






Asus ROG Phone


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Asus က ပြီးခဲ့တဲ့ Computex 2018 တုန်းက ROG Phone ဆိုတဲ့နာမည်နဲ့ Gaming Phone ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ ROG Phone ဟာ ယခင်ထွက်ရှိထားတဲ့ Gaming Phone တွေလိုမျိုး ပုံမှန် Flagship စမတ်ဖုန်းတွေနဲ့ တူညီတဲ့ Qualcomm Snapdragon 845 Processor ကို အသုံးပြုထားတာမျိုးမဟုတ်ပဲ Overclock ပြုလုပ်ထားတဲ့ Snapdragon 845 Processor ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။

Asus ROG Phone Performance

Asus ROG Phone ဟာ ပုံမှန် Snapdragon Processor ကို 2.96Ghz အထိ 200Mhz ကျော် Overclock လုပ်ထားတာဖြစ်ပြီး အခုလိုမျိုး Overclock ပြုလုပ်ထားတဲ့အတွက် Heat Issue ကိုလည်း Coppoer Heat Spreader တွေပါဝင်တဲ့ 3D Vapor Chamber Cooling System ကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုမျိုး Overclock ပြုလုပ်ထားတာက တကယ်ရောပိုပြီး မြန်ဆန်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ အဲ့ဒီအတွက် GSMArena ကနေ တခြားသော Snapdragon 845 အသုံးပြုထားတဲ့ စမတ်ဖုန်းတွေနဲ့ Asus ROG Phone ကို Benchmark ယှဉ်ကြည့်ခဲ့ပါတယ်။

Asus ROG Phone Performance

အခု Benchmark တိုင်းတာတဲ့ App ကတော့ GeekBench 4.1 ပဲဖြစ်ပြီး Processor ရဲ့ Single-core နဲ့ Multi-core စွမ်းဆောင်ရည်ကို တိုင်းတာခဲ့တာဖြစ်ပါတယ်။

ရလဒ်တွေကတော့ Asus ROG Phone ကို လက်ရှိမှာ Snapdragon 845 Processor အသုံးပြုထားတဲ့ စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံးဖြစ်သွားစေခဲ့ပြီးတော့ Multi-core Score မှာဆိုရင် Samsung Galaxy S9+ ထက် ရမှတ် ၁၀၀၀ ကျော်တောင် ပိုပြီး များနေခဲ့တာပဲဖြစ်ပါတယ်။

Asus ROG Phone

Asus ဟာ ROG Phone မှာ Cooling အတွက် သီးခြား Fan တစ်ခုပါဝင်တဲ့ AeroActive Cooler ကိုလည်း ဖုန်းမှာ တစ်ပါတည်းထည့်သွင်းထားတဲ့အတွက် လက်ရှိမှာ စွမ်းဆောင်ရည်ပိုင်းအရတော့ ပြိုင်ဘက်ကင်းဖုန်းတစ်ခုဆိုတာက ပြောစရာမလိုတော့ပါဘူး။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com