ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်ခွင့်ရရှိခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း မထင်မှတ်လောက်အောင် ငွေသုံးကြမ်းနေပြီး ကစားသမားသစ်တွေကို ခပ်သွက်သွက် ခေါ်ယူနေပါတယ်။ ၁၉၈၂ ဥရောပဖလား(ချန်ပီယံလိဂ်)ကို ရယူခဲ့ဖူးတဲ့ အက်စတွန်ဗီလာအသင်းဟာ ၂၀၁၆ ခုနှစ်တုန်းက လိဂ်ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရပြီး (၃)ရာသီအကြာမှာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ်မှာ အက်စတွန်ဗီလာအသင်း အဆင့်(၅)နေရာရခဲ့လို့ Play Off ကစားခွင့်ရခဲ့ပြီး ဗိုလ်လုပွဲမှာ ဒါဘီကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်တန်းတက်ခွင့်တစ်နေရာ ရယူနိုင်ခဲ့တာကြောင့် သူတို့ရရှိခဲ့တဲ့ ၀င်ငွေပမာဏက အနည်းဆုံးယူရိုသန်း(၁၉၀)အထိရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရခဲ့တဲ့နောက် အက်စတွန်ဗီလာအသင်းဟာ ကြီးကြီးမားမား ပြင်ဆင်မှုတွေ လုပ်နေပြီး ၁၆-၇-၂၀၁၉ အထိ ကစားသမားသစ် (၈)ဦးအတွက် ပြောင်းရွှေ့ကြေး ယူရို(၉၃.၁)သန်းအထိ သုံးစွဲထားပြီးပါပြီ။ အက်စတွန်ဗီလာအသင်းက ၀က်စ်လေ Wesley (ယူရို ၂၅သန်း)၊ တိုင်ရွန်မင်းစ် Tyrone Mings (ယူရို ၂၂.၃သန်း)၊ တာဂတ် Matt Targett (ယူရို ၁၅.၆သန်း)၊ ကွန်ဆာ Ezri Konsa (ယူရို ၁၃.၃သန်း)၊ အယ်လ်ဂါဇီ Ahmed El Ghazi (ယူရို ၉ သန်း)၊ ဂျိုတာ Jota (ယူရို ၄.၅သန်း)၊ ကော့တ်နေးဟု့စ် Kortney Hause (ယူရို ၃.၄သန်း)တို့အတွက် ယူရို(၉၃.၁)သန်းအထိ အသုံးပြုခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ငွေသုံးအကြမ်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီး အသင်းဖြစ်တဲ့ မန်စီးတီးတောင် အက်စတွန်ဗီလာလောက် ငွေ မသုံးသေးဘဲ ၁၆-၇-၂၀၁၉ အထိ အသုံးစရိတ်က ယူရိုသန်း(၉၀)သာရှိသေးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်တန်းတက်ခွင့် ရခဲ့တဲ့ ဖူလ်ဟမ်အသင်းမှာ ကစားသမားသစ်တွေကို ယူရိုသန်း(၁၀၀)ကျော်အထိ အသုံးပြုပြီး ခေါ်ယူခဲ့ပေမယ့် အသင်းအတွက် အကျိုးမဖြစ်ခဲ့ဘဲ ရာသီကုန်မှာ တန်းဆင်းခဲ့ရတာကြောင့် အက်စတွန်ဗီလာအသင်းအနေဲ့ ဖူလ်ဟမ်လိုမျိုး မဖြစ်အောင် ဂရုစိုက်ရမှာဖြစ်ပါတယ်။

၁၆-၇-၂၀၁၉ အထိ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ငွေသုံးအများဆုံး အသင်းများ

1 Real Madrid (Spain): 303 million euros
2 Barcelona (Spain): 233 million euros
3 Atletico Madrid (Spain): 196.5 million euros
4 Borussia Dortmund (Germany): 127.5 million euros
5 Sevilla (Spain): 123.5 million euros
6 Bayern Munich (Germany): 118 million euros
7 Roma (Italy): 95 million euros
8 Aston Villa (England): 93.1 million euros
9 Manchester City (England): 90 million euros
10 Inter (Italy): 85.5 million euros

REF:Marca
Photo:Aston Villa FC Facebook
Naing Linn(Akhayar)
www.akhayar.com