အာကာသထဲမွာ ခ်က္ခ်င္းၾကီးအရပ္ရွည္လာလို႔ စိတ္ပူေနတဲ့ ဂ်ပန္လူမ်ိဳးအာကာသယာဥ္မွဴး

[Zawgyi]

အာကာသထဲမွာ ခ်က္ခ်င္းၾကီးအရပ္ရွည္လာလို႔ စိတ္ပူေနတဲ့ ဂ်ပန္လူမ်ိဳးအာကာသယာဥ္မွဴး

ဂ်ပန္လူမ်ိဳးအာကာသယာဥ္မႈးတစ္ေယာက္ျဖစ္တဲ့ Norishige Kanai ဟာ ႏုိင္ငံတကာ အာကာသစခန္း (International Space Station (ISS)) ကို ေရာက္ရွိျပီးတည္းက ၃ ပတ္ေက်ာ္အၾကာမွာ သူ႔အရပ္ဟာ ၉ စင္တီမီတာ (၃.၅ လက္မ) ေလာက္ရွည္လာတယ္လို႔ သိရွိခဲ့ရျပီး ဒီအေၾကာင္းကိုလည္း သူဟာ Twitter မွာ ဂ်ပန္ဘာသာနဲ႔ Tweet ခဲ့ပါတယ္။

HUAWEI Nova 2i
HUAWEI Nova 2i

 HUAWEI Nova 2i အေၾကာင္း အေသးစိတ္သိရွိရန္

“အာကာသထဲ ေရာက္ျပီး ခႏၶာကိုယ္အတုိင္းအတာေတြ တုိင္းၾကည့္တာ ၉ စင္တီမီတာေလာက္ အရပ္ျမင့္လာတယ္ဗ်ာ၊ အံ့ၾသစရာပါပဲ။ အပင္ေတြ တျဖည္းျဖည္းၾကီးထြားလာသလိုမ်ိဳးေပါ့။ အထက္တန္းေက်ာင္းျပီးတည္းက ဒီလို ရုတ္ခ်ည္း အရပ္ရွည္လာတာမ်ိဳး မရွိေတာ့ပါဘူး။ ခုဆို အိမ္ျပန္တဲ့အခါ အာကာသယာဥ္ Soyuz က ခံုေတြနဲ႔ ဆန္႔ပါမလားလို႔ေတာင္ စိတ္ပူလာမိပါတယ္” လို႔ Tweet ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူဟာ အရပ္ ၉ စင္တီမီတာရွည္လာတာမဟုတ္ဘဲ ကမာၻေျမမွာ ရွိစဥ္ကထက္ ၂ စင္တီမီတာ (၀.၇ လက္မ) ေလာက္ပဲ ရွည္လာတာျဖစ္ျပီး သူရဲ့ မွားယြင္းတုိင္းတာမႈသာ ျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။ Twitter မွာ ဒီလို သတင္းအမွားေတြကို တင္မိတဲ့အတြက္လည္း ေတာင္းပန္ပါတယ္လို႔ ဆိုလိုက္ပါတယ္။

ဒါေပမယ့္ ဘယ္ႏွစ္စင္တီမီတာပဲ ျဖစ္ျဖစ္ လူေတြက အရပ္ရွည္ရျခင္းအေၾကာင္းကိုပဲ စိတ္ဝင္စားေနၾကပါတယ္။ ဒီလို ဘာေၾကာင့္ျဖစ္ရလဲဆိုေတာ့ အာကာသထဲမွာ ကမာၻေျမဆြဲငင္အားကင္းမဲ့တာေၾကာင့္ ေက်ာရုိးမွာ ရွိတဲ့ ေက်ာရုိးဆစ္ေတြကို လြတ္လြတ္လပ္လပ္က်ယ္ျပန္႔ေစလို႔ပါပဲ။

“ခုလို တုိင္းတာမွားတာ သိတဲ့ေနာက္မွာေတာ့ စိတ္သက္သာရာရသြားပါျပီ။ အိမ္ျပန္ရင္ အာကာသယာဥ္နဲ႔ ဆန္႔ျပီေလ”  လို႔ Norishige Kanai က ေျပာခဲ့တာပါ။

ဆုိယုဇ္(Soyuz) အာကာသယာဥ္ဟာ သတ္မွတ္ထားတဲ့ ခံုအျမင့္ရွိျပီး အရပ္အရမ္းရွည္တဲ့သူအတြက္ဆိုရင္ေတာ့ ျပႆနာရွိႏုိင္ပါတယ္။  အာကာသယာဥ္မႈးေတြာ အာကာသထဲမွာ ခုလို အရပ္ရွည္ၾကီးထြားလာႏုိင္ျပီး ကမာၻေျမေပၚျပန္ေရာက္တဲ့အခါက်ရင္ေတာ့ ပံုမွန္ျပန္ျဖစ္သြားတတ္ပါတယ္။ Norishige Kanai အတြက္ေတာ့ ဒီMission ဟာ ပထမဆံုးအာကာသ Mission မို႔လို႔ ဒီကိစၥကို အထူးအဆန္းျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။

ရိုးလူ (အခရာ)

www.akhayar.com

Ref : BBC
[Unicode]

အာကာသထဲမှာ ချက်ချင်းကြီးအရပ်ရှည်လာလို့ စိတ်ပူနေတဲ့ ဂျပန်လူမျိုးအာကာသယာဉ်မှူး

ဂျပန်လူမျိုးအာကာသယာဉ်မှုးတစ်ယောက်ဖြစ်တဲ့ Norishige Kanai ဟာ နိုင်ငံတကာ အာကာသစခန်း (International Space Station (ISS)) ကို ရောက်ရှိပြီးတည်းက ၃ ပတ်ကျော်အကြာမှာ သူ့အရပ်ဟာ ၉ စင်တီမီတာ (၃.၅ လက်မ) လောက်ရှည်လာတယ်လို့ သိရှိခဲ့ရပြီး ဒီအကြောင်းကိုလည်း သူဟာ Twitter မှာ ဂျပန်ဘာသာနဲ့ Tweet ခဲ့ပါတယ်။

HUAWEI Nova 2i
HUAWEI Nova 2i

 HUAWEI Nova 2i အကြောင်း အသေးစိတ်သိရှိရန်

“အာကာသထဲ ရောက်ပြီး ခန္ဓာကိုယ်အတိုင်းအတာတွေ တိုင်းကြည့်တာ ၉ စင်တီမီတာလောက် အရပ်မြင့်လာတယ်ဗျာ၊ အံ့သြစရာပါပဲ။ အပင်တွေ တဖြည်းဖြည်းကြီးထွားလာသလိုမျိုးပေါ့။ အထက်တန်းကျောင်းပြီးတည်းက ဒီလို ရုတ်ချည်း အရပ်ရှည်လာတာမျိုး မရှိတော့ပါဘူး။ ခုဆို အိမ်ပြန်တဲ့အခါ အာကာသယာဉ် Soyuz က ခုံတွေနဲ့ ဆန့်ပါမလားလို့တောင် စိတ်ပူလာမိပါတယ်” လို့ Tweet ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ သူဟာ အရပ် ၉ စင်တီမီတာရှည်လာတာမဟုတ်ဘဲ ကမ္ဘာမြေမှာ ရှိစဉ်ကထက် ၂ စင်တီမီတာ (ဝ.၇ လက်မ) လောက်ပဲ ရှည်လာတာဖြစ်ပြီး သူရဲ့ မှားယွင်းတိုင်းတာမှုသာ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ Twitter မှာ ဒီလို သတင်းအမှားတွေကို တင်မိတဲ့အတွက်လည်း တောင်းပန်ပါတယ်လို့ ဆိုလိုက်ပါတယ်။

ဒါပေမယ့် ဘယ်နှစ်စင်တီမီတာပဲ ဖြစ်ဖြစ် လူတွေက အရပ်ရှည်ရခြင်းအကြောင်းကိုပဲ စိတ်ဝင်စားနေကြပါတယ်။ ဒီလို ဘာကြောင့်ဖြစ်ရလဲဆိုတော့ အာကာသထဲမှာ ကမ္ဘာမြေဆွဲငင်အားကင်းမဲ့တာကြောင့် ကျောရိုးမှာ ရှိတဲ့ ကျောရိုးဆစ်တွေကို လွတ်လွတ်လပ်လပ်ကျယ်ပြန့်စေလို့ပါပဲ။

“ခုလို တိုင်းတာမှားတာ သိတဲ့နောက်မှာတော့ စိတ်သက်သာရာရသွားပါပြီ။ အိမ်ပြန်ရင် အာကာသယာဉ်နဲ့ ဆန့်ပြီလေ”  လို့ Norishige Kanai က ပြောခဲ့တာပါ။

ဆိုယုဇ်(Soyuz) အာကာသယာဉ်ဟာ သတ်မှတ်ထားတဲ့ ခုံအမြင့်ရှိပြီး အရပ်အရမ်းရှည်တဲ့သူအတွက်ဆိုရင်တော့ ပြဿနာရှိနိုင်ပါတယ်။  အာကာသယာဉ်မှုးတွော အာကာသထဲမှာ ခုလို အရပ်ရှည်ကြီးထွားလာနိုင်ပြီး ကမ္ဘာမြေပေါ်ပြန်ရောက်တဲ့အခါကျရင်တော့ ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။ Norishige Kanai အတွက်တော့ ဒီMission ဟာ ပထမဆုံးအာကာသ Mission မို့လို့ ဒီကိစ္စကို အထူးအဆန်းဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ရိုးလူ (အခရာ)

www.akhayar.com

Ref : BBC