ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မိတ်ဆက်ပေးခဲ့တဲ့ ASUS ROG Phone II ဟာ လက်ရှိမှာ အကောင်းဆုံး Gaming Phone တလုံးလို့ ပြောနိုင်ပါတယ်။

120Hz OLED HDR Display၊ Snapdragon 855 Plus၊ 12GB RAM၊ 512GB Storage စသဖြင့် Specs နဲ့တင် ကြွေသွားလောက်တဲ့ ဖုန်းတလုံးပါ။ 3D Vapor Chamber Cooling၊ AirTrigger II စတဲ့ အမိုက်စားစနစ်တွေပါဝင်သလို၊ Peripherals တွေလည်း တော်တော်စုံတဲ့ Gaming Phone တလုံး ဖြစ်ပါတယ်။

Photo: Internet

ယနေ့မှာတော့ ASUS က ROG Phone II ကိုမှ ထပ်ပြီး Upgrade လုပ်ထားတဲ့ “ROG Phone II Ultimate Edition” မော်ဒယ်ကို ထပ်မံ မိတ်ဆက်ပေးလိုက်ပါတယ်။ IFA 2019 ပွဲမှာ ROG Phone II ကို ကမ္ဘာ့စျေးကွက်အတွက် ကြေညာရင်း Ultimate Edition ကို တခါတည်း မိတ်ဆက်သွားတာ ဖြစ်ပါတယ်။

Photo: ASUS

ROG Phone II Ultimate Edition မှာ အဓိက Upgrade လုပ်ပေးထားတာကတော့ Storage ပါ။ Built-in Storage ကို တခါတည်း 1TB အထိ ထည့်ပေးလိုက်ပါတယ်။ မြန်ဆန်တဲ့ USF 3.0 Storage ကိုပဲ သုံးပေးထားတာပါ။ Samsung Galaxy S10+ တို့မှာလည်း 1TB Storage ဆိုပေမယ့် UFS 2.1 Storage ကို သုံးထားတာပါ။ ဒါကြောင့် ROG Phone II UE ဟာ 1TB UFS 3.0 Storage ပါတဲ့ ပထမဆုံးဖုန်းလို့ ခေါ်နိုင်မယ်ထင်ပါတယ်။ Data Transfer Rate ကတော့ မြန်ထွက်နေမှာပါ။

ပြီးတော့ ROG Phone II UE မှာ Network Speed လည်း ပိုမြန်လာမှာ ဖြစ်ပါတယ်။ 20Gbps အထိ Download Speeed ရှိတဲ့ CAT 20 4G/LTE Support ပါဝင်လာပါတယ်။ Ultimate Edition အတွက် သီးသန့် Matte Black ကာလာတမျိုး ထုတ်ပေးသွားမှာပါ။

ကျန်အချက်အလက်တွေကတော့ ရိုးရိုး ROG Phone II နဲ့ Ultimate Edition က သိပ်မကွာပါဘူး။ 120Hz 6.59-inch 1080p HDR OLED Display၊ Snapdragon 855+၊ Adreno 640 GPU၊ 12GB LPDDR4X RAM, 6,000mAh ဘက်ထရီ အတူတူပါပဲ။ Snapdragon 855+ က ရိုးရိုး Snapdragon 855 ထက် Clockspeed ပိုမြန်သလို GPU Performance လည်း ပိုကောင်းပါတယ်။ ROG Phone II အကြောင်း ယခု Article မှာ အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ်။

Body Image

Photo: ASUS

စျေးနှုန်းအနေနဲ့ ရိုးရိုး ROG Phone II က ၈၉၉ ယူရို ရှိပါတယ်။ 1TB UFS 3.0 Storage ပါတဲ့ ASUS ROG Phone II Ultimate Edition ကိုမှ လိုချင်တယ်ဆိုရင်တော့ ၁,၁၉၉ ယူရိုလောက် ပေးရမှာပါ။

Photo: AnandTech

ROG Phone II ကို ဒီလကုန် စတင်ဝယ်ယူနိုင်မှာ ဖြစ်ပြီး Ultimate Edition ကိုတော့ လာမယ့် အောက်တိုဘာမှ ရောင်းပေးသွားမှာ ဖြစ်ပါတယ်။

Ref: The Verge, GSM Arena, ASUS