Asus ဟာ Google ရဲ႕ Tango augmented reality နည္းပညာနဲ႔ Daydream VR ပလက္ေဖာင္း ႏွစ္မ်ိဳးလုံုးပါဝင္ေအာင္ ထုတ္လုပ္ထားတဲ့ ေဒၚလာ ၆၅၀တန္ ဖုန္းသစ္ ZenFone AR ကုိ ထုတ္လုပ္ခဲ့ပါတယ္။ Asus အေနနဲ႔ AR ပါဝင္တဲ့ ဟန္းဆက္အတြက္ ထုတ္လုပ္မယ့္ ရက္အေသးစိတ္ကုိေတာ့ ေျပာဖုိ႔ ႏႈတ္ဆိတ္ေနပါေသးတယ္။ ဒါေပမယ့္ ဒီေန႔မွာ ေတာ့ ပစၥည္းကုိ မၾကာခင္ ထုတ္လုပ္ဖုိ႔ ရွိၿပီး 128GB option နဲ႔ သာ ထုတ္လုပ္သြားမွာ ျဖစ္ေၾကာင္း သိရပါတယ္။

ဇန္နဝါရီ CES မွာ ပထမဆံုး ထုတ္ေဖာ္ခဲ့တဲ့ ZenFone AR ဟာ Lenovo Phab 2 Pro ၿပီးရင္ Tango နည္းပညာပါဝင္တဲ့ ဒုတိယေျမာက္ ပစၥည္းျဖစ္ပါတယ္။ ရလဒ္အေနနဲ႔ ဖုန္းဟာ ကင္မရာဆင္ဆာေတြကေန ပစၥည္းေတြကုိ ေထာက္လွမ္းၿပီး ဒစ္ဂ်စ္တယ္ Object ေတြကုိ ထည့္သြင္းႏုိင္မွာပါ။

အဲ့ဒီအျပင္ Daydream ကုိလည္း ေထာက္ပံ့ထားတာေၾကာင့္ ဖုန္းဟာ VR headset အေနနဲ႔လည္း Support ေပးမွာ ျဖစ္ပါတယ္။

တျခားအခ်က္ေတြအေနနဲ႔ ZenFone AR ဟာ အဆင့္ရွိတဲ့ medium ဖုန္းတစ္လံုးျဖစ္ေအာင္ Specs ေတြကုိ ေထာက္ပံ့ေပးခဲ့ပါတယ္။ အက်ယ္ ၅.၅လက္မအရြယ္ AMOLED မ်က္ႏွာျပင္၊ Snapdragon 821 processor, 6GB RAM, 3300 mAh ဘက္ထရီေတြ ပါဝင္မွာပါ။ ပစၥည္းဟာ ကင္မရာေတြကုိ အသားေပးထားတဲ့ ဖုန္းတစ္လံုးအေနနဲ႔ ျမင္ရမွာျဖစ္ၿပီး Tango အတြက္ ေက်ာဘက္ကင္မရာကုိ 23MP အထိ ရွိမွာျဖစ္ပါတယ္။

Joker (Akahyar)

Ref: The Verge

 

[Unicode]

Asus က AR နည်းပညာ ပါဝင်တဲ့ ဒေါ်လာ ၆၅၀တန် ZenFone AR ကိုထုတ်လုပ်

Asus ဟာ Google ရဲ့ Tango augmented reality နည်းပညာနဲ့ Daydream VR ပလက်ဖောင်း နှစ်မျိုးလုံးပါဝင်အောင် ထုတ်လုပ်ထားတဲ့ ဒေါ်လာ ၆၅၀တန် ဖုန်းသစ် ZenFone AR ကို ထုတ်လုပ်ခဲ့ပါတယ်။ Asus အနေနဲ့ AR ပါဝင်တဲ့ ဟန်းဆက်အတွက် ထုတ်လုပ်မယ့် ရက်အသေးစိတ်ကိုတော့ ပြောဖို့ နှုတ်ဆိတ်နေပါသေးတယ်။ ဒါပေမယ့် ဒီနေ့မှာ တော့ ပစ္စည်းကို မကြာခင် ထုတ်လုပ်ဖို့ ရှိပြီး 128GB option နဲ့ သာ ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဇန်နဝါရီ CES မှာ ပထမဆုံး ထုတ်ဖော်ခဲ့တဲ့ ZenFone AR ဟာ Lenovo Phab 2 Pro ပြီးရင် Tango နည်းပညာပါဝင်တဲ့ ဒုတိယမြောက် ပစ္စည်းဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ဖုန်းဟာ ကင်မရာဆင်ဆာတွေကနေ ပစ္စည်းတွေကို ထောက်လှမ်းပြီး ဒစ်ဂျစ်တယ် Object တွေကို ထည့်သွင်းနိုင်မှာပါ။

အဲ့ဒီအပြင် Daydream ကိုလည်း ထောက်ပံ့ထားတာကြောင့် ဖုန်းဟာ VR headset အနေနဲ့လည်း Support ပေးမှာ ဖြစ်ပါတယ်။

တခြားအချက်တွေအနေနဲ့ ZenFone AR ဟာ အဆင့်ရှိတဲ့ medium ဖုန်းတစ်လုံးဖြစ်အောင် Specs တွေကို ထောက်ပံ့ပေးခဲ့ပါတယ်။ အကျယ် ၅.၅လက်မအရွယ် AMOLED မျက်နှာပြင်၊ Snapdragon 821 processor, 6GB RAM, 3300 mAh ဘက်ထရီတွေ ပါဝင်မှာပါ။ ပစ္စည်းဟာ ကင်မရာတွေကို အသားပေးထားတဲ့ ဖုန်းတစ်လုံးအနေနဲ့ မြင်ရမှာဖြစ်ပြီး Tango အတွက် ကျောဘက်ကင်မရာကို 23MP အထိ ရှိမှာဖြစ်ပါတယ်။

Ref: The Verge