Asus ကေန ျပီးခဲ့တဲ့တစ္ေန႔က လက္ရွိ Gaming Smartphone ေစ်းကြက္ကို ကိုင္လႈပ္သြားခဲ့တဲ့ Asus ROG (Republic of Gamers) Phone ကို အခု နည္းပညာပုိင္းကို စိတ္ဝင္စားတဲ့သူေတြအေတာ္မ်ားမ်ားသိရွိျပီးေနေလာက္ပါျပီ။ ဒါေပမယ့္ တကယ္ကို Asus ROG Phone က Gaming Phone ေတြထဲမွာ အေကာင္းဆံုးျဖစ္လာတာလား? ေစ်းႏႈန္းအရ ျမင့္မားတယ္လုိ႔ ေျပာလုိ႔ရမလား? အသံုးျပဳရတာေရာ ဘယ္လုိအေျခအေနရွိမလဲ?

Asus ROG Phone

ဒီအတြက္ကို Asus ရဲ႕ ဖိတ္ၾကားမႈေၾကာင့္ Computex ပြဲကို တက္ေရာက္ျဖစ္ခဲ့တဲ့ Akhayar-Tech ကေန ဒီ Asus ROG Phone ကို Hands-on Experience ရယူျဖစ္ခဲ့ျပီးေတာ့ ဘယ္လုိမ်ိဳး ခံစားရသလဲဆုိတာကို ျပန္လည္ေဝမွ်ေပးသြားမွာပဲျဖစ္ပါတယ္။

Asus ROG Phone ကို ေၾကညာတာကို စစျခင္းၾကားလုိက္ရတဲ့အခ်ိန္ သူ႕မွာ ပါဝင္တဲ့ Specifications ေတြ၊ Features ေတြနဲ႔ တျခား Add-on Accessories ေတြကိုလည္း ျမင္လုိက္ရတဲ့အခ်ိန္မွာ ဒီ Asus ROG Phone က က်ိန္းေသေပါက္ လက္ရွိ စမတ္ဖုန္းေတြရဲ႕ စြမ္းေဆာင္ႏုိင္စြမ္းေတြအားလံုးကို ရုိက္ခ်ိဳးျပီး Gaming Phone ဆိုတာ ဘာလဲ ဆုိျပီး ျပလုိက္သလုိပါပဲ။ စတိတ္စင္တစ္ခုလံုးကို လက္ခုပ္သံေတြနဲ႔ ျပည့္သြားေစခဲ့တာပါ။

အဲ့ဒီေနာက္ပိုင္းမွာ Akhayar-Tech အေနနဲ႔ Asus ROG Gaming Phone ကို အနီးကပ္ကိုင္သြယ္စမ္းသပ္ခြင့္ရရွိခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာလည္း တကယ္ကို စြမ္းေဆာင္ရည္အၾကမ္းစား Gaming Phone တစ္ခုရဲ႕ ခံစားမႈကို ရရွိခဲ့ပါတယ္။

Asus ROG Phone

အရင္ဆံုး Hand-on Experience ကို မေျပာခင္ Asus ROG ဖုန္းအေၾကာင္း သိျပီးျဖစ္တဲ့သူေတြေရာ၊ မသိေသးတဲ့သူေတြေရာအတြက္ Asus ROG Phone ရဲ႕ Specifications ေတြကို အနည္းငယ္အရင္ေျပာပါမယ္။

Performance

Asus ROG Phone Game Center

စြမ္းေဆာင္ရည္ပုိင္းကို အေလးေပးတဲ့ Gaming Phone တစ္ခုျဖစ္တဲ့အတြက္ Asus ROG Phone က လက္ရွိမွာ အျမန္ဆံုးျဖစ္ေနတဲ့ Qualcomm Snapdragon 845 Processor ကို အသံုးျပဳထားပါတယ္။ ဒါေပမယ့္ ထူးျခားတာက Processor ကို 2.96Ghz အထိ Overclocked ျပဳလုပ္ထားတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ SD 845 ဖုန္းခ်င္းယွဥ္မယ္ဆုိရင္ေတာင္ Asus ROG Phone က ပိုျပီး ျမန္ဆန္ေနမွာပါ။ ဒါကလည္း Qualcomm SD 845 သံုးထားတဲ့ဖုန္းေတြထဲမွာ ပထမဆံုးပါ။ RAM အေနနဲ႔ 8GB DDR4 ပါမွာျဖစ္ျပီးေတာ့ Internal Storage ကို 128GB ဒါမွမဟုတ္ 512GB ဆိုျပီး ထုတ္လုပ္မွာျဖစ္ပါတယ္။ Asus သာ ROG Phone ဖုန္းကို ေစ်းကြက္အႏွံ႔မွာ ေရာင္းခ်မယ္ဆုိရင္ အခု ROG Phone က ပထမဆံုး 512GB Storage နဲ႔ Mass Production ဖုန္းတစ္ခုျဖစ္လာဦးမွာပါ။

Display

Asus ROG Phone

Asus က ေျပာသြားသလုိပဲ Gaming Phone တစ္လံုးမွာ Performance တင္မကပဲ Visual ပါ ေကာင္းမြန္ေနဖုိ႔လုိအပ္ပါတယ္။ အရင္က Razer Phone မွာ 120Hz Refresh Rate ကိုအသံုးျပဳလာတာကိုေတြ႕ခဲ့ရေပမယ့္ LCD Panel ျဖစ္ေနတဲ့အတြက္ AMOLED ေတြလုိမ်ိဳး ေကာင္းမြန္တဲ့ Visually Appealing မျဖစ္ခဲ့ပါဘူး။ အခုအခ်ိန္မွာေတာ့ Asus ကေန ROG ဖုန္းမွာ AMOLED Panels ေတြအေပၚယခင္က ယူဆထားတဲ့ အရာေတြကို အကုန္လံုးရုိက္ခ်ိဳးပစ္ခဲ့ပါတယ္။

ဘာေၾကာင့္လဲ? Asus ROG Phone ရဲ႕ Display က လက္ရွိေစ်းကြက္အတြင္းမွာ ရွိေနတဲ့ စမတ္ဖုန္းအမ်ားစုလုိပဲ 6″ Full HD+ 18:9 Display ပါ။ ဒါေပမယ့္ AMOLED Panel ကို အသံုးျပဳထားျပီးေတာ့ လက္ရွိ AMOLED Display သံုးထားတဲ့ ဘယ္ဖုန္းမွာမွ မရရွိႏုိင္ေသးတဲ့ 90Hz Refresh Rate ကို ရရွိေနေအာင္ ျပဳလုပ္ေပးထားတာပါ။ ဒါတင္မဟုတ္ေသးပဲ HDR Support ၊ 1ms Response Time ေတြအျပင္ Color Accuracy ကလည္း 108% DCI-P3 ရွိေနတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ လက္ရွိမွာ စြမး္ေဆာင္ရည္အျမင့္ဆံုး AMOLED Display တစ္ခုဆုိရင္လည္း မွားမယ္မထင္ပါဘူး။

Others

Asus ROG Phone

က်န္တဲ့ Gaming အတြက္အေရးၾကီးတဲ့ Features ေတြအေနနဲ႔ကေတာ့ 4000mAh Battery ကိုမွ ဖုန္းကို Heat မတက္ေအာင္ အားသြင္းေပးႏုိင္တဲ့ Asus HyperCharge နည္းပညာ၊ QC 4.0+ Support ၊ USB Power Delivery Fast Charging စတဲ့ နည္းပညာေတြ၊ Gigabit Download Speed အထိ Support ေပးတဲ့ Wi-Fi 802.11ad ၊ Dual Front Facing Stereo Speaker with Smart Amplifier ၊ DTS HeadphoneX 7.1 Virual Surround Sound Support ၊ Bluetooth 5.0 ၊ Fingerprint Scanner ၊ NFC နဲ႔ Bluetooth 5.0 စတဲ့ နည္းပညာေတြ အျပည့္ကို ပါဝင္ေနတာပါ။

Camera

Asus ROG Phone

Camera ကေတာ့ Asus ROG Phone ရဲ႕ အဓိကအားသာခ်က္ေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ Asus က 12MP + 8MP (120° Wide Angle) Dual Camera စနစ္ကို ေနာက္ေက်ာဘက္မွာတပ္ဆင္ထားျပီးေတာ့ အေရွ႕ဘက္ Selfie Camera ကေတာ့ 8MP တပ္ဆင္ထားပါတယ္။ Pre-production Model ျဖစ္ေနေသးတဲ့အတြက္ ကင္မရာပိုင္းကိုေတာ့ ေသခ်ာမေျပာႏုိင္ေသးေပမယ့္ Augmented Reality ကို Support လုပ္တဲ့ Camera စနစ္ျဖစ္တယ္ဆုိတာကေတာ့ ေသခ်ာပါတယ္။

Specifications ပိုင္းေတြကို ေျပာျပီးသြားတဲ့အခ်ိန္မွာ ဘယ္အရာေတြက Asus ROG Phone ကို အေကာင္းဆံုး Gaming Phone ျဖစ္တယ္လုိ႔ ေျပာႏုိင္တယ္ဆိုတဲ့ Hands-on Experience ကို မွ်ေဝသြားပါမယ္။

Asus ROG Phone

အရင္ဆံုး စစျခင္း ROG Phone ကို ကိုင္ၾကည့္လုိက္တဲ့အခ်ိန္မွာ ဒီဖုန္းက Premium Flagship ဖုန္းျဖစ္ျပီးေတာ့ Gaming အတြက္ ရည္ရြယ္တယ္ဆုိတာက သိသာေနပါတယ္။ ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာ ရွိတဲ့ ROG Logo ၊ ဒီဇုိင္းနဲ႔ လိုက္ဖက္ေအာင္ ဘယ္မွာမွ မေတြ႕ရေသးတဲ့ Fingerprint ပံုစံနဲ႔ ကင္မရာ ဒီဇုိင္းေတြက ROG Gamers ေတြတင္မဟုတ္ပဲ Gaming Phone ေတြကို စိတ္မဝင္စားတဲ့သူေတြကိုေတာင္ စြဲေဆာင္ႏုိင္ပါတယ္။

ဒီဇုိင္းအျပင္ Asus ROG Phone ကို အေကာင္းဆံုး Gaming Phone လုိ႔ေျပာလုိ႔ရသြားတဲ့ အခ်က္ ၃ ခ်က္ရွိပါတယ္။

Asus ROG Phone TwinView Dock

အရင္ ပထမဆံုးတစ္ခုကေတာ့ ေသးငယ္တယ္ဆိုေပမယ့္ စမ္းသပ္အသံုးျပဳၾကည့္ျပီးတဲ့အခ်ိန္မွာ တကယ္ကို ကြဲျပားသြားေစတဲ့အခ်က္ေတြပါ။ အဲ့ဒါက Ultrasonic AirTriggers နဲ႔ Advanced force-feedback haptics စနစ္ေတြပဲျဖစ္ပါတယ္။ Ultrasonic AirTriggers ဆိုတာက ဖုန္းကို Controller သီးသန္႔တပ္စရာမလုိပဲ Controller တစ္ခုနဲ႔ ေဆာ့ကစားေနရသလို ဖုန္းရဲ႕ ေထာင့္ေတြကို ထိျပီး ခလုတ္အေနနဲ႔ ထားႏုိင္တဲ့ Function ပါ။ Advanced force-feedback Haptics Engine ကလည္း Vibration ကို ဂိမ္းထဲမွာ Immersive ျဖစ္သြားေအာင္ ေဆာင္ရြက္ႏုိင္တာကို ေတြ႕ရပါတယ္။

Asus ROG Phone TwinView Dock with AeroActive Cooler

ဒုတိယတစ္ခုကေတာ့ ပိုျပီး လက္ေတြ႕က်ပါတယ္။ ဖုန္းကို ဂိမ္းအၾကာၾကီးေဆာ့ေနလုိ႔ ဖုန္းပူလာျပီး ဆက္မေဆာ့ႏုိင္ေတာ့ပဲ ဖုန္းကို ခ်ထားလုိက္ရတာ၊ ဒါမွမဟုတ္ Air-con ေအာက္၊ ပန္ကာေရွ႕မွာ သြားျပီးေဆာ့ဖူးၾကမွာပါ။ အဲ့ဒီအတြက္ Asus က ROG Phone မွာ GameCool Vapor-chamber Cooling System ကို အသံုးျပဳထားတယ္။ ဒါတင္မကေသးပဲ AeroActive Cooler ကိုလည္း ထည့္သြင္းေပးထားပါတယ္။

အခု AeroActive Cooler က ဘာလုပ္ေပးမလဲဆုိရင္ ROG Phone ရဲ႕ ေဘးဘက္မွာပါဝင္တဲ့ Side Port ကေန ခ်ိတ္လုိက္ျပီးေတာ့ Cooler မွာပါတဲ့ Fans က ဖုန္းရဲ႕ Heat တက္တာေတြကို ဖယ္ရွားေပးသြားမွာျဖစ္ပါတယ္၊ Fan Speed ကိုလည္း ဖုန္းကေနပဲ ထိန္းခ်ဴပ္ႏုိင္ဦးမွာပါ။ ဒါက Laptop ေတြမွာ Cooling Fan ခံသလုိပဲ ရုိးရွင္းျပီးေတာ့ အလြန္နည္းလမ္းက်တဲ့ Heat ေျဖရွင္းနည္းပါ။ ဒါတင္မကေသးပဲ AeroActive Cooler ကို တပ္လုိက္ျပီဆိုတာရင္ ဖုန္းရဲ႕ ေဘးဘက္အလယ္ကေန အားသြင္းႏုိင္တဲ့ USB Type C Port နဲ႔ 3.5mm Audio Port ေတြပါ အပိုရရွိဦးမွာပါ။ အဲ့ဒီအတြက္ ဂိမ္းေဆာ့ေနရင္ သီခ်င္းနားေထာင္တာ၊ ဖုန္းအားသြင္းေနရင္လည္း လက္က ေအာက္မွာ ရူပ္ေနေတာ့မွာမဟုတ္ပါဘူး။

ေနာက္ဆံုးတစ္ခုကေတာ့ Accessories ေတြပါ။ Asus က ROG Phone နဲ႔ တြဲသံုးႏုိင္တဲ့ Accessories ေတြကိုပါ တပါတည္းမိတ္ဆက္သြားခဲ့ျပီး ဒီအတိုင္း သာမန္ Joystick ေတြတင္မဟုတ္ပဲ ေတာ္ေတာ္ေလးကို အလားအလာရွိတဲ့ Accessories ေတြပါ ထုတ္လုပ္လာတာျဖစ္ပါတယ္။

Mobile Desktop Dock

အခု Accessories ေတြကေတာ့ TwinView Dock ၊ Mobile Desktop Dock နဲ႔ Gamevice Controller with WiGig Dock ေတြပဲျဖစ္ပါတယ္။

TwinView Dock

အခု Accessories ေတြထဲမွာ စိတ္ဝင္စားဖုိ႔အေကာင္းဆံုးကေတာ့ TwinView Dock ပဲျဖစ္ျပီး အဲ့ဒါက ROG Phone ကို တူညီတဲ့ ေနာက္ထပ္ 6″ 90Hz Refresh Rate AMOLED Panel တစ္ခုကို ထပ္ျပီး တပ္ဆင္ေပးလုိက္သလုိပါပဲ။ အဲ့ဒီအတြက္ Screen တစ္ခုမွာ ဂိမ္းေဆာ့ေနရင္း တစ္ခုမွာ စာရုိက္ေနတာ ဒါမွမဟုတ္ ဂိမ္းတစ္ခုထဲကိုပဲ ေအာက္ဖက္က Display မွာေဆာ့ေနျပီး အေပၚက Display မွာ Map ဖြင့္ထားတာ စတဲ့ Cheat လုပ္တယ္လုိ႔ေတာင္ေျပာႏုိင္တဲ့ Features ေတြကို သံုးႏုိင္မွာပါ။

WiGig Dock

Mobile Desktop Dock ကေတာ့ Samsung Dex လုိမ်ိဳး Desktop အေနနဲ႔ ေျပာင္းလဲေပးတာျဖစ္ျပီးေတာ့ Gamevice Controller တစ္ခုနဲ႔ WiGig Dock ကေတာ့ ကိုယ့္ဖုန္းမွာ ေဆာ့ကစားေနတာကို Wi-Fi ကေန Streaming ျပဳလုပ္ေပးဖို႔ပဲျဖစ္ပါတယ္။

Asus ဟာ အခု ROG Phone ကို ေရာင္းခ်မယ့္အခ်ိန္ကို အတိအက်ေျပာၾကားထားျခင္းမရွိေသးေပမယ့္ ေစ်းႏႈန္းအေနနဲ႔ကေတာ့ ေဒၚလာ ၁၀၀၀ (ျမန္မာေငြ ၁၃ သိန္း) ဝန္းက်င္ရွိမယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။ ဒါက ဖုန္းတစ္ခုထဲအတြက္ဆုိရင္ေတာ့ လက္ရွိ Flagship ဖုန္းေတြထက္ေတာင္ မ်ားျပားေနတယ္ဆုိေပမယ့္လည္း Asus ဟာ Gaming အတြက္ကို သိသိသာသာ စြမ္းေဆာင္ရည္တစ္ခုထဲတင္မဟုတ္ပဲ Display ၊ Features ေတြ ၊ 512GB Storage ၊ ဒါ့အျပင္ Accessories ေတြကိုပါ လံုးဝ အစြမ္းကုန္ကန္႔သတ္ခ်က္ေတြကို ဖယ္ရွားခဲ့ျပီးေတာ့ လက္ရွိမွာ အေကာင္းဆံုး Gaming Phone ဆိုတာ ဘာလဲဆုိတာကို ျပသသြားခဲ့တာပါ။

Asus ROG Phone

အခု Asus ရဲ႕ ROG Phone ကို စမ္းသပ္ၾကည့္ျပီးတဲ့အခ်ိန္မွာ ကၽြန္ေတာ့္အေနနဲ႔ ေမးခြန္းတစ္ခုက ေခါင္းထဲမွာ က်န္ေနခဲ့ပါတယ္။

“Gaming Phone ေတြက အခုလုိမ်ိဳး သာမန္ Flagship ေတြနဲ႔ ယွဥ္ရင္ေတာင္ လံုးဝကြာျခားသြားတဲ့ စြမ္းေဆာင္ရည္ရွိေနျပီ… ဒါေပမယ့္ လက္ရွိ Mobile Games ေတြအတြက္ လံုးဝ Overkill ျဖစ္ေနတဲ့ Asus ROG Phone ရဲ႕ စြမ္းေဆာင္ရည္အထိ လုိအပ္တဲ့ Console အဆင့္ AAA Title Mobile Game ေတြရဲ႕ အနာဂတ္ကေရာ ဘယ္လုိျဖစ္လာမလဲ?”

Zawyè (Tech Associate Editor) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Asus ကနေ ပြီးခဲ့တဲ့တစ်နေ့က လက်ရှိ Gaming Smartphone ဈေးကွက်ကို ကိုင်လှုပ်သွားခဲ့တဲ့ Asus ROG (Republic of Gamers) Phone ကို အခု နည်းပညာပိုင်းကို စိတ်ဝင်စားတဲ့သူတွေအတော်များများသိရှိပြီးနေလောက်ပါပြီ။ ဒါပေမယ့် တကယ်ကို Asus ROG Phone က Gaming Phone တွေထဲမှာ အကောင်းဆုံးဖြစ်လာတာလား? ဈေးနှုန်းအရ မြင့်မားတယ်လို့ ပြောလို့ရမလား? အသုံးပြုရတာရော ဘယ်လိုအခြေအနေရှိမလဲ?

Asus ROG Phone

ဒီအတွက်ကို Asus ရဲ့ ဖိတ်ကြားမှုကြောင့် Computex ပွဲကို တက်ရောက်ဖြစ်ခဲ့တဲ့ Akhayar-Tech ကနေ ဒီ Asus ROG Phone ကို Hands-on Experience ရယူဖြစ်ခဲ့ပြီးတော့ ဘယ်လိုမျိုး ခံစားရသလဲဆိုတာကို ပြန်လည်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

Asus ROG Phone ကို ကြေညာတာကို စစခြင်းကြားလိုက်ရတဲ့အချိန် သူ့မှာ ပါဝင်တဲ့ Specifications တွေ၊ Features တွေနဲ့ တခြား Add-on Accessories တွေကိုလည်း မြင်လိုက်ရတဲ့အချိန်မှာ ဒီ Asus ROG Phone က ကျိန်းသေပေါက် လက်ရှိ စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်နိုင်စွမ်းတွေအားလုံးကို ရိုက်ချိုးပြီး Gaming Phone ဆိုတာ ဘာလဲ ဆိုပြီး ပြလိုက်သလိုပါပဲ။ စတိတ်စင်တစ်ခုလုံးကို လက်ခုပ်သံတွေနဲ့ ပြည့်သွားစေခဲ့တာပါ။

အဲ့ဒီနောက်ပိုင်းမှာ Akhayar-Tech အနေနဲ့ Asus ROG Gaming Phone ကို အနီးကပ်ကိုင်သွယ်စမ်းသပ်ခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာလည်း တကယ်ကို စွမ်းဆောင်ရည်အကြမ်းစား Gaming Phone တစ်ခုရဲ့ ခံစားမှုကို ရရှိခဲ့ပါတယ်။

Asus ROG Phone

အရင်ဆုံး Hand-on Experience ကို မပြောခင် Asus ROG ဖုန်းအကြောင်း သိပြီးဖြစ်တဲ့သူတွေရော၊ မသိသေးတဲ့သူတွေရောအတွက် Asus ROG Phone ရဲ့ Specifications တွေကို အနည်းငယ်အရင်ပြောပါမယ်။

Performance

Asus ROG Phone Game Center

စွမ်းဆောင်ရည်ပိုင်းကို အလေးပေးတဲ့ Gaming Phone တစ်ခုဖြစ်တဲ့အတွက် Asus ROG Phone က လက်ရှိမှာ အမြန်ဆုံးဖြစ်နေတဲ့ Qualcomm Snapdragon 845 Processor ကို အသုံးပြုထားပါတယ်။ ဒါပေမယ့် ထူးခြားတာက Processor ကို 2.96Ghz အထိ Overclocked ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် SD 845 ဖုန်းချင်းယှဉ်မယ်ဆိုရင်တောင် Asus ROG Phone က ပိုပြီး မြန်ဆန်နေမှာပါ။ ဒါကလည်း Qualcomm SD 845 သုံးထားတဲ့ဖုန်းတွေထဲမှာ ပထမဆုံးပါ။ RAM အနေနဲ့ 8GB DDR4 ပါမှာဖြစ်ပြီးတော့ Internal Storage ကို 128GB ဒါမှမဟုတ် 512GB ဆိုပြီး ထုတ်လုပ်မှာဖြစ်ပါတယ်။ Asus သာ ROG Phone ဖုန်းကို ဈေးကွက်အနှံ့မှာ ရောင်းချမယ်ဆိုရင် အခု ROG Phone က ပထမဆုံး 512GB Storage နဲ့ Mass Production ဖုန်းတစ်ခုဖြစ်လာဦးမှာပါ။

Display

Asus ROG Phone

Asus က ပြောသွားသလိုပဲ Gaming Phone တစ်လုံးမှာ Performance တင်မကပဲ Visual ပါ ကောင်းမွန်နေဖို့လိုအပ်ပါတယ်။ အရင်က Razer Phone မှာ 120Hz Refresh Rate ကိုအသုံးပြုလာတာကိုတွေ့ခဲ့ရပေမယ့် LCD Panel ဖြစ်နေတဲ့အတွက် AMOLED တွေလိုမျိုး ကောင်းမွန်တဲ့ Visually Appealing မဖြစ်ခဲ့ပါဘူး။ အခုအချိန်မှာတော့ Asus ကနေ ROG ဖုန်းမှာ AMOLED Panels တွေအပေါ်ယခင်က ယူဆထားတဲ့ အရာတွေကို အကုန်လုံးရိုက်ချိုးပစ်ခဲ့ပါတယ်။

ဘာကြောင့်လဲ? Asus ROG Phone ရဲ့ Display က လက်ရှိဈေးကွက်အတွင်းမှာ ရှိနေတဲ့ စမတ်ဖုန်းအများစုလိုပဲ 6″ Full HD+ 18:9 Display ပါ။ ဒါပေမယ့် AMOLED Panel ကို အသုံးပြုထားပြီးတော့ လက်ရှိ AMOLED Display သုံးထားတဲ့ ဘယ်ဖုန်းမှာမှ မရရှိနိုင်သေးတဲ့ 90Hz Refresh Rate ကို ရရှိနေအောင် ပြုလုပ်ပေးထားတာပါ။ ဒါတင်မဟုတ်သေးပဲ HDR Support ၊ 1ms Response Time တွေအပြင် Color Accuracy ကလည်း 108% DCI-P3 ရှိနေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိမှာ စွမ်းဆောင်ရည်အမြင့်ဆုံး AMOLED Display တစ်ခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။

Others

Asus ROG Phone

ကျန်တဲ့ Gaming အတွက်အရေးကြီးတဲ့ Features တွေအနေနဲ့ကတော့ 4000mAh Battery ကိုမှ ဖုန်းကို Heat မတက်အောင် အားသွင်းပေးနိုင်တဲ့ Asus HyperCharge နည်းပညာ၊ QC 4.0+ Support ၊ USB Power Delivery Fast Charging စတဲ့ နည်းပညာတွေ၊ Gigabit Download Speed အထိ Support ပေးတဲ့ Wi-Fi 802.11ad ၊ Dual Front Facing Stereo Speaker with Smart Amplifier ၊ DTS HeadphoneX 7.1 Virual Surround Sound Support ၊ Bluetooth 5.0 ၊ Fingerprint Scanner ၊ NFC နဲ့ Bluetooth 5.0 စတဲ့ နည်းပညာတွေ အပြည့်ကို ပါဝင်နေတာပါ။

Camera

Asus ROG Phone

Camera ကတော့ Asus ROG Phone ရဲ့ အဓိကအားသာချက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် Asus က 12MP + 8MP (120° Wide Angle) Dual Camera စနစ်ကို နောက်ကျောဘက်မှာတပ်ဆင်ထားပြီးတော့ အရှေ့ဘက် Selfie Camera ကတော့ 8MP တပ်ဆင်ထားပါတယ်။ Pre-production Model ဖြစ်နေသေးတဲ့အတွက် ကင်မရာပိုင်းကိုတော့ သေချာမပြောနိုင်သေးပေမယ့် Augmented Reality ကို Support လုပ်တဲ့ Camera စနစ်ဖြစ်တယ်ဆိုတာကတော့ သေချာပါတယ်။

Specifications ပိုင်းတွေကို ပြောပြီးသွားတဲ့အချိန်မှာ ဘယ်အရာတွေက Asus ROG Phone ကို အကောင်းဆုံး Gaming Phone ဖြစ်တယ်လို့ ပြောနိုင်တယ်ဆိုတဲ့ Hands-on Experience ကို မျှဝေသွားပါမယ်။

Asus ROG Phone

အရင်ဆုံး စစခြင်း ROG Phone ကို ကိုင်ကြည့်လိုက်တဲ့အချိန်မှာ ဒီဖုန်းက Premium Flagship ဖုန်းဖြစ်ပြီးတော့ Gaming အတွက် ရည်ရွယ်တယ်ဆိုတာက သိသာနေပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက်မှာ ရှိတဲ့ ROG Logo ၊ ဒီဇိုင်းနဲ့ လိုက်ဖက်အောင် ဘယ်မှာမှ မတွေ့ရသေးတဲ့ Fingerprint ပုံစံနဲ့ ကင်မရာ ဒီဇိုင်းတွေက ROG Gamers တွေတင်မဟုတ်ပဲ Gaming Phone တွေကို စိတ်မဝင်စားတဲ့သူတွေကိုတောင် စွဲဆောင်နိုင်ပါတယ်။

ဒီဇိုင်းအပြင် Asus ROG Phone ကို အကောင်းဆုံး Gaming Phone လို့ပြောလို့ရသွားတဲ့ အချက် ၃ ချက်ရှိပါတယ်။

Asus ROG Phone TwinView Dock

အရင် ပထမဆုံးတစ်ခုကတော့ သေးငယ်တယ်ဆိုပေမယ့် စမ်းသပ်အသုံးပြုကြည့်ပြီးတဲ့အချိန်မှာ တကယ်ကို ကွဲပြားသွားစေတဲ့အချက်တွေပါ။ အဲ့ဒါက Ultrasonic AirTriggers နဲ့ Advanced force-feedback haptics စနစ်တွေပဲဖြစ်ပါတယ်။ Ultrasonic AirTriggers ဆိုတာက ဖုန်းကို Controller သီးသန့်တပ်စရာမလိုပဲ Controller တစ်ခုနဲ့ ဆော့ကစားနေရသလို ဖုန်းရဲ့ ထောင့်တွေကို ထိပြီး ခလုတ်အနေနဲ့ ထားနိုင်တဲ့ Function ပါ။ Advanced force-feedback Haptics Engine ကလည်း Vibration ကို ဂိမ်းထဲမှာ Immersive ဖြစ်သွားအောင် ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။

Asus ROG Phone TwinView Dock with AeroActive Cooler

ဒုတိယတစ်ခုကတော့ ပိုပြီး လက်တွေ့ကျပါတယ်။ ဖုန်းကို ဂိမ်းအကြာကြီးဆော့နေလို့ ဖုန်းပူလာပြီး ဆက်မဆော့နိုင်တော့ပဲ ဖုန်းကို ချထားလိုက်ရတာ၊ ဒါမှမဟုတ် Air-con အောက်၊ ပန်ကာရှေ့မှာ သွားပြီးဆော့ဖူးကြမှာပါ။ အဲ့ဒီအတွက် Asus က ROG Phone မှာ GameCool Vapor-chamber Cooling System ကို အသုံးပြုထားတယ်။ ဒါတင်မကသေးပဲ AeroActive Cooler ကိုလည်း ထည့်သွင်းပေးထားပါတယ်။

အခု AeroActive Cooler က ဘာလုပ်ပေးမလဲဆိုရင် ROG Phone ရဲ့ ဘေးဘက်မှာပါဝင်တဲ့ Side Port ကနေ ချိတ်လိုက်ပြီးတော့ Cooler မှာပါတဲ့ Fans က ဖုန်းရဲ့ Heat တက်တာတွေကို ဖယ်ရှားပေးသွားမှာဖြစ်ပါတယ်၊ Fan Speed ကိုလည်း ဖုန်းကနေပဲ ထိန်းချူပ်နိုင်ဦးမှာပါ။ ဒါက Laptop တွေမှာ Cooling Fan ခံသလိုပဲ ရိုးရှင်းပြီးတော့ အလွန်နည်းလမ်းကျတဲ့ Heat ဖြေရှင်းနည်းပါ။ ဒါတင်မကသေးပဲ AeroActive Cooler ကို တပ်လိုက်ပြီဆိုတာရင် ဖုန်းရဲ့ ဘေးဘက်အလယ်ကနေ အားသွင်းနိုင်တဲ့ USB Type C Port နဲ့ 3.5mm Audio Port တွေပါ အပိုရရှိဦးမှာပါ။ အဲ့ဒီအတွက် ဂိမ်းဆော့နေရင် သီချင်းနားထောင်တာ၊ ဖုန်းအားသွင်းနေရင်လည်း လက်က အောက်မှာ ရူပ်နေတော့မှာမဟုတ်ပါဘူး။

နောက်ဆုံးတစ်ခုကတော့ Accessories တွေပါ။ Asus က ROG Phone နဲ့ တွဲသုံးနိုင်တဲ့ Accessories တွေကိုပါ တပါတည်းမိတ်ဆက်သွားခဲ့ပြီး ဒီအတိုင်း သာမန် Joystick တွေတင်မဟုတ်ပဲ တော်တော်လေးကို အလားအလာရှိတဲ့ Accessories တွေပါ ထုတ်လုပ်လာတာဖြစ်ပါတယ်။

Mobile Desktop Dock

အခု Accessories တွေကတော့ TwinView Dock ၊ Mobile Desktop Dock နဲ့ Gamevice Controller with WiGig Dock တွေပဲဖြစ်ပါတယ်။

TwinView Dock

အခု Accessories တွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ TwinView Dock ပဲဖြစ်ပြီး အဲ့ဒါက ROG Phone ကို တူညီတဲ့ နောက်ထပ် 6″ 90Hz Refresh Rate AMOLED Panel တစ်ခုကို ထပ်ပြီး တပ်ဆင်ပေးလိုက်သလိုပါပဲ။ အဲ့ဒီအတွက် Screen တစ်ခုမှာ ဂိမ်းဆော့နေရင်း တစ်ခုမှာ စာရိုက်နေတာ ဒါမှမဟုတ် ဂိမ်းတစ်ခုထဲကိုပဲ အောက်ဖက်က Display မှာဆော့နေပြီး အပေါ်က Display မှာ Map ဖွင့်ထားတာ စတဲ့ Cheat လုပ်တယ်လို့တောင်ပြောနိုင်တဲ့ Features တွေကို သုံးနိုင်မှာပါ။

WiGig Dock

Mobile Desktop Dock ကတော့ Samsung Dex လိုမျိုး Desktop အနေနဲ့ ပြောင်းလဲပေးတာဖြစ်ပြီးတော့ Gamevice Controller တစ်ခုနဲ့ WiGig Dock ကတော့ ကိုယ့်ဖုန်းမှာ ဆော့ကစားနေတာကို Wi-Fi ကနေ Streaming ပြုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။

Asus ဟာ အခု ROG Phone ကို ရောင်းချမယ့်အချိန်ကို အတိအကျပြောကြားထားခြင်းမရှိသေးပေမယ့် ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၁၃ သိန်း) ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါက ဖုန်းတစ်ခုထဲအတွက်ဆိုရင်တော့ လက်ရှိ Flagship ဖုန်းတွေထက်တောင် များပြားနေတယ်ဆိုပေမယ့်လည်း Asus ဟာ Gaming အတွက်ကို သိသိသာသာ စွမ်းဆောင်ရည်တစ်ခုထဲတင်မဟုတ်ပဲ Display ၊ Features တွေ ၊ 512GB Storage ၊ ဒါ့အပြင် Accessories တွေကိုပါ လုံးဝ အစွမ်းကုန်ကန့်သတ်ချက်တွေကို ဖယ်ရှားခဲ့ပြီးတော့ လက်ရှိမှာ အကောင်းဆုံး Gaming Phone ဆိုတာ ဘာလဲဆိုတာကို ပြသသွားခဲ့တာပါ။

Asus ROG Phone

အခု Asus ရဲ့ ROG Phone ကို စမ်းသပ်ကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ မေးခွန်းတစ်ခုက ခေါင်းထဲမှာ ကျန်နေခဲ့ပါတယ်။

“Gaming Phone တွေက အခုလိုမျိုး သာမန် Flagship တွေနဲ့ ယှဉ်ရင်တောင် လုံးဝကွာခြားသွားတဲ့ စွမ်းဆောင်ရည်ရှိနေပြီ… ဒါပေမယ့် လက်ရှိ Mobile Games တွေအတွက် လုံးဝ Overkill ဖြစ်နေတဲ့ Asus ROG Phone ရဲ့ စွမ်းဆောင်ရည်အထိ လိုအပ်တဲ့ Console အဆင့် AAA Title Mobile Game တွေရဲ့ အနာဂတ်ကရော ဘယ်လိုဖြစ်လာမလဲ?”

Zawyè (Tech Associate Editor) 

www.akhayar.com