiaomi ထက် ဈေးသက်သာမယ်ဆိုရင် ဒါက လက်ရှိမှာ ဈေးအတန်ဆုံး ဘတ်ဂျတ်ဖုန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

Asus ကနေ ယခု Zenfone 5 နဲ့ Zenfone Max Pro ဖုန်းတွေကို လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်ပွဲပြုလုပ်သွားမှာဖြစ်ပြီး အဲ့ဒီအချိန်ကြရင် ဈေးနှုန်းကိုလည်း တရားဝင်ကြေငြာသွားမှာဖြစ်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com