[Zawgyi]

၅.၅ လက္မ ScreePad ပါ၀င္လာတဲ့ Asus Zenbook Pro 15

Asus ကေတာ့ Taipei မွာ က်င္းပေနတဲ့ Computex 2018 ပြဲမွာ Secondary Display ပါတဲ့ Zenbook Pro 15 လက္ေတာ့အသစ္ကို ပြဲထုတ္ျပသလိုက္ပါတယ္။ Seconday Display ဆိုေပမယ့္ Razer Blade Pro လက္ေတာ့ေတြလို Numpad ေနရာမွာ အစားထိုးထားတာမဟုတ္ဘဲ Touchpad ေနရာမွာ အသုံးျပဳထားတာ ျဖစ္ပါတယ္။ အဲ့ဒါအျပင္ Zenbook Pro Series ေတြမွာ ပထမဦးဆုံး Secondary Display ပါ၀င္လာတဲ့ Premium လက္ေတာ့ အမ်ိဳးအစားလည္းျဖစ္ပါတယ္။

Zenbook Pro 15 with ScreenPad

Asus ကေတာ့ Secondary Display ကို ScreenPad လို႔ရည္ညြန္းထားျပီး Touchpad ေနရာမွာ အစားထိုးထားတာေၾကာင့္ Apple က Function Key ေနရာမွာ Touchbar အစားထိုးတုန္းကလိုမဟုတ္ဘဲ ဘယ္ Physcial Key တစ္ခုကိုမွ ဖယ္ရွားထားျခင္းမရွိပါဘူး။ ဒီ ScreenPad ဟာ ၅.၅ လက္မ အရြယ္အစားရွိတဲ့အတြက္ေၾကာင့္ လက္ရွိ Smartphone ေတြနဲ႔ အရြယ္အစား အတူတူပဲျဖစ္ျပီး Full HD Resloution အသုံးျပဳထားပါတယ္။ ဒီ Screenpad ကို Touchpad တစ္ခုလိုသာမက App Launcher ၊ Calculator ၊ Calender နဲ႔ Numeric Keypad ေတြအျဖစ္ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ အဲ့ဒါအျပင္ ဒီ Screepad ေပၚမွာ YouTube Video ေတြကို Chrome Extension နဲ႔ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။

ScreenPad ေပၚမွာ Main Display ကိုအသုံးျပဳခ်င္တယ္ဆိုရင္ေတာ့ Function Key F6 နဲ႔ Activate လုပ္ႏိုင္မွာျဖစ္ေပမယ့္ Screenpad ကို Touchscreen အေနနဲ႔ အသုံးျပဳလို႔ရမွာမဟုတ္ပါဘူး။ ဒီလိုဆိုေတာ့ Screepad ရဲ႕ Function ဟာ Touchpad လုိပဲျဖစ္ေနျပီး ေပၚလာတဲ့ Cursor ကိုေရြ႕ျပီး အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ စိတ္၀င္စားစရာေကာင္းတဲ့ အခ်က္က Asus ဟာ Microsoft နဲ႔ ပူးေပါင္းခဲ့ျပီး ScreenPad ေပၚမွာ Office Integration ထည့္သြင္းေပးထားပါတယ္။ တစ္ျခား လုပ္ေဆာင္ခ်က္အေနနဲ႔ကေတာ့ ScreenPad ကို သီခ်င္းနဲ႔ ရုပ္ရွင္ဗီဒီယို Controller အေနနဲ႕ အသုံးျပဳႏိုင္မွာျဖစ္ျပီး Asus ကေတာ့ Spotify Control အေထာက္အပံ့ေပးသြားမယ္လို႕သိရပါတယ္။

Office Integration in ScreenPad

Asus အေနနဲ႔ Zenbook Pro 15 (UX580) လက္ေတာ့ေတြ အတြက္ ScreenPad Developer Kit ထုတ္ေပးသြားမွာျဖစ္ျပီး ScreenPad နဲ႔ အသုံးျပဳႏိုင္မယ့္ Software ေတြကို Windows Store ေပၚမွာ သြားၾကည့္ႏိုင္မွာျဖစ္ပါတယ္။ Hardware ပိုင္း အေနနဲ႔ Zenbook Pro ရဲ႕ Main Display ဟာ ၁၅.၆ လက္မ ရွိျပီး Resolution အေနနဲ႔ 4K အေထာက္အပံံ့ေပးထားပါတယ္။ အဲ့ဒါအျပင္ ၁၅.၆ လက္မ လက္ရွိတဲ့ Display ကို Narrow Bezel နဲ႔ထုတ္လုပ္ထားတာေၾကာင့္ လက္ေတာ့အရြယ္အစားဟာ ၁၄ လက္မလက္ေတာ့ အရြယ္အစားပဲရွိမွာျဖစ္ပါတယ္။ ေနာက္ Zenbook Pro 15 ရဲ႕ Display ဟာ 132% sRGB နဲ႔ 100% Adobe RGB ကာလာထြက္ ေပးစြမ္းႏိုင္တာေၾကာင့္ Photograhpers ေတြ၊ Video Makers ေတြနဲ႕ Designer ေတြအတြက္ ေကာင္းမြန္တဲ့ လက္ေတာ့တစ္လုံးပါဘဲ။

Asus’s ErgoLift Hinge on Zenbook Pro 15

အဲ့ဒါအျပင္ လက္ေတာ့ ကီးဘုတ္နဲ႔ စာရိုက္တဲ့အခါမွာ သက္ေတာင့္သက္သာ ျဖစ္ေစဖို႔အတြက္ Asus ရဲ႕ ErgoLift Hinges အသုံးျပဳေပးထားပါတယ္။ အခုလို Features သစ္ေတြအျပင္ Hardware ပိုင္းမွာလဲ 8th Generation Processors ေတြကို i9-8950HK Model အထိေရြးခ်ယ္ႏိုင္မွာျဖစ္ျပီး GPU အေနနဲ႔ Nvidia ရဲ႕ Max Q အမ်ိဳးအစား Geforce GTX 1050ti Model အထိ ေရြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ RAM အေနနဲ႔ 16GB DDR4 RAM အသုံးျပဳႏိုင္မွာျဖစ္ျပီး Storage အေနနဲ႔ PCIe SSD ကို 1TB အထိ သုံးႏိုင္မွာျဖစ္ျပီး SATA SSD အမ်ိဳးအစားကိုေတာ့ 512 GB ပမာဏ အထိ သုံးႏိုင္မွာျဖစ္ပါတယ္။ Connectivity မ်ားအေနနဲ႕ USB-C Ports ၊ Thunderbolt 3 Ports ပါ၀င္မွာျဖစ္ျပီး နဲ႕ Security Features အေနနဲ႔ Windows Hello အသုံးျပဳႏိုင္မယ့္ IR Camera နဲ႔ Fingerprint Sensor ေတြပါ၀င္မယ္လို႔သိရပါတယ္။ Asus ကေတာ့ ဒီ Zenbook Pro 15 ဟာ ၁၃ နာရီအထိ အသုံးျပဳႏိုင္မယ္လို႔ ေျပာထားျပီး ဇူလိုင္လလယ္ခန္႕မွာ ကန္ေဒၚလာ ၂၂၉၉ ခန္႕နဲ႔ စတင္ေရာင္းခ်သြားမယ္လို႔သိရပါတယ္။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: The Verge

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

၅.၅ လက်မ ScreePad ပါဝင်လာတဲ့ Asus Zenbook Pro 15

Asus ကတော့ Taipei မှာ ကျင်းပနေတဲ့ Computex 2018 ပွဲမှာ Secondary Display ပါတဲ့ Zenbook Pro 15 လက်တော့အသစ်ကို ပွဲထုတ်ပြသလိုက်ပါတယ်။ Seconday Display ဆိုပေမယ့် Razer Blade Pro လက်တော့တွေလို Numpad နေရာမှာ အစားထိုးထားတာမဟုတ်ဘဲ Touchpad နေရာမှာ အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် Zenbook Pro Series တွေမှာ ပထမဦးဆုံး Secondary Display ပါဝင်လာတဲ့ Premium လက်တော့ အမျိုးအစားလည်းဖြစ်ပါတယ်။

Zenbook Pro 15 with ScreenPad

Asus ကတော့ Secondary Display ကို ScreenPad လို့ရည်ညွန်းထားပြီး Touchpad နေရာမှာ အစားထိုးထားတာကြောင့် Apple က Function Key နေရာမှာ Touchbar အစားထိုးတုန်းကလိုမဟုတ်ဘဲ ဘယ် Physcial Key တစ်ခုကိုမှ ဖယ်ရှားထားခြင်းမရှိပါဘူး။ ဒီ ScreenPad ဟာ ၅.၅ လက်မ အရွယ်အစားရှိတဲ့အတွက်ကြောင့် လက်ရှိ Smartphone တွေနဲ့ အရွယ်အစား အတူတူပဲဖြစ်ပြီး Full HD Resloution အသုံးပြုထားပါတယ်။ ဒီ Screenpad ကို Touchpad တစ်ခုလိုသာမက App Launcher ၊ Calculator ၊ Calender နဲ့ Numeric Keypad တွေအဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါအပြင် ဒီ Screepad ပေါ်မှာ YouTube Video တွေကို Chrome Extension နဲ့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ScreenPad ပေါ်မှာ Main Display ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Function Key F6 နဲ့ Activate လုပ်နိုင်မှာဖြစ်ပေမယ့် Screenpad ကို Touchscreen အနေနဲ့ အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ဒီလိုဆိုတော့ Screepad ရဲ့ Function ဟာ Touchpad လိုပဲဖြစ်နေပြီး ပေါ်လာတဲ့ Cursor ကိုရွေ့ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က Asus ဟာ Microsoft နဲ့ ပူးပေါင်းခဲ့ပြီး ScreenPad ပေါ်မှာ Office Integration ထည့်သွင်းပေးထားပါတယ်။ တစ်ခြား လုပ်ဆောင်ချက်အနေနဲ့ကတော့ ScreenPad ကို သီချင်းနဲ့ ရုပ်ရှင်ဗီဒီယို Controller အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး Asus ကတော့ Spotify Control အထောက်အပံ့ပေးသွားမယ်လို့သိရပါတယ်။

Office Integration in ScreenPad

Asus အနေနဲ့ Zenbook Pro 15 (UX580) လက်တော့တွေ အတွက် ScreenPad Developer Kit ထုတ်ပေးသွားမှာဖြစ်ပြီး ScreenPad နဲ့ အသုံးပြုနိုင်မယ့် Software တွေကို Windows Store ပေါ်မှာ သွားကြည့်နိုင်မှာဖြစ်ပါတယ်။ Hardware ပိုင်း အနေနဲ့ Zenbook Pro ရဲ့ Main Display ဟာ ၁၅.၆ လက်မ ရှိပြီး Resolution အနေနဲ့ 4K အထောက်အပံံ့ပေးထားပါတယ်။ အဲ့ဒါအပြင် ၁၅.၆ လက်မ လက်ရှိတဲ့ Display ကို Narrow Bezel နဲ့ထုတ်လုပ်ထားတာကြောင့် လက်တော့အရွယ်အစားဟာ ၁၄ လက်မလက်တော့ အရွယ်အစားပဲရှိမှာဖြစ်ပါတယ်။ နောက် Zenbook Pro 15 ရဲ့ Display ဟာ 132% sRGB နဲ့ 100% Adobe RGB ကာလာထွက် ပေးစွမ်းနိုင်တာကြောင့် Photograhpers တွေ၊ Video Makers တွေနဲ့ Designer တွေအတွက် ကောင်းမွန်တဲ့ လက်တော့တစ်လုံးပါဘဲ။

Asus’s ErgoLift Hinge on Zenbook Pro 15

အဲ့ဒါအပြင် လက်တော့ ကီးဘုတ်နဲ့ စာရိုက်တဲ့အခါမှာ သက်တောင့်သက်သာ ဖြစ်စေဖို့အတွက် Asus ရဲ့ ErgoLift Hinges အသုံးပြုပေးထားပါတယ်။ အခုလို Features သစ်တွေအပြင် Hardware ပိုင်းမှာလဲ 8th Generation Processors တွေကို i9-8950HK Model အထိရွေးချယ်နိုင်မှာဖြစ်ပြီး GPU အနေနဲ့ Nvidia ရဲ့ Max Q အမျိုးအစား Geforce GTX 1050ti Model အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ RAM အနေနဲ့ 16GB DDR4 RAM အသုံးပြုနိုင်မှာဖြစ်ပြီး Storage အနေနဲ့ PCIe SSD ကို 1TB အထိ သုံးနိုင်မှာဖြစ်ပြီး SATA SSD အမျိုးအစားကိုတော့ 512 GB ပမာဏ အထိ သုံးနိုင်မှာဖြစ်ပါတယ်။ Connectivity များအနေနဲ့ USB-C Ports ၊ Thunderbolt 3 Ports ပါဝင်မှာဖြစ်ပြီး နဲ့ Security Features အနေနဲ့ Windows Hello အသုံးပြုနိုင်မယ့် IR Camera နဲ့ Fingerprint Sensor တွေပါဝင်မယ်လို့သိရပါတယ်။ Asus ကတော့ ဒီ Zenbook Pro 15 ဟာ ၁၃ နာရီအထိ အသုံးပြုနိုင်မယ်လို့ ပြောထားပြီး ဇူလိုင်လလယ်ခန့်မှာ ကန်ဒေါ်လာ ၂၂၉၉ ခန့်နဲ့ စတင်ရောင်းချသွားမယ်လို့သိရပါတယ်။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: The Verge

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။