[Zawgyi]

အနာဂတ္ မိုးပ်ံကားေတြရဲ႕ ျပယုဒ္တစ္ခုျဖစ္လာဦးမယ့္ Aston Martin ရဲ႕ Flying Taxi

အခုခ်ိန္မွာ Lamborghini နဲ႔ Ford တို႔လို ကားကုမၸဏီေတြက လွ်ပ္စစ္ကားဘက္ကို ပိုအားသန္ေနၾကတယ္ဆိုေပမယ့္ Aston Martin ကေတာ့ ကားအရမ္းၾကပ္တဲ့ေနရာမ်ိဳးေတြမွာ Flying Taxi ဝန္ေဆာင္မႈေပးသြားဖို႔ ျပင္ဆင္ေနပုံရပါတယ္။ မေန႔တစ္ေန႔က အဂၤလန္ႏိုင္ငံမွာ က်င္းပသြားခဲ့တဲ့ Farnboroughi Airshow မွာဆိုရင္လည္း Volante Vision လို႔ နာမည္ေပးထားတဲ့ မိုးပ်ံ Taxi Concept ကို ခ်ျပလိုက္ၿပီ ျဖစ္ပါတယ္။

Volante Vision Flying Concept

Aston Martin အဆိုအရ Volante Vision ကို ေဝဟင္ထဲ ပ်ံသန္းႏိုင္ေအာင္ လွ်ပ္စစ္စြမ္းအင္သုံး Hybrid Engine နဲ႔ ေထာက္ပံ့ထားမွာျဖစ္ၿပီး ေဒါင္လိုက္ အေနအထားအတိုင္း အဆင္း၊ အတက္လုပ္လို႔ရေအာင္ ပန္ကာသုံးလက္နဲ႔ တာဝန္ယူထားမွာျဖစ္ပါတယ္။ အဲ့ဒါအျပင္ Volante ကို လူ ၃ ေယာက္စီးလို႔ရေအာင္ ေလယာဥ္ဦးေခါင္းလို ပုံစံမ်ိဳး ဒီဇိုင္းဆြဲထားတာ ေတြ႕ရဦးမွာပါ။

Volante Vision Passenger Concept

ဒီလို Volante Vision နဲ႔ ေကာင္းကင္ထဲ ပ်ံဝဲတဲ့အခါ ျပင္ပအေျခအေနေတြသိရေအာင္လဲ Jet Fighter မွာသာ သုံးေလ့ရွိတဲ့ အရည္ေသြးျမင့္ Head-up Display နည္းပညာလည္း ထည့္သြင္းေပးထားမွာပါ။ ဒါေၾကာင့္ ဘယ္ေလာက္ အျမင့္ကိုေရာက္ေနတယ္၊ ျမန္ႏႈန္းဘယ္ေလာက္နဲ႔ သြားေနတယ္၊ ခရီးေရာက္ဖို႔ အကြာအေဝး ဘယ္ေလာက္လိုေသးတယ္ ဆိုတာေတြကို ခရီးသည္ေတြဟာ ဒီ Head-up Display ကေန သိေနရမွာပါ။

Volante Vision Head-up Display Concept

အခုလို Flying Taxi Concept ကို ဒီဇိုင္နာ Marek Reichman က ဖန္တီးထားတာျဖစ္ၿပီး DB11 ၊ Vantage တို႔လို Luxury ကားေတြရဲ႕ အေငြ႕အသက္ပါဝင္ေနမွာျဖစ္ပါတယ္။ ဒါ့အျပင္ Volante Vision ရဲ႕ ကိုယ္ထည္ကို မၾကာခင္ မိတ္ဆက္ေပးသြားဖြယ္ရွိေနတဲ့ Valkyrie လို ခဲပုပ္ေရာင္ ကိုယ္ထည္နဲ႔ ဖြဲ႕စည္းထားတာကို ျမင္ေတြ႕ရဦးမွာပါ။ Volante ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ ဘယ္ေလာက္ အေဝးဆုံး ပ်ံသန္းႏိုင္မလဲ၊ ဘယ္ေလာက္ႏႈန္းထာနဲ႔ ပ်ံသန္းႏိုင္တယ္ဆိုတာကို Aston Martin က ထုတ္ေဖာ္ေျပာဆိုထားျခင္းမရွိေသးပါဘူး။ လုံၿခဳံေရးအတြက္ Head-up Display လို နည္းပညာမ်ိဳး ေပါင္းစပ္ေပးထားတာကလည္း တိုးတက္လာတဲ့ Autonomus Technology ကို ေက်းဇူးတင္ရမွာပါ။ ဒါေပမယ့္လည္း StarWars ႐ုပ္ရွင္ထဲက X-wing Starfighter လို ပ်ံသန္းလို႔ရမယ့္ Volante Vision ကို အခုခ်ိန္မွာ ပိုက္ဆံခ်မ္းသာတဲ့ လူေတြပဲ စီးလို႔ရေသးတာက စိတ္မေကာင္းစရာပါ။

Volante Vision Concept

ဒီလိုမ်ိဳး ကန္႔သတ္ခ်က္ရွိေနတာျဖစ္တဲ့အတြက္ CEO “Andy Palmer” က “တစ္ေနရာနဲ႔ တစ္ေနရာ သြားလာရ ေဝးကြာအခ်ိန္ကုန္လွတဲ့ ဆင္ေျခဖုန္းလိုေနရာမ်ိဳးမွာ ေနထိုင္သူေတြအဖို႔ Volante Vision Concept က အကူအညီ တစ္ခုျဖစ္လာမွာပါ” လို႔ မိတ္ဆက္ပြဲမွာ ထည့္ေျပာထားပါတယ္။ လက္ရွိအခ်ိန္မွာ Aston Martin ရဲ႕ ၿပိဳင္ဘက္ျဖစ္တဲ့ Audi ကလည္း ဂ်ာမနီႏိုင္ငံထဲမွာ ေျပးဆြဲဖို႔ “Airbus” Flying Taxi Concept မၾကာေသးခင္က မိတ္ဆက္ထားသလို Uber ကလည္း လာမယ့္ ၂၀၂၀ မွာ ခရီးသည္ေတြကို Flying Taxi နဲ႔ ပို႔ေဆာင္သြားဖို႔ NASA အကူအညီနဲ႔ ျပင္ဆင္ေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ Aston Martin အေနနဲ႔ကေတာ့ Volante Vision ကို ဘယ္ကာလအတြင္းမွာ စတင္ေျပးဆြဲမလဲဆိုတာကို အတိအက် မေျပာထားေသးေပမယ့္ လာမယ့္ ၂၀၂၀ နဲ႔ ၂၀၃၀ ထဲမွာ စတင္ထုတ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

2B (Akhayar)

www.akhayar.com

Ref: Digital Trends

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အနာဂတ် မိုးပျံကားတွေရဲ့ ပြယုဒ်တစ်ခုဖြစ်လာဦးမယ့် Aston Martin ရဲ့ Flying Taxi

အခုချိန်မှာ Lamborghini နဲ့ Ford တို့လို ကားကုမ္ပဏီတွေက လျှပ်စစ်ကားဘက်ကို ပိုအားသန်နေကြတယ်ဆိုပေမယ့် Aston Martin ကတော့ ကားအရမ်းကြပ်တဲ့နေရာမျိုးတွေမှာ Flying Taxi ဝန်ဆောင်မှုပေးသွားဖို့ ပြင်ဆင်နေပုံရပါတယ်။ မနေ့တစ်နေ့က အင်္ဂလန်နိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ Farnboroughi Airshow မှာဆိုရင်လည်း Volante Vision လို့ နာမည်ပေးထားတဲ့ မိုးပျံ Taxi Concept ကို ချပြလိုက်ပြီ ဖြစ်ပါတယ်။

Volante Vision Flying Concept

Aston Martin အဆိုအရ Volante Vision ကို ဝေဟင်ထဲ ပျံသန်းနိုင်အောင် လျှပ်စစ်စွမ်းအင်သုံး Hybrid Engine နဲ့ ထောက်ပံ့ထားမှာဖြစ်ပြီး ဒေါင်လိုက် အနေအထားအတိုင်း အဆင်း၊ အတက်လုပ်လို့ရအောင် ပန်ကာသုံးလက်နဲ့ တာဝန်ယူထားမှာဖြစ်ပါတယ်။ အဲ့ဒါအပြင် Volante ကို လူ ၃ ယောက်စီးလို့ရအောင် လေယာဥ်ဦးခေါင်းလို ပုံစံမျိုး ဒီဇိုင်းဆွဲထားတာ တွေ့ရဦးမှာပါ။

Volante Vision Passenger Concept

ဒီလို Volante Vision နဲ့ ကောင်းကင်ထဲ ပျံဝဲတဲ့အခါ ပြင်ပအခြေအနေတွေသိရအောင်လဲ Jet Fighter မှာသာ သုံးလေ့ရှိတဲ့ အရည်သွေးမြင့် Head-up Display နည်းပညာလည်း ထည့်သွင်းပေးထားမှာပါ။ ဒါကြောင့် ဘယ်လောက် အမြင့်ကိုရောက်နေတယ်၊ မြန်နှုန်းဘယ်လောက်နဲ့ သွားနေတယ်၊ ခရီးရောက်ဖို့ အကွာအဝေး ဘယ်လောက်လိုသေးတယ် ဆိုတာတွေကို ခရီးသည်တွေဟာ ဒီ Head-up Display ကနေ သိနေရမှာပါ။

Volante Vision Head-up Display Concept

အခုလို Flying Taxi Concept ကို ဒီဇိုင်နာ Marek Reichman က ဖန်တီးထားတာဖြစ်ပြီး DB11 ၊ Vantage တို့လို Luxury ကားတွေရဲ့ အငွေ့အသက်ပါဝင်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် Volante Vision ရဲ့ ကိုယ်ထည်ကို မကြာခင် မိတ်ဆက်ပေးသွားဖွယ်ရှိနေတဲ့ Valkyrie လို ခဲပုပ်ရောင် ကိုယ်ထည်နဲ့ ဖွဲ့စည်းထားတာကို မြင်တွေ့ရဦးမှာပါ။ Volante ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဘယ်လောက် အဝေးဆုံး ပျံသန်းနိုင်မလဲ၊ ဘယ်လောက်နှုန်းထာနဲ့ ပျံသန်းနိုင်တယ်ဆိုတာကို Aston Martin က ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။ လုံခြုံရေးအတွက် Head-up Display လို နည်းပညာမျိုး ပေါင်းစပ်ပေးထားတာကလည်း တိုးတက်လာတဲ့ Autonomus Technology ကို ကျေးဇူးတင်ရမှာပါ။ ဒါပေမယ့်လည်း StarWars ရုပ်ရှင်ထဲက X-wing Starfighter လို ပျံသန်းလို့ရမယ့် Volante Vision ကို အခုချိန်မှာ ပိုက်ဆံချမ်းသာတဲ့ လူတွေပဲ စီးလို့ရသေးတာက စိတ်မကောင်းစရာပါ။

Volante Vision Concept

ဒီလိုမျိုး ကန့်သတ်ချက်ရှိနေတာဖြစ်တဲ့အတွက် CEO “Andy Palmer” က “တစ်နေရာနဲ့ တစ်နေရာ သွားလာရ ဝေးကွာအချိန်ကုန်လှတဲ့ ဆင်ခြေဖုန်းလိုနေရာမျိုးမှာ နေထိုင်သူတွေအဖို့ Volante Vision Concept က အကူအညီ တစ်ခုဖြစ်လာမှာပါ” လို့ မိတ်ဆက်ပွဲမှာ ထည့်ပြောထားပါတယ်။ လက်ရှိအချိန်မှာ Aston Martin ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Audi ကလည်း ဂျာမနီနိုင်ငံထဲမှာ ပြေးဆွဲဖို့ “Airbus” Flying Taxi Concept မကြာသေးခင်က မိတ်ဆက်ထားသလို Uber ကလည်း လာမယ့် ၂၀၂၀ မှာ ခရီးသည်တွေကို Flying Taxi နဲ့ ပို့ဆောင်သွားဖို့ NASA အကူအညီနဲ့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ Aston Martin အနေနဲ့ကတော့ Volante Vision ကို ဘယ်ကာလအတွင်းမှာ စတင်ပြေးဆွဲမလဲဆိုတာကို အတိအကျ မပြောထားသေးပေမယ့် လာမယ့် ၂၀၂၀ နဲ့ ၂၀၃၀ ထဲမှာ စတင်ထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

2B (Akhayar)

www.akhayar.com

Ref: Digital Trends

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။