အခုအခ်ိန္မွာ လုပ္ငန္းခြင္ဝင္ေနတဲ့သူေတြအားလံုးနီးပါးက ကိုယ္ပိုင္ Laptop ကြန္ပ်ဴတာတစ္ခုက မရွိမျဖစ္လုိလာျပီပဲျဖစ္ပါတယ္။ ယခင္ကလိုမ်ိဳး ရုံးမွာပဲ Desktop ကြန္ပ်ဴတာနဲ႔ အသံုးျပဳေနမယ့္အစား Laptop ကြန္ပ်ဴတာေတြက အလြယ္တကူသယ္ေဆာင္သြားႏုိင္သလုိ စြမ္းေဆာင္ရည္ပိုင္းမွာလည္း ျမင့္မားလာျပီပဲျဖစ္ပါတယ္။

မ်ားေသာအားျဖင့္ Laptop ေတြမွာ ပံုမွန္ Laptop ေတြကေန ကြဲျပားသြားတာကေတာ့ ပါးလႊာမႈနဲ႔ သယ္ေဆာင္ရလြယ္ကူတာကို ဦးစားေပးတဲ့ Ultrabook ေတြနဲ႔ စြမ္းေဆာင္ရည္ကိုပဲ အဓိကထားျပီး ပါးလႊာမႈ၊ သယ္ေဆာင္ရလြယ္ကူတာေတြကို အေလးမေပးတဲ့ Gaming Laptop ေတြဆုိျပီး ကြဲျပားသြားတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလုိမ်ိဳး စြမ္းေဆာင္ရည္လည္းေကာင္းမယ္၊ သယ္ေဆာင္ရလည္း လြယ္ကူတဲ့ Laptop အခ်ိဳ႕လည္း ထြက္ရွိလာပါတယ္။ ဒါကလည္း အခု ေျပာျပသြားမယ့္ Asus VivoBook S15 အပါအဝင္ပဲျဖစ္ပါတယ္။

Asus VivoBook S15

Asus VivoBook Series ဟာ ယခင္ထဲက စြမ္းေဆာင္ရည္ျမင့္ Ultrabook Laptop ေတြအျဖစ္နာမည္ၾကီးျပီး အခု S15 ကလည္း VivoBook တစ္ခုဆိုတာကို ထင္ဟပ္ေနေစတဲ့ ဒီဇုိင္းနဲ႔ စြမ္းေဆာင္ရည္က ရွိေနတာကိုေတြ႕ရပါတယ္။

Asus VivoBook S15

စြမ္းေဆာင္ရည္ပိုင္းကို မေျပာခင္ VivoBook S15 ရဲ႕ ဒီဇုိင္းနဲ႔ သယ္ယူရလြယ္ကူမႈကို အရင္ေျပာသြားပါမယ္။ Asus VivoBook S15 ဟာ Screensize အေနနဲ႔ 15.6″ ရွိမွာျဖစ္ေပမယ့္လည္း ေဘးေဘာင္ေတြက NanoEdge နည္းပညာေၾကာင့္ 7.8mm ပဲ အထူရွိတဲ့အတြက္ Display အရြယ္အစားၾကီးတယ္ဆုိေပမယ့္လည္း Laptop ရဲ႕ အရြယ္အစားကေတာ့ 14″ Laptop တစ္ခုအရြယ္ပဲရွိမွာျဖစ္ပါတယ္။ အေလးခ်ိန္အေနနဲ႔ 1.7Kg ပဲရွိမွာျဖစ္ျပီးေတာ့ အထူကလည္း 17.9mm ပဲရွိေနတဲ့အတြက္ သာမန္ Laptop ေတြနဲ႔ ယွဥ္မယ္ဆုိရင္ သိသိသာသာကို ေပါ့ပါးျပီး ပါးလႊာေနမွာပါ။

Asus VivoBook S15

Asus VivoBook S15 က လက္ရွိမွာ ေနာက္ဆံုးထြက္ Intel ရဲ႕ 8th Generation i5 နဲ႔ i7 Processor ေတြကို အသံုးျပဳထားတဲ့အတြက္ Quad Core ၊ 8 Threads Processors ေတြရဲ႕ စြမ္းေဆာင္ရည္က 7th Gen Processor ေတြနဲ႔ ယွဥ္ရင္ေတာင္ ၂ ဆနီးပါး ပိုျပီး ျမန္ဆန္လာမွာျဖစ္ပါတယ္။ RAM အေနနဲ႔ 8GB ပါဝင္ျပီး 256GB SSD/1TB HDD Storage ေၾကာင့္ Data မ်ားမ်ားကို ျမန္ျမန္ဆန္ဆန္ ထည့္သြင္းသုိေလွာင္ထားႏုိင္ဦးမွာျဖစ္ပါတယ္။ အခုလုိမ်ိဳး ပါးလႊာျပီးေပါ့ပါးတယ္ဆုိေပမယ့္ Asus VivoBook S15 မွာ Nvidia ရဲ႕ Geforce MX 150 2GB DDR5 Graphic Card ကိုထည့္သြင္းေပးထားတဲ့အတြက္ ဂိမ္းေဆာ့ဖုိ႔ပဲျဖစ္ျဖစ္၊ Photoshop ဒါမွမဟုတ္ Video Editing လုပ္ခ်င္တာပဲျဖစ္ျဖစ္ အဆင္ေျပဦးမွာပါ။

Asus VivoBook S15

အခုလုိမ်ိဳး စြမ္းေဆာင္ရည္ပိုင္းအရေကာင္းေနေပမယ့္လည္း Display ပိုင္းက ၾကည့္ရတာအဆင္မေျပဘူးဆိုရင္ အျမဲတမ္းအလုပ္လုပ္ေနဖုိ႔က ခက္ခဲမွာပါ။ ဒီအတြက္လည္း Asus ကေန VivoBook S15 ရဲ႕ 15.6″ Display မွာ Full HD Resolution အထိ Support ျပဳလုပ္ျပီးေတာ့ IPS Display ျဖစ္တဲ့အတြက္ 178 Degree ကေန ၾကည့္ရင္ေတာင္မွ ေဝဝါးသြားျခင္းရွိမွာမဟုတ္ပါဘူး။ ဒါ့အျပင္ Asus ကေန Eye Care Mode ၊ Vivid Mode ေတြအျပင္ True2Life Video Feature ေတြပါ ထည့္သြင္းထားတဲ့အတြက္ Display ပိုင္းအေနနဲ႔ကေတာ့ ေျပာစရာမလုိေအာင္ ေကာင္းမြန္မွာျဖစ္ပါတယ္။

Asus VivoBook S15

Asus VivoBook S15 ရဲ႕ အျခားေသာ အခ်က္အလက္ေတြကို ေျပာရမယ္ဆုိရင္ေတာ့ Windows Hello ကို Support ျပဳလုပ္တဲ့ Fingerprint Log-in ၊ Backlit Keyboard ၊ USB Type-C ၊ ၄၉ မိနစ္အားသြင္းရုံနဲ႔တင္ 60% အားျပန္ျပည့္ႏုိင္တဲ့ Fast Charging စနစ္ေတြလည္း ပါဝင္မယ္လုိ႔ သိရပါတယ္။

Asus VivoBook S15

Asus VivoBook S15 S510 Model ကို စိတ္ဝင္စားလုိ႔ ဝယ္ယူခ်င္တယ္ဆိုရင္ေတာ့ Intel i5 Model ကို ၇၄၉ ေဒၚလာ ၊ i7 Model ကိုေတာ့ ၈၄၉ ေဒၚလာနဲ႔ နီးစပ္ရာကြန္ပ်ဴတာဆုိင္ေတြမွာ ဝယ္ယူရရွိႏုိင္ျပီလုိ႔ သိရပါတယ္။ အေရာင္အေနနဲ႔ကေတာ့ Icicle Gold နဲ႔ Star Grey ဆုိျပီး ေရြးခ်ယ္ႏုိင္မွာပါ။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

အခုအချိန်မှာ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေအားလုံးနီးပါးက ကိုယ်ပိုင် Laptop ကွန်ပျူတာတစ်ခုက မရှိမဖြစ်လိုလာပြီပဲဖြစ်ပါတယ်။ ယခင်ကလိုမျိုး ရုံးမှာပဲ Desktop ကွန်ပျူတာနဲ့ အသုံးပြုနေမယ့်အစား Laptop ကွန်ပျူတာတွေက အလွယ်တကူသယ်ဆောင်သွားနိုင်သလို စွမ်းဆောင်ရည်ပိုင်းမှာလည်း မြင့်မားလာပြီပဲဖြစ်ပါတယ်။

များသောအားဖြင့် Laptop တွေမှာ ပုံမှန် Laptop တွေကနေ ကွဲပြားသွားတာကတော့ ပါးလွှာမှုနဲ့ သယ်ဆောင်ရလွယ်ကူတာကို ဦးစားပေးတဲ့ Ultrabook တွေနဲ့ စွမ်းဆောင်ရည်ကိုပဲ အဓိကထားပြီး ပါးလွှာမှု၊ သယ်ဆောင်ရလွယ်ကူတာတွေကို အလေးမပေးတဲ့ Gaming Laptop တွေဆိုပြီး ကွဲပြားသွားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး စွမ်းဆောင်ရည်လည်းကောင်းမယ်၊ သယ်ဆောင်ရလည်း လွယ်ကူတဲ့ Laptop အချို့လည်း ထွက်ရှိလာပါတယ်။ ဒါကလည်း အခု ပြောပြသွားမယ့် Asus VivoBook S15 အပါအဝင်ပဲဖြစ်ပါတယ်။

Asus VivoBook S15

Asus VivoBook Series ဟာ ယခင်ထဲက စွမ်းဆောင်ရည်မြင့် Ultrabook Laptop တွေအဖြစ်နာမည်ကြီးပြီး အခု S15 ကလည်း VivoBook တစ်ခုဆိုတာကို ထင်ဟပ်နေစေတဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်က ရှိနေတာကိုတွေ့ရပါတယ်။

Asus VivoBook S15

စွမ်းဆောင်ရည်ပိုင်းကို မပြောခင် VivoBook S15 ရဲ့ ဒီဇိုင်းနဲ့ သယ်ယူရလွယ်ကူမှုကို အရင်ပြောသွားပါမယ်။ Asus VivoBook S15 ဟာ Screensize အနေနဲ့ 15.6″ ရှိမှာဖြစ်ပေမယ့်လည်း ဘေးဘောင်တွေက NanoEdge နည်းပညာကြောင့် 7.8mm ပဲ အထူရှိတဲ့အတွက် Display အရွယ်အစားကြီးတယ်ဆိုပေမယ့်လည်း Laptop ရဲ့ အရွယ်အစားကတော့ 14″ Laptop တစ်ခုအရွယ်ပဲရှိမှာဖြစ်ပါတယ်။ အလေးချိန်အနေနဲ့ 1.7Kg ပဲရှိမှာဖြစ်ပြီးတော့ အထူကလည်း 17.9mm ပဲရှိနေတဲ့အတွက် သာမန် Laptop တွေနဲ့ ယှဉ်မယ်ဆိုရင် သိသိသာသာကို ပေါ့ပါးပြီး ပါးလွှာနေမှာပါ။

Asus VivoBook S15

Asus VivoBook S15 က လက်ရှိမှာ နောက်ဆုံးထွက် Intel ရဲ့ 8th Generation i5 နဲ့ i7 Processor တွေကို အသုံးပြုထားတဲ့အတွက် Quad Core ၊ 8 Threads Processors တွေရဲ့ စွမ်းဆောင်ရည်က 7th Gen Processor တွေနဲ့ ယှဉ်ရင်တောင် ၂ ဆနီးပါး ပိုပြီး မြန်ဆန်လာမှာဖြစ်ပါတယ်။ RAM အနေနဲ့ 8GB ပါဝင်ပြီး 256GB SSD/1TB HDD Storage ကြောင့် Data များများကို မြန်မြန်ဆန်ဆန် ထည့်သွင်းသိုလှောင်ထားနိုင်ဦးမှာဖြစ်ပါတယ်။ အခုလိုမျိုး ပါးလွှာပြီးပေါ့ပါးတယ်ဆိုပေမယ့် Asus VivoBook S15 မှာ Nvidia ရဲ့ Geforce MX 150 2GB DDR5 Graphic Card ကိုထည့်သွင်းပေးထားတဲ့အတွက် ဂိမ်းဆော့ဖို့ပဲဖြစ်ဖြစ်၊ Photoshop ဒါမှမဟုတ် Video Editing လုပ်ချင်တာပဲဖြစ်ဖြစ် အဆင်ပြေဦးမှာပါ။

Asus VivoBook S15

အခုလိုမျိုး စွမ်းဆောင်ရည်ပိုင်းအရကောင်းနေပေမယ့်လည်း Display ပိုင်းက ကြည့်ရတာအဆင်မပြေဘူးဆိုရင် အမြဲတမ်းအလုပ်လုပ်နေဖို့က ခက်ခဲမှာပါ။ ဒီအတွက်လည်း Asus ကနေ VivoBook S15 ရဲ့ 15.6″ Display မှာ Full HD Resolution အထိ Support ပြုလုပ်ပြီးတော့ IPS Display ဖြစ်တဲ့အတွက် 178 Degree ကနေ ကြည့်ရင်တောင်မှ ဝေဝါးသွားခြင်းရှိမှာမဟုတ်ပါဘူး။ ဒါ့အပြင် Asus ကနေ Eye Care Mode ၊ Vivid Mode တွေအပြင် True2Life Video Feature တွေပါ ထည့်သွင်းထားတဲ့အတွက် Display ပိုင်းအနေနဲ့ကတော့ ပြောစရာမလိုအောင် ကောင်းမွန်မှာဖြစ်ပါတယ်။

Asus VivoBook S15

Asus VivoBook S15 ရဲ့ အခြားသော အချက်အလက်တွေကို ပြောရမယ်ဆိုရင်တော့ Windows Hello ကို Support ပြုလုပ်တဲ့ Fingerprint Log-in ၊ Backlit Keyboard ၊ USB Type-C ၊ ၄၉ မိနစ်အားသွင်းရုံနဲ့တင် 60% အားပြန်ပြည့်နိုင်တဲ့ Fast Charging စနစ်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

Asus VivoBook S15

Asus VivoBook S15 S510 Model ကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ Intel i5 Model ကို ၇၄၉ ဒေါ်လာ ၊ i7 Model ကိုတော့ ၈၄၉ ဒေါ်လာနဲ့ နီးစပ်ရာကွန်ပျူတာဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။ အရောင်အနေနဲ့ကတော့ Icicle Gold နဲ့ Star Grey ဆိုပြီး ရွေးချယ်နိုင်မှာပါ။

Zawyè (Akhayar) 

www.akhayar.com