[Zawgyi]
Asus ZenFone 5 ၊ ZenFone 5z
-Display
-AI
-Specs
-Speakers 
-Camera 
Ref: Asus
Min Than Htike (Akhayar)
www.akhayar.com
[Unicode]
အားလုံးမေ ျှာ်လင့်ထားတဲ့အတိုင်းပဲ Asus ကတော့ သူတို့ရဲ့ Midrange ဖြစ်တဲ့ ZenFone 5 အသစ်နှင့် Flagship ZenFone 5z ကိုမိတ်ဆက်ပေးလိုက်ပါပြီ။ 2018 ရဲ့အဓိကလမ်းကြောင်းဖြစ်နေတဲ့ Notch ပါတဲ့ Display နဲ့ AI ကိုပဲအဓိကထားပြောသွားခဲ့ပါတယ်။ ZenFone တွေကို မြင်နေကျ Asus Phone တွေအတိုင်း Design ဆွဲထားတာဖြစ်ပေမယ့် အနည်းငယ်ကွဲပြားပါတယ်။
-Display
ZenFone 5 2018 ရဲ့ Display ကတော့ သိသာထင်ရှားတဲ့ပြောင်းလဲမှုဖြစ်နေတာအားလုံးတွေ့ကြမှာပါ။ 6.2 Inch 18:9 Ratio ဆန်ဆန်လုပ်ထားပေမယ့် ပိုရှည်ပါတယ်။ 18:9 ထက်ပိုရှည်ထားရတာကလည်း အပေါ်ပိုင်းမှာ Notch က Display ထဲကိုဖြတ်ထည့်ထားတာကြောင့်ဖြစ်ပါတယ်။ သာမန် 18:9 Display တွေထက်ပိုရှည်ပေးထားတာက 18:9 Ratio Video တွေကြည့်တဲ့အခါ အပေါ်က Notch က Video အတွက်အနှောက်အယှက်မဖြစ်တော့ပါဘူး။ Display Design လုပ်ထားတာတော်တော်သပ်ရပ်ပါတယ်။ Midrange Device တွေထဲမှာ အသပ်ရပ်ဆုံးလို့ပြောလို့ရပါတယ်။ ZenFone 5 နှင့် ZenFone 5z မှာသုံးထားတာကတော့ IPS LCD Display ဖြစ်ပြီး 2160×1080 Resolution ရှိပါတယ်။
-AI
Asus အနေနဲ့ AI ပိုင်းအတွက် ချည်းကပ်ပုံက အခြားဖုန်းတွေနဲ့မတူပါဘူး။ ဖုန်းတစ်လုံးကိုသင်အသုံးပြုနေသမ ျှ ဖုန်းကသင့်အကြောင်းကိုလေ့လာနေတာထက် ဖုန်းကသင်အသုံးပြုပုံကိုပဲပိုလေ့လာပေးမှာမျိုးပါ။ ဥပမာ-ညမှာဖုန်းကိုသင်အားသွင်းတဲ့အကျင့်ရှိတယ်ဆိုရင် ဖုန်းကအားသွင်းတာကို Battery 80% အထိပဲလုပ်ပေးမှာဖြစ်ပြီး မနက်ပိုင်းသင်အိပ်ယာထချိန်နီးမှ ကျန်တဲ့ 20% ကိုဆက်သွင်းပေးမှာဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေအတွက်ပါ ဖုန်းရဲ့ AI ကပဲထိန်းချုတ်ပေးသွားမှာဖြစ်ပြီး ဖုန်းအသုံးပြုမှုမှာသိသာတဲ့ပြောင်းလဲမှုတွေကိုမြင်ရနိုင်ပေမယ့် ကြာလာရင် သင်သတိထားမိတော့မှာမဟုတ်ပဲ ပုံမှန်ဖုန်းတစ်လုံးလိုသာခံစားရမှာပါ။
-Specs
ZenFone 5 မှာတော့ Qualcomm Snapdragon 636 နှင့်အတူ 4GB သို့မဟုတ် 6GB RAM 64GB Storage နဲ့တွေ့ရမှာဖြစ်ပါတယ်။ ZenFone 5z ကိုတော့ Qualcomm Snapdragon 845 4/6/8GB RAM နှင့်အတူ 64/128/256GB Storage တွေနဲ့တွေ့ရမှာဖြစ်ပါတယ်။ SD Card Support အနေနဲ့တော့ 400GB အထိထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
-Speakers 
Phone တွေအားလုံး 3.5mm Headphone Port တွေမထည့်ပေးတော့တဲ့နောက်ပိုင်း Speaker တွေကိုလည်းပိုကောင်းအောင်လုပ်ပေးလာပါတယ်။ ZenFone အသစ်တွေမှာတော့ 3.5mm Port ကိုမဖြုတ်သေးပါဘူး။ ဒါပေမယ့် Speaker တွေကိုလည်း Asus ကပစ်မထားပါဘူး။ Speaker တွေကတော့ Dual Speaker တွေဖြစ်လာပြီးအရင်က Asus Speaker တွေထက်အများကြီးပိုကောင်းလာပါတယ်။ Bluetooth အတွက်လည်း AptX နဲ့ LDAC Support လုပ်ပေးဦးမှာပါ။
-Camera 
Dual 12MP Camera တွေတပ်ဆင်ပေးထားပါတယ်။ Phase Detection ၊ Autofocus ၊ EIS စတာတွေပါဝင်ပြီး Dual Tone LED လည်းတပ်ဆင်ပေးထားပါတယ်။ Dual Camera တွေအတွက်တော့ AI ကိုသုံးပေးထားပါတယ်။ AI ကသင်ရိုက်မယ့် မြင်ကွင်းအနေအထားနဲ့ အရာဝတ္ထုတွေကိုနားလည်မှာဖြစ်ပြီး လိုအပ်သလိုချိန်ညှိမှုတွေလုပ်ပေးသွားမှာဖြစ်ပါတယ်။ Portrait အတွက်ပါ AI ကအလုပ်လုပ်ပေးဦးမှာဖြစ်တာကြောင့် ပိုကောင်းတဲ့ Portrait တွေကိုသင်ရိုက်နိုလာမှာပါ။ ZeniMoji ဆိုတာလေးလည်းပါလာမှာပါ။ ZeniMoji ဆိုတာကတော့ သင့်မျက်နှာအမူမရာနဲ့ သင့်အသံကိုအသုံးပြုပြီး Animated Emoji လေးတွေဖန်တီးပြီး သူငယ်ချင်းတွေဆီပို့နိုင်မှာပဲဖြစ်ပါတယ်။
Asus ကတော့ ရောင်းချမယ့်ရက်ကိုတော့ အတိအကျမပြောသွားပေမယ့် ZenFone 5 ကို April မှာရောင်းချမှာဖြစ်ပြီး ZenFone 5z ကိုတော့ June မှာရောင်းချသွားမယ်လို့သိရပါတယ်။ သင်ရော ZenFone အသစ်တွေကိုသင်ရော သဘောကျရဲ့လား။
Ref: Asus
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။