ASUS ရဲ့ High End Gaming Laptop Series ဖြစ်တဲ့ Republic of Gamers (ROG) Gaming Laptop တွေက များသောအားဖြင့် Gamer တွေအတွက် အဓိကရည်ရွယ်ထားတဲ့အတွက် Black Color နဲ့ပဲ အဓိကထုတ်ထားတာများပါတယ်။

ROG Gracier Blue

ဒါပေမယ့်အခုအချိန်မှာတော့ ASUS ကနေ သူ့ရဲ့ လက်ရှိ ROG Gaming Laptop တွေကို ပုံမှန် Black Color အစား လုံးဝ Gaming Laptop တစ်ခုလို့ မြင်ရမှာမဟုတ်တဲ့ Gracier Blue အရောင်အသစ်ကို ယခု Computex 2019 Event မှာ မိတ်ဆက်ပေးခဲ့ပါတယ်။

ROG Gracier Blue

ဒီ ASUS ကနေ မိတ်ဆက်လိုက်တဲ့ Gracier Blue အရောင်အသစ်က အပြာရောင်နဲ့ ငွေရောင် ၂ ခုကို တွဲဖက်ထားသလိုမျိုးဖြစ်ပြီး Akhayar-Tech အနေနဲ့ Computex 2019 Event မှာ စမ်းသပ်ကြည့်တဲ့အချိန်မှာလည်း တော်တော်လေးကို လှနေတာကိုတွေ့ရပါတယ်။

ROG Gracier Blue

ဘာပဲဖြစ်ဖြစ် Gaming Laptop တွေဟာ လက်ရှိအချိန်မှာ Performance အကောင်းဆုံးသော Laptop တွေဖြစ်နေတဲ့အတွက် ဒီလိုမျိုး ASUS အနေနဲ့ Gracier Blue အရောင်အသစ်ကို မိတ်ဆက်လာတာက စွမ်းဆောင်ရည်ကောင်းတဲ့ Laptop တစ်ခုကိုလည်း ရှာနေတယ်၊ Gaming Laptop တစ်ခုလိုမျိုးလည်း လူအများအမြင်မှာ မမြင်စေချင်ဘူးဆိုရင် ဒီအရောင်အသစ်က သဘောကျစရာပါ။

ROG Gracier Blue

ASUS အနေနဲ့ ဒီ Gracier Blue အရောင်အသစ်ကို ASUS Zephrus S GX502 ၊ Zephrus M GU502 ၊ Strix G G531 နဲ့ G731 Laptop တွေမှာ ယခု နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမှာဖြစ်ပြီးတော့ ပုံမှန် အနက်ရောင်နဲ့ ROG Gaming Laptop အသစ်တွေကိုတော့ လာမယ့် ဂျူလိုင်လအကုန်မှာ မြန်မာနိုင်ငံဈေးကွက်ထဲမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။